ဒီဂီယာ နဲ့ အီဒါဆန် နောက်မှာသာရှိနေသေးတဲ့ အလီဆင် ဘက်ကာ

လီဗာပူး အသင်းရဲ့ဂိုးသမား ဘက်ကာ အနေနဲ့ ယခုနှစ်ရာသီမှာ အကောင်းမွန်ဆုံးလက်စွမ်းတွေ
ပြသနိုင်ခဲ့ပြီး ချီးကျူးမှုတွေရရှိထားပေမယ့်၊ ပရီးမီးယားလိဒ် အားပေးသူတွေအနေနဲ့ကတော့ ဒေးဗစ်ဒီဂီယာနဲ့ အီဒါဆန် တို့ရဲ့နောက်မှာသာ ရှိနေသေးကြောင်းယူဆထားကြပါတယ်။

ဘက်ကာအနေနဲ့ကတော့ ယခုအချိန်မှာ ၊ စပါးအသင်းနဲ့ ချန်ပီယံလိဒ် ဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဘရာဇီးသားအနေနဲ့ ကတော့ ၊ ပြီးခဲ့တဲ့နှစ်နွေရာသီက ရိုးမားအသင်းကနေ ၆၅ သန်းနဲ့ပြောင်းရွေ့ရောက်ရှိလာပြီး၊ ရွှေလက်အိတ်ဆု နဲ့ ၂၁ ပွဲ clean sheet ရရှိခဲ့ပါတယ်။


အာဆင်နယ်၊ကျူပီအာ၊မန်စီးတီးနဲ့ အင်္ဂလန်ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမန်းကတော့ ၊ အလီဆင် ဘက်ကာအနေနဲ့ ၊ ဒီဂီယာနဲ့ အီဒါဆင်တို့ထက် သာလွန်သွားနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ ဆီးမန်းက “ ဒီဂီယာအနေနဲ့ ယခုရာသီမှာ အမှားတွေပြုလုပ်ထားခဲ့ပါတယ်၊ ဒါပေမယ့်လည်း သူကပရီးမီးယားလိဒ်ရဲ့ အကောင်းဆုံးဂိုးသမားတစ်ဉီးဖြစ်နေဆဲပါ၊ အီဒါဆန်ကလည်း ဒီရာသီမှာ အရမ်းကောင်းမွန်ခဲ့တယ်။ ”
“ဘက်ကာကလည်း ကောင်းမွန်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီဂီယာ ကိုတော့ မကျော်နိုင်သေးပါဘူးလို့” ပြောကြားခဲ့ပါတယ်။

@Ko Kyaw

Be the first to comment on "ဒီဂီယာ နဲ့ အီဒါဆန် နောက်မှာသာရှိနေသေးတဲ့ အလီဆင် ဘက်ကာ"

Leave a comment

Your email address will not be published.


*