တလုံးကို ၁ သောင်းခွဲပေးရတဲ့ ထူးခြားတဲ့ ဗယက်နမ် သရက်သီး

တလုံးကို ၁ သောင်းခွဲပေးရတဲ့ ထူးခြားတဲ့ ဗယက်နမ် သရက်သီး

မနေ့က အင်္ဂလန်ကို ဗယက်နမ်ကလာတဲ့ သရက်သီးကလေးပြပြီး တလုံးကို ၁ သောင်းခွဲပေးရပြီးတော့ တကီလိုက ၂ သောင်းတန်တယ်လို့ ပြောပြလိုက်တော့ မြန်မာပြည်ကလူတွေက ဈေးကြီးလိုက်တာဆိုပြီး အံသြကြတယ်လေ။

မြန်မာပြည်မှာလဲ ဒီစိမ်းစားသီးမျိုး ရှိမရှိတော့ မပြောတတ်ပါဘူး ဒါပေမယ့် ဒီသရက်သီးရဲ့ ထူးခြားချက်က အစေ့မပါသလောက် ပါးပါးလေးပဲ ပါတာပါ။

အရသာကတော့ သရက်ကင်းလေးတွေရဲ့ အရသာနှင့်တူပြီး ၁၂ ရာသီ အင်္ဂလန်မှာ ရတယ်လေ။ ၁ ပါတ် တလေပဲ ပြတ်တယ်ပေါ့။

ဒို့မြန်မာပြည်မှာ နေရာဒေသမရွေး သရက်သီးစိုက်လို့ အလွန်ကောင်းတဲ့ဒေသဖြစ်ပြီး မျိုးကောင်းမျိုးသန့်တွေကို ခေတ်မှီနည်းစနစ်တွေနဲ့စိုက်ပျိုးပြီးတော့ နိုင်ငံခြားကိုတင်ပို့နိုင်ရင် အလွန်ကောင်းမှာပဲလို့ တွေးမိတယ်။

Upload by U Naing Win

Written by 

Leave a Reply

Your email address will not be published. Required fields are marked *