ယူနိုက်တက်တို့အတွက် ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ၄၈ နာရီအတွင်း အပြီးသတ်သွားမဲ့ Sean Longstaff ရဲ့ အပြောင်းအရွေ့

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၊ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစား Sean Longstaff ရဲ့အပြောင်းအရွေ့ကို လာမဲ့ ၄၈ နာရီအတွင်း အပြီးသတ်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ၂၁ နှစ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမားကတော့၊ ယခုရာသီမှာ ၁၂ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပေမယ့်၊ ယူနိုက်တက်တို့က အလိုရှိနေတာပဲဖြစ်ပါတယ်။

ဆိုးရှားအနေနဲ့ကတော့ အပြောင်းအရွေ့ကာလမှာ၊ နာမည်ကြီးကစားသမားတွေကို ဝယ်ယူဖို့အစီအစဉ်မရှိပဲ၊ ငယ်ရွယ်ပြီး၊ အောင်မြင်မှုကို ဆာလောင်နေတဲ့ ကစားသမားတွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ချင်နေတာဖြစ်ပါတယ်။

နိုက်တက်တို့အနေနဲ့ ၊ အင်္ဂလန်လူငယ်ကစားသမားဟာ ခြေစွမ်းကောင်းမွန်ပြီး နောက်နှစ်တွေမှာ နိုင်ငံလက်ရွေးစင်အဖြစ်နဲ့ပါ တောက်ပလာမယ်လို့ ယုံကြည်နေတာပဲဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ကတော့ Longstaff ကိုဆက်လက်ထိန်းထားလိုပေမယ့်လည်း၊ ကစားသမားကိုယ်တိုင်ကတော့ အိုးထရက်ဖို့ကို ပြောင်းရွေ့ချင်နေတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ နည်းပြ ဘင်နီတက်အနေနဲ့ လည်း အသင်းမှဆက်ရှိနေဖို့ မသေချာသေးတာကြောင့် အပြောင်းအရွေ့ ဖြစ်ဖို့များနေပါတယ်။

နည်းပြဆိုးရှားအနေနဲ့ ယခုရာသီမှာ ကစားသမားသစ် ၅ ဉီးခန့်ခေါ်ယူချင်နေတာဖြစ်ပြီး၊ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းကတော့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ရိုက် ၊ ဘစ်ဆာကာ ၊ လောင်းစတက်တို့ကို ခေါ်ယူလိုနေတာကြောင့် အပြောင်းအရွေ့ကတော့ မြန်မြန်ဖြစ်လာဖို့ရှိနေပါတယ်။

Long Staff Skill Video.

@ko Kyaw

Be the first to comment on "ယူနိုက်တက်တို့အတွက် ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ၄၈ နာရီအတွင်း အပြီးသတ်သွားမဲ့ Sean Longstaff ရဲ့ အပြောင်းအရွေ့"

Leave a comment

Your email address will not be published.


*