ချန်ပီယံလိဒ်ဖိုင်နယ်ပွဲမှာ ပါဝင်ကစားရဖို့က အိမ်မက်တစ်ခုဖြစ်တယ်လို့ဆိုလိုက်တဲ့ လီဗာပူးစတား ချိန်ဘာလိန်

လီဗာပူးစတား ချန်ဘာလိန် ကတော့ ၁၂ လကြာဒဏ်ရာပြသနာကြောင့် အနားယူခဲ့ရပြီးနောက်၊ ချန်ပီယံလိဒ်လူစားရင်မှာပြန်လည်ပါဝင်လာခဲ့ပြီး၊ ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်သစားရဖို့အတွက်က အဓိကအိမ်မက်ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဒ်ဖိုင်နယ်ပွဲစဉ်မှာလည်း ဒဏ်ရာပြသနာကြောင့်ပါဝင်မကစားခဲ့ရပေမယ့်၊ ကွင်းပြင်ဘက်မှာတော့ ချိုင်းထောက်တစ်ချောင်းနဲ့ အသင်းသားတွေရဲ့စိတ်ဓါတ်ကို မြင့်တင်ပေးနေခဲ့ပါတယ်။ ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ နှစ် ချန်ပီယံလိဒ်၊ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ပွဲစဉ်မှာ ဒူးခေါင်းဒဏ်ရာ အပြင်းအထံရရှိခဲ့ပြီးနောက် ၁၂ လကြာကုသမှုခံယူခဲ့ရပါတယ်။ ချန်ပီယံလိဒ် အောင်မြင်မှုအတွက် လီဗာပူးအသင်းကို ပြောင်းရွေ့လာခဲ့တာဖြစ်ပေမယ့်လည်း ၊ ဒူးဒဏ်ရာရှိခဲ့ပြီးနောက် ရီးရဲမက်ဒရစ်အသင်းနဲ့ ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ခွင့်မရရှိခဲ့ဘဲ၊ အသင်းအနေနဲ့လည်း ရှုံးနိမ့်ခဲ့ပါတယ်။
သူ့နေနဲ့ကတော့ ဒဏ်ရာကနေပြန်ကောင်းမွန်လာပြီးနောက် အသင်းရဲ့ပွဲစဉ် ၂ ပွဲမှာ ၊ လူစားလဲကစားသမားအဖြစ် မိနစ်၂၀ သာကစားခွင့်ရရှိထားပါတယ်။ “ သူ့အနေနဲ့ ပြန်ကစားခွင့်ရရှိတဲ့အချိန်မှာ ပွဲချိန်အပြည့်မကစားထားနိုင်ပေမယ့်လည်း၊ ပျော်ရွှင်နေပါတယ်၊ ကျွန်တော်ရဲ့ အိပ်မက်ကတော့ မက်ဒရစ်ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ပါ၊ ဒါကလည်း ကျွန်တော်တစ်ယောက်တည်းအတွက်တော့ ၊ ဆုံးဖြတ်လို့ရတာမဟုတ်ပါဘူး။ ဘယ်သူပါဝင်ကစားတာပဲဖြစ်ဖြစ်၊ အကုန်လုံးကတော့ အသင်းအတွက်ပါပဲ။

ကျွန်တော်သာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်တော့ ကျွန်တော့်အတွက် လုံးဝအံ့အားသင့်စရာပါပဲ၊ ဒါပေမယ့်လည်း ပါဝင်ကစားနိုင်ဖို့က ကြံ့ခိုင်မှုရှိဖို့လည်း လိုသေးတာပေါ့။ အသင်းနဲ့ အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ သူတစ်ယောက်အတွက်တော့ တော်တော်ကိုခက်ခဲပါတယ်။ သူတို့အားလုံးက တစ်ရာသီလုံးအသင်းနဲ့အတူရှိခဲ့ကြပြီး၊ အကောင်းမွန်ဆုံးတွေကို လုပ်ဆောင်ထားခဲ့ကြတယ်၊ သူတို့ရဲ့ လေ့ကျင့်မှုတွေကလည်း တစ်ရာသီလုံးအတူတူရှိခဲ့တယ်။ ဒါပေမယ့်လည်း တခြားအရာတွေထက်ကို အသင်းနဲ့အတူရှိနေနိုင်တာကလည်း အကောင်းဆုံးဖြစ်လာမှပါ။ မနှစ်ကလို ချိုင်းထောက်နဲ့ မုတ်တော့ပဲ အသင်းနဲ့အတူရှိနေပေးနိုင်တာက ပိုပြီးပျော်ရွှင်စရာကောင်းလာမှာပါလို့” ပြောကြားခဲ့ပါတယ်။

Be the first to comment on "ချန်ပီယံလိဒ်ဖိုင်နယ်ပွဲမှာ ပါဝင်ကစားရဖို့က အိမ်မက်တစ်ခုဖြစ်တယ်လို့ဆိုလိုက်တဲ့ လီဗာပူးစတား ချိန်ဘာလိန်"

Leave a comment

Your email address will not be published.


*