ဂရုစိုက်မှုတွေ မရရှိတော့လို့ စိတ်မကောင်းဖြစ်နေတဲ့ ရွှေမှုံရတီ

ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုလက်ရှိမှာတော့ သူမရဲ့ အိမ်ထောင်သည်ဘဝလေးကိုလဲ ပျော်ရွှင်ဖွယ်ရာကောင်းအောင် နေထိုင်နေပြီး အနုပညာလုပ်ငန်းတွေကိုလဲ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

 

ရွှေမှုံရတီက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးပေးနေရင်း အနုပညာလုပ်ငန်းတွေကို အားတက်သရော ကြိုးစားလုပ်ကိုင်နေတာကို တွေ့ရှိရပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ရွှေမှုံရတီက သူမရဲ့ဖေ့စ်ဘုတ်မှာ “သူစိတ်မပူတော့တဲ့အခါ” ဆိုတဲ့ စာသားလေးကို တင်ထားခဲ့ပါတယ်။ ရွှေမှုံရတီတစ်ယောက် ဘယ်သူ့ကိုများ စိတ်ကောက်နေတာလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ရွှေမှုံရတီတစ်ယောက် ရွှေထူးဆီက စိတ်ပူမှုတွေ ခဏတဖြုတ်မရရှိတာနဲ့ မိန်းကလေးပီပီ စိတ်မကောင်းဖြစ်နေတာလားဆိုတာလားဆိုတာတော့ စဉ်းစားစရာပါပဲ။ ရွှေထူးကတော့ သူ့ရဲ့ဇနီးလေးကို စိတ်ကျေနပ်အောင် အမြဲထားတတ်သူမို့ ရွှေမှုံလေးက စိတ်ကောက်လည်း ရအောင်ချော့မှာ သေချာပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အခုဆိုရင် အိမ်ထောင်သက်တမ်း (၆) လကြာရှိသွားပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံလေးလည်း အခုဆိုရင် ရွှေထူးကို စိတ်ကောက်ပြေလောက်ပြီ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit

Source : momolay

Be the first to comment on "ဂရုစိုက်မှုတွေ မရရှိတော့လို့ စိတ်မကောင်းဖြစ်နေတဲ့ ရွှေမှုံရတီ"

Leave a comment

Your email address will not be published.


*