တမူးထူးပီး အထာတွေအရမ်းကျနေတဲ့ ငွေမှုံ လေး 😍

ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ ညီအမနှစ်ယောက်ကတော့ မတူညီတဲ့ အလှတရားကိုယ်စီကို ပိုင်ဆိုင်ထားသူလေးတွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ငွေမှုံရတီက အစ်မဖြစ်သူ ရွှေမှုံရတီ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို အလန်းစားဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူမရဲ့အရပ်မြင့်မြင့်ကြီးနဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်ကို အထာကျကျဝတ်ဆင်ခဲ့တဲ့ ငွေမှုံရဲ့ပုံရိပ်တွေကတော့ တကယ့် နိုင်ငံခြားမင်းသမီး တစ်ဦးနှယ်ပါပဲနော်။

ငွေမှုံရတီကတော့ “Don’t change 😉be yourself 💛💖💝 ” ဆိုပြီး “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

ငွေမှုံရတီကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ခပ်ကြဲကြဲလုပ်ဖြစ်နေပြီး သူငယ်ချင်းတွေနဲ့ ခရီးတွေလည်း ဆက်တိုက်ထွက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ငွေမှုံလေးကိုတော့ ပရိသတ်တွေကလည်း ပိုပိုပြီး ချစ်ပေးနေကြတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းတွေဂေါ်နေတဲ့ ငွေမှုံရတီရဲ့ပုံရိပ်လေးကို သဘောကျရင် Share သွားကြဖို့မမေ့ပါနဲ့နော်။

Crd

Internet red carpet show

Be the first to comment on "တမူးထူးပီး အထာတွေအရမ်းကျနေတဲ့ ငွေမှုံ လေး 😍"

Leave a comment

Your email address will not be published.


*