ဒေါ့မွန်အသင်းကို ၅ နှစ်စာချုပ်နဲ့ ရောက်ရှိသွားပြီဖြစ်တဲ့ သော်ဂန်ဟာဇက်

ဘွန်ဒက်လီဂါ ရာသီပြီးဆုံးသွားချိန်မှာတော့ ဒေါ့မွန်အသင်းက မိုချန်ဂလာဘတ်တောင်ပံကစားသမား သော်ဂန်ဟာဇက်ကို ၅ နှစ်စာချုပ်ဖြင့် တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဘယ်ဂျီယံစတား ကတော့ ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံးတောင်ပံကစားသမား တစ်ဉီးဖြစ်ပြီး၊ အေဒင်ဟာဇက်ရဲ့ ညီငယ်လေးလည်းဖြစ်ပါတယ်။ သော်ဂန်ဟာဇက်နဲ့ ပတ်သတ်ပြီးတော့ စိတ်ဝင်စားစရာအချက် ၅ ချက်ကို ဖေါ်ပြလိုက်ပါတယ်။


၁။ သော်ဂန် ကတော့ ဘောလုံးမျိုးရိုးက ဆင်းသက်လာတဲ့သူ တစ်ဉီးလည်းဖြစ်ပါတယ်။ သော်ဂန်ဟာဇက်မှာတော့ နာမည်ကျော်ဘောလုံးသမား နှစ်ဉီးဖြစ်တဲ့ အီဒင်ဟာဇက်နဲ့ ကိုင်လီယန် ဟာဇက်တို့ဖြစ်ပါတယ်။ အီဒင်ကတော့ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဒ်မှာခြေစွမ်းပြသနေပြီး၊ ကိုင်လီယန် ကတော့ ဆက်ဘရုအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဉီးဖြစ်ပါတယ်။ သူတို့ရဲ့ ဖခင်ဖြစ်သူကလည်း ဘယ်ဂျီယံနိုင်ငံကလပ်မှာကစားခဲ့ဖူးပြီး၊ ကွင်းလယ်အဖျက်ကစားသမားတစ်ဉီးဖြစ်ပါတယ်။ သူတို့ရဲ့ မိခင်ဖြစ်သူကတော့ အမျိုးသမီးပထမဆုံးပြိုင်ပွဲမှာ ပါဝင်ကစားထားတဲ့ တိုက်စစ်မှူးတစ်ဉီးလည်းဖြစ်ပါတယ်။
၂။ သူတို့ညီကိုနှစ်ယောက်ဖြစ်တဲ့ သော်ဂန်နဲ့ အီဒင်ကတော့ ဂိုးသွင်းယူတာနဲ့ပတ်သက်ပြီး လောင်းကြေးတစ်ခုပြုလုပ်ထားကြပါတယ်။ ဘောလုံးရာသီတစ်ခုမှာ ၊ သွင်းဂိုးနည်းတဲ့သူက အခြားတစ်ယောက်ကို Dinner ဖိတ်ကျွေးရတာပဲဖြစ်ပါတယ်။ သူတို့မိသားစုတစ်ခုလုံးလည်း ပါဝင်တာကြောင့် အရမ်းကိုပျော်ရွှင်စရာကောင်းပါတယ်။


၃။ သော်ဂန် ကတော့ အသက် ၂၀ အရွယ်မှာပဲ နိုင်ငံလက်ရွေးစင်အဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ သော်ဂန်အနေနဲ့ နိုင်ငံအသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့်လည်း စီနီယာကစားသမားတွေဖြစ်တဲ့ ၊ အီဒင်ဟာဇက်၊ ကီဗင်ဒီဗရိုင်းနဲ့ ရိုမီရို လူကာကူတို့ကို တော့ မကျော်လွှားနိုင်တာကြောင့် ၊ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာတော့ ပါဝင်ခွင့်မရရှိခဲ့ပါဘူး။


၎။ သော်ဂန်ဟာဇက်ဟာ နေရာနှစ်မျိုးမှာ ကစားနိုင်တဲ့ သူတစ်ဉီးလည်းဖြစ်ပါတယ်။ ဘယ်တောင်ပံမှာသာမက ၊ ရှေ့တန်းတိုက်စစ်မှာလည်း ကစားနိုင်တဲသူပါ။ သော်ဂန်ဟာဇက်ဟာ ဂလာဘတ်အသင်းရဲ့ သွင်းဂိုးအများစုမှာ ပါဝင်ပတ်သက်ထားပြီး၊ တိုက်စစ်ကစားသမားတွေကို ထောက်ပံ့ရာမှာ အထူးကျွမ်းကျင်ပါတယ်။ ဒီရာသီ ဂလာဘတ်အသင်းရဲ့ သွင်းဂိုး ၃၇ ဂိုးမှာတိုက်ရိုက်ပါဝင်ပတ်သက်ထားတဲ့အထိကို ခြေစွမ်းကောင်းမွန်ပါတယ်။


၅။ သော်ဂန်ဟာဇက်ဟာ၊ အကိုဖြစ်သူရဲ့ အရှိန်အဝါနဲ့ တောက်ပလာခဲ့သူမဟုတ်ပဲ၊ ဥရောပမှာ မိမိနာမည်ကို ကိုယ်တိုင်စိုက်ထူထားနိုင်တဲ့ကစားသမားတစ်ဉီးဖြစ်ပါတယ်။

Be the first to comment on "ဒေါ့မွန်အသင်းကို ၅ နှစ်စာချုပ်နဲ့ ရောက်ရှိသွားပြီဖြစ်တဲ့ သော်ဂန်ဟာဇက်"

Leave a comment

Your email address will not be published.


*