ဝိတ်ကျဖို့အတွက် အာမခံပြီးဝိတ်ချပေးမယ်ဆိုတဲ့ထူးအောင်

ထူးအောင်ဟာ မိန်းကလေးတွေသဘောကျသော မော်ဒယ်တယောက်ဖြစ်သည့်အြပင် ယောကျာင်္း လေးများက အားကျတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပါသည်။သူ‌ပြောကြားထားတာတွေကတော့

လူအများစုကတော့ Gym ကိုသွားတယ်။ဆော့လည်းဆော့တယ် ၊မပြောင်းလဲတဲ့ လူတွေလည်း အများကြီးရှိတယ်။ မပြောင်းလဲတဲ့ အချိန်လည်း အများကြီးဟရှိတယ်။ အဲ့လိုတွေ မဖြစ်အောင်လို့ Gym ဆရာတွေနဲ့ သူနဲ့ ပူးပေါင်းပီး ဒီဆိုင်ကိုတည်ထောင်ဖြစ်တာပါလို့ ထူးအောင်က ပြောကြားခဲ့ပါတယ်။

သင်တန်းသား သင်တန်းသူတွေ အနေနဲ့ challenge တွေ ဘာတွေ ခေါ်မယ်၊ ဘယ်နှစ်လအတွင်း ပြောင်းလဲ ချင်တာလဲ၊ ၀တဲ့ လူတွေ ပိန်ချင်တာလား ၊ပိန်တဲ့ လူတွ ၀ချင်တာလား ၊ဘယ်နှစ်လ အတွင်းလဲ စသည်ဖြင့် မေးမြန်းကာ ပြောင်းလဲ ပေးချင်တာလို့ ပြောကြားခဲ့ပါတယ်။


ကျွန်တော်တို့ Gym မှာမှ မဟုတ်ဖူး Gym ကစားတယ်ဆိုတာက စိတ်ပျော်ရွင်မှုပါပဲ၊Gym ဆော့တာပဲဖြစ်ဖြစ် တခြားဘယ်အရာပဲဖြစ်ဖြစ် အလေ့အကျင့်တခုပါပဲ၊အလေ့အကျင့်ဖြစ်လာအောင်က အနည်းဆုံးတစ်ပတ် နှစ်ပတ်ကပဲ စတင်ရပါတယ်။ နှစ်ပတ်လောက် Gym ကို လာဖြစ်အောင်လာလိုက် ဆော့သည်ဖြစ်စေ၊ မဆော့သည်ဖြစ်စေ လာလိုက်၊ နောက်ပိုင်း မှန်သွားရင် လာဖြစ်သွားရော့၊အာ့ကတော့ Gymဆော့ရာမျာ ပထမ step ပါပဲ၊ နောက်အဆင့်တခုကတော့ ကိုယ်ရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲအောင်လုပ်ရမယ်၊ပြောင်းလဲအောင်လုပ်ဖို့ဆို ကိုယ့်စိတ်တွေကို Strong ဖြစ်အောင်လုပ်ရမယ်၊ အာာ့လို strong ဖြစ်လာတာနဲ့အညီ ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်မှာလဲ အောင်မြင်တိုးတက်လာတာလဲတွေ့ရပါတယ်လို့ ထူးအောင်က Gym စတင်ဆော့မည့် သူများကို အားပေးစကားပြောကြားခဲ့ပါတယ်။
#Credit —

 

Be the first to comment on "၀ိတ်ကျဖို့အတွက် အာမခံပြီးဝိတ်ချပေးမယ်ဆိုတဲ့ထူးအောင်"

Leave a comment

Your email address will not be published.


*