ဆေးရုံမှ ပြန်တဲ့တက္ကစီကားပေါ်တွင် ကလေးကျန်ခဲ့တဲ့ လင်မယားနှစ်ယောက်

ဆေးရုံမှအိမ်အပြန်လမ်းတွင် သူတို့ရဲ့ မွေးခါစ ကလေး တက္ကစီပေါ်တွင် မေ့ကျန်ခဲ့သည့် အသက်ငယ်ငယ် လင်မယားနှစ်ယောက်အကြောင်းကိုHauburg မြို့မှ ရဲတစ်ယောက်က ဟာသအဖြစ်အပျက်အနေဖြင့် facebook ပေါ်တွင် သတင်းမျှဝေခဲ့ပါသည်။

ထို့ facebook ပေါ်တွင်တင်ခဲ့သော သတင်းအရ သတိမေ့တတ်သော လင်မယားနှစ်ယောက်ဟာ Hauburg ဆေးရုံတွင် သူတို့၏ ဒုတိယမြောက်ကလေးကို မွေးဖွားခဲ့ပြီး သူတို့အိမ်ကိုပြန်သည့်အချိန်မှာ မိသားစုလေးယောက် ဖြစ်ပြီဖြစ်တဲ့အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့ပါသည်။ထိုသို့ စိတ်လှုပ်ရှားနေသည့်အတွက် ကားပေါ်တွင်သူတို့ရဲ့မွေးခါစ ကလေး ကို တက္ကစီ ဆရာကိုမိတ်ဆက်ပေးခဲ့ပြီး တက်စ်စီမှ ဆင်းသောအခါကို ထိုကလေးကို ယူရန်မေ့နေခဲ့ပါသည်။သူတို့သည် သူတို့ရဲ့ အသက်တစ်နှစ်လောက်ရှိပြီဖြစ်သော ကျန်ခဲ့တဲ့ကလေးရဲ့ အကို ကိုတော့ ကားပေါ်မှ ခေါ်သွားပြီးကားခဲ့ပေးခါ တက္ကစီကားသမားကို နှုတ်ဆက်ခဲ့ပါသည်။ထို တက္ကစီ ကားသမား ထွက်သွားတဲ့အခါ သူတို့ တခုခု ကျန်ခဲ့တယ်လို့ ခံစားခဲ့ရပြီး ထိုကျန်ခဲ့တဲ့အရာမျာ သူတို့ရဲ့ မွေးခါစ ကလေးဖြစ်တယ်လို့ သတိရသွားပါတယ်။


ကလေးရဲ့အဖေဟာ ထို တက္ကစီနောက်သို့ ပြေးလိုက်မည့်အစား ထို တက္ကစီ ရပ်ရန်သာ အချက်ပြခဲ့ပါတယ်။သို့သော် ထို ကားမှာ မောင်းထွက်သွားခဲ့အတွက် ရဲကို အကြောင်းကြားခဲ့ပါတယ်။ထို တက္ကစီဆရာက ခရီးသည် တင်နောက်ခုံတွင် ဘာကျန်ခဲ့သလဲဆိုတာ သတိမထားခဲ့မိသည့်အတွက် သူ့ကားကို မြေအောက်ကားရပ်သည့်နေရာတွင် ရပ်ထားခဲ့ပြီး နေ့လည်စာသွားစားနေခဲ့ပါသည်။ထို့အတွက်ကြောင့် ရဲတွေက မြို့အနှံ ထိုတက္ကစီကားကို လိုက်လံရှာဖွေခဲ့ရပါသည်။
တက္ကစီဆရာဟာ နေ့လည်စာစားပြီးတဲ့အချိန်မှာတော့ တခြား ခရီးသည် ပို့ဖို့အတွက် လေဆိပ်သို့ မောင်းခဲ့ပါသည်။ ကီလိုမီတာပေါင်းများစွာ မောင်းခဲံပြီးသည့်တိုင်အောင် သူက ထိုကျန်ခဲ့တဲ့ မွေးခါစ ကလေးဟာ ဘာသံမှ မကြားရပဲ အိပ်ပျော်နေခဲ့တဲ့အတွက် သတိမထားမိခဲ့ပါဘူး။ထို့နောက် ထိုတက္ကစီမောင်းသမားရဲ့ တက္ကစီခမပေးဘဲ လိုက်ပါလာတဲ့ ကလေးဟာ နိုးလာပြီး စတင်ငိုကြွေးကာ ကားနောက်ထိုင်ခုံတွင် သူပါတယ် ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
ကံကောင်းစွာနဲ့ပဲ ထို တက္ကစီသမားဟာ ရဲကို အကြောင်းမကြားခဲ့ပဲ သူတို့ရဲ့ ရုံးချုပ်ကိုသာ သတင်းပို့ခဲ့ပါသည်။ ထိုရုံးချုပ်မှာပဲ ကလေးရဲ့ မိဘနှစ်ပါးက စောင့်နေခဲ့တဲ့အတွက် ထိုကလေးနဲ့ မိဘနှစ်ပါး ပြန်တွေ့ခဲ့ပါသည်။

#Source-OddityCentral

Be the first to comment on "ဆေးရုံမှ ပြန်တဲ့တက္ကစီကားပေါ်တွင် ကလေးကျန်ခဲ့တဲ့ လင်မယားနှစ်ယောက်"

Leave a comment

Your email address will not be published.


*