အာဂ်င်​တီးနား ရဲ့ ဂြိုလ်​သား တစ်​​ကောင်​နဲ့​တော့ ဘာ​တြေဆက်ျဖစ်​လာအုံးမွာလဲ…?

ကိုပါအမေရိက ကစားမယ့် အာဂျင်တီးနားကို ဦးဆောင်လာတော့မယ့် လီယွန်နယ်မက်ဆီ

 

ဒီနှစ်ဘောလုံးရာသီမှာ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားပြီး ပြိုင်ပွဲစုံဂိုး ၅၀ သွင်းယူပေးခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူး မက်ဆီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ၃၆ ဂိုးသွင်းနိုင်ခဲ့လို့ လာလီဂါဂိုးသွင်းအများဆုံး ပီချီချီဆုကို စံချိန်တင်ခြောက်နှစ် ရရှိသူဖြစ်လာပါတယ်။ သူဟာ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း ရဖို့သေချာနေပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် အောင်မြင်မှုများစွာ ဆွတ်ခူးထားပေမယ့် အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ကံမကောင်းဘူးဖြစ်နေပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းဟာ ဘရာဇီးနိုင်ငံမှာကျင်းပမယ့် ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲ ပါဝင်ကစားမှာ ဖြစ်ပါတယ်။

 

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဟာ ကိုပါအမေရိကပြိုင်ပွဲဝင်မယ့် ၂၃ ဦး ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ အဓိကတိုက်စစ်မှူး မက်ဆီ အဓိကဦးဆောင် ပါဝင်လာပါတယ်။ မက်ဆီဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းကို ဦးဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တဲ့အပြင် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ မက်ဆီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြီးနောက် လက်ရွေးစင်အသင်းနဲ့ ၉ လ အဆက်အသွယ်ပြတ်ခဲ့ပါတယ်။

 

မက်ဆီဟာ ပွဲဆက်ပြတ်ပြီးနောက် ၂၀၁၉ မတ်လက ဗင်နီဇွဲလားနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပထမဆုံးပြန်လည်ပါဝင်ခဲ့ပြီး ရှုံးပွဲကြုံခဲ့လို့ သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ အာဂျင်တီးနားနည်းပြ စကာလိုနီဟာ ကိုပါအမေရိကပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် မက်ဆီကို အားပြုကစားမှာပါ။ အာဂျင်တီးနားလူစာရင်းမှာ အဂူရိုလည်း ပါဝင်ခဲ့ပါတယ်။ အဂူရိုဟာ ကမ္ဘာ့ဖလားပြီးနောက် လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်ခဲ့တာပါ။ အသင်းလူစာရင်းမှာ အင်တာမီလန်တိုက်စစ်မှူး အီကာဒီ ပါဝင်ခဲ့ခြင်းမရှိဘဲ ဒိုင်ဘာလာ ပါဝင်ခဲ့ပါတယ်။ အီကာဒီ မပါဝင်ခဲ့တာကလွဲရင် အာဂျင်တီးနားအသင်းမှာ အဓိက ကစားသမားတွေ စုံလင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဟာ ၂၃ ဦး ကစားသမားစာရင်းမှာ ပြည်တွင်းအခြေစိုက်ကစားသမား၇ ဦးကို ရွေးချယ်ထားပါတယ်။

အာဂျင်တီးနားတိုက်စစ်မှာ ရေးဗားပလိတ်က ဆွာရက်ဇ်လည်း ပါဝင်ခဲ့ပါတယ်။ အာဂျင်တီးနားဟာဟာ လာမယ့်မေ ၂၇ ရက်ကြရင် လေ့ကျင့်ခန်းတွေ စတင်မှာဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ကိုပါအမေရိက ချန်ပီယံဆုနဲ့ ဝေးကွာနေပါတယ်။ အာဂျင်တီးနားဟာ ဒီနှစ် ကိုပါအမေရိကအုပ်စုမှာ ကိုလံဘီယာ ပါရာဂွေး ကာတာတို့နဲ့ တစ်အုပ်စုတည်း ပါဝင်နေပါတယ်။ အာဂျင်တီးနားဟာ ကိုပါအမေရိက ပြိုင်ပွဲအဖွင့်ပွဲအဖြစ် ဇွန် ၁၅ ရက်မှာ ကိုလံဘီယာနဲ့ ကစားရမှာဖြစ်ပါတယ်။ သူရွေးထားတဲ့ကစားသမား ၂၃ ဦးဟာ အာဂျင်တီးနားရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်ကြောင်း နည်းပြ စကာလိုနီကပြောပါတယ်။

#credit

Be the first to comment on "အာဂ်င်​တီးနား ရဲ့ ဂြိုလ်​သား တစ်​​ကောင်​နဲ့​တော့ ဘာ​တြေဆက်ျဖစ်​လာအုံးမွာလဲ…?"

Leave a comment

Your email address will not be published.


*