ကစားသမားအလဲအထပ်အတွက် ရက်ပိုင်းအတွင်းတွေ့ဆုံသွားမဲ့ ယူနိုက်တက်နဲ့ အင်တာမီလန်

မန်ချက်စတာယူနိုက်တက် အမှုဆောင်ချုပ် အက်ဝုစ် အနေနဲ့ နောက်ရက်အနည်းငယ်အတွင်းမှာ ၊ အင်တာမီလန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိနေကြောင်းသိရပါတယ်။ အင်တာမီလန်အသင်းရဲ့ CEO နဲ့တွေ့ဆုံပြီးနောက် တိုက်စစ်မှူးလူကာကူရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ကလည်း၊ တိုက်စစ်မှူးလူကာကူကို စိတ်ဝင်စားလျက်ရှိနေပြီး၊ သန်း ၇၀ ခန့် ပေးချေသွားဖို့ရှိနေပါတယ်။


အင်တာမီလန်အသင်းအနေနဲ့ ၊ ယခုအပြောင်းအရွေ့မှာ တခြားသောတစ်ခုအဖြစ် ကစားသမားချင်းလဲလှယ်ချင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ အစောပိုင်းတည်းက စိတ်ဝင်စားနေတဲ့ တောင်ပံကစားသမား ပါရီဆစ်နဲ့ အလဲအထပ်ပြုလုပ်ချင်နေတာဖြစ်ပါတယ်။ ပါရီဆစ်အတွက်ဈေးနှုန်အနေနဲ့ သန်း ၃၀၊၃၅ ခန့်ခန့်မှန်းထားပြီး၊ ရိုမီရို လူကာကူအတွက် နောက်ထပ် သန်း ၃၀ ခန့်နဲ့ ခေါ်ယူလိုနေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းအတွက် လူကာကူက အပြောင်းအရွေ့ထိပ်ဆုံးမှာပါဝင်နေပြီး၊ ခေါ်ယူဖြစ်ပါက မန်ချက်စတာယူနိုက်တက်အသင်းအတွက် နှစ်စဉ် ယူရို ၇.၅ သန်း အပိုဆုကြေးပါ ထည့်သွင်းပေးထားမယ်လို့သိရပါတယ်။


လူကာကူကတော့ ယခုရာသီယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေမပြသနိုင်ပေမယ့်လည်း၊ အင်တာမီလန်အသင်းဘက်ကတော့ ချန်ပီယံလိဒ်ဝင်ခွင့်ရရှိခဲ့မယ်ဆိုရင် အရခေါ်ယူသွားဖို့ရှိနေပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးရှားကတော့ သူ့ရဲ့တိုက်စစ်မှူးကိုရောင်းချဖို့ကိစ္စမှာ မကျေနပ်တာမျိုးမရှိပေမယ့်လည်း၊ ပါရီဆစ်အတွက်ကတော့ ဘယ်နေရာမှာ အသုံးဝင်မလဲဆိုတာ မသိသေးတာကြောင့်လည်း ကျန့်ကြာနေတာလည်းဖြစ်ပါတယ်။ ဆိုးရှားအနေနဲ့ကတော့ တောင်ပံကစားသမားလိုအပ်ချက်ရှိနေပေမယ့်လည်း၊ လူငယ်ကစားသမားတွေသာ အလိုရှိနေတာကြောင့် အသက် ၃၀ အရွယ် ပါရီဆစ်အတွက် နေရာရနိုင်ဖို့ မဖြစ်နိုင်ပါဘူး။

@ ko kyaw

Be the first to comment on "ကစားသမားအလဲအထပ်အတွက် ရက်ပိုင်းအတွင်းတွေ့ဆုံသွားမဲ့ ယူနိုက်တက်နဲ့ အင်တာမီလန်"

Leave a comment

Your email address will not be published.


*