ပေါ့ဘာ ရီးရဲရောက်ရှိနိုင်ရန် ကူညီပေးနေတဲ့ ဒက်ချမ့်

ပြင်သစ်နည်းပြ ဒက်ချမ့်တစ်ယောက်ကတော့ ပေါ့ဘာအနေနဲ့ နွေရာသီမှာ ရီးရဲမက်ဒရစ်ကို ရောက်ရှိဖို့အတွက် အကူအညီတစ်ခုဖြစ်သွားနိုင်ပါတယ်။ နည်းပြဒက်ချမ့်က ယူရို ၂၀၂၀ ဝင်ခွင့်ပွဲစဉ်တွေအတွက် ပေါ့ဘာကို ရွေးချယ်သွားခဲ့ပြီးနောက် ဘာနေဗျူးအပြောင်းအရွေ့က ပိုမိုလှုပ်ခတ်လာပါတယ်။ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းက၊ ပေါလ်ပေါ့ဘာ ရဲ့ပရိသတ်တစ်ဉီးဖြစ်ပြီး၊ ပေါ့ဘာအနေနဲ့ကလည်း မက်ဒရစ်အိမ်မက်တွေ ရှိကြောင်းပြောကြားခဲ့ဘူးပါတယ်။

 


နည်းပြဆိုးရှားလက်ထက်မှာ ပုံစံကောင်းရရှိဖို့ ခက်ခဲခဲ့ပြီး ၊ အသင်းရဲ့ကစားဖေါ်တွေကြောင့်လည်း ပေါ့ဘာအနေနဲ့ ရုန်းကန်ထားခဲ့ရပါတယ်။ နည်းပြ ဒက်ချမ့်တော့ ပေါ့ဘာကို အလွန်သဘောကျပြီး၊ အကောင်းဆုံးကွင်းလယ်လူ တစ်ဉီးဖြစ်ကြောင်းဆိုခဲ့ပါတယ်။ အသင်းရဲ့လူစားရင်းမှာ ပေါ့ဘာပါဝင်လာခဲ့ပေမယ့်၊ အခြားခြေစွမ်းပြနေခဲ့တဲ့ ကစားသမားတွေတော့ မပါဝင်ခဲ့ပါဘူး။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်၊ မန်စီးတီးခံစစ်မှူး လာပေါ်တေးနဲ့ မန်ချက်စတာ ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီ မာရှယ်တို့ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။

လာကာဇက်အနေနဲ့ ကတော့ ချယ်လ်ဆီးအသင်းနဲ့ ယူရိုပါလိဒ် ဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင် ကစားရဖို့ရှိနေပြီး၊ ပြင်သစ်အသင်းကတော့ ၃ ရက်အကြာမှာ ဘိုလီးဗီးယား အသင်းနဲ့ ခြေစွမ်းပွဲယှဉ်ပြိုင်ကစားဖို့ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာကာဇက်တီက ယခုရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ ၁၉ ဂိုးသွင်းယူပြီး အကောင်းဆုံးခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။

Be the first to comment on "ပေါ့ဘာ ရီးရဲရောက်ရှိနိုင်ရန် ကူညီပေးနေတဲ့ ဒက်ချမ့်"

Leave a comment

Your email address will not be published.


*