ပေါင်သန်း(၇၀) တန် ကီပါရဲ့ မှော်ဝင်လက်စွမ်းနဲ့ ဒုတိယ အကြိမ် ယူရိုပါလိစ်ဖိုင်နယ် တက်ရောက်သွားခဲ့တဲ့ ချယ်လ်ဆီး

ယနေ့ နံနက်ခင်း ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ UEFA Europa League ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာတော့ အင်္ဂလန် ကိုယ်စားပြု ချယ်လ်ဆီး အသင်းဟာ သူတို့ရဲ့ အိမ်ကွင်း စတန်းဖို့ဘရစ်မှာတော့ ဂိုးသမား ကီပါရဲ့ ပင်နယ်တီ လက်စွမ်းပြကာကွယ်မှုနဲ့အတူ ၁၀ ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ကစားမဲ့ UEFA Europa League ဖိုင်နယ်ဆီကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့ပွဲအတွက်တော့ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းဟာ အနည်းငယ်မေးခွန်းထုတ်ချင်စရာကောင်းလှပါတယ်။ အထူးသဖြင့် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အီဒင်ဟာဇက်၊ ဝီလီယံ၊ ဂျီရူးတို့ရဲ့ခြေစွမ်းဟာ နိုင်လိုစိတ်အနည်းငယ်သာ တွေ့ရသလိုပါပဲ။ နောက်တန်းကစားသမားတွေရဲ့ တာဝန်ကျေပွန်မှုကတော့ ချီးကျူးချင်စရာပါ။ပွဲချိန်အတွင်း ပွဲကိုစိုးမိုးထားနိုင်ရမဲ့အစား ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကိုခွင့်ပြုပေးရတာကြောင့်လည်း ပင်နယ်တီ အနေအထားထိရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဖရန့်ဖတ်အသင်းအနေနဲ့ကတော့ ချယ်လ်ဆီး အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်းလုံး မရှုံးနိမ့်ခဲ့ဘူးဆိုတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။အသင်းရဲ့ တိုက်စစ်ကစားသမားတွေနဲ့ ခံစစ်ကစားသမားတွေရဲ့ ဟန်ချက်ညီညီ ကစားသွားနိုင်မှုကတော့ ရသမြောက်စေခဲ့ပါတယ်။အချိန်ပို ကစားချိန်တွေအထိ ပွဲအပေါ်အာရုံစူးစိုက်မှု မပျက်ခဲ့ဘဲ ကစားနိုင်ခဲ့ပြီး ပြိုင်ဘက် ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့်သာ လက်ပြနှုတ်ဆက်ခဲ့ရခြင်းဖြစ်ပါတယ်။

Final Stadium
29-5-2019

ချယ်လ်ဆီး အသင်းဟာ မေလ ၂၉ ရက်နေ့မှာတော့ အဇာဘိုင်ဂျန် အိုလံပစ် ကွင်းကြီးထဲမှာဒုတိယ အကြိမ်မြောက် All English Final နဲ့ ပထမဆုံး အကြိမ်အဖြစ် မြို့ခံပြိုင်ဘက် အသင်းနှစ်သင်းအဖြစ် မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံရမှာဖြစ်ပါတယ်။
ဟိုက်လိုက်ကြည့်ရန် /////  Link /////https://highlightsfootball.com › Europa League

 

Written by 

Leave a Reply

Your email address will not be published. Required fields are marked *