Instamgram ဗီဒီယိုအတွက် ရာစုနှစ်ခန့်ရှိသောရုပ်ထုကို တူဖြင့်ရိုက်ခွဲ

ဒီနေ့ခောတ်တွေမှာ အွန်လိုင်းဆိုရှယ်မီဒီယာတွေမှာ လူတွေဂရုစိုက်ခံရဖို့နဲ့ Followers များဖို့အတွက် လူတချို့ဟာ ရူးရူးနှမ်းနှမ်း ကိစ္စတွေပြုလုပ်လာကြပါတယ်။
Julia Slonska လို့ခေါ်တဲ့ Instangram မှာ followers ၆၀၀၀ ကျော် ရှိတဲ့ မော်ဒယ်တစ်ယောက်ဟာ နှစ်ပေါင်းနှစ်ရာကျော်သက်တမ်းရှိတဲ့ ရုပ်ထု တစ်ခု၏နှာခေါင်းကို
ထူဖြင့်ရိုက်ခွဲနေပုံကို သူမ၏သူငယ်ချင်းမှ ဗီဒီယိုရိုက်ကူးခဲ့ပြီး ထိုဗီဒီယိုအတွက် ပြစ်တင်ပြောဆိုမှုတွေ ခံခဲ့ရပါသည်။
Slonska ဟာ ဝါဆောမြို့မှာရှိတဲ့ရုပ်ထုရဲ့နှာခေါင်းကို သူမရိုက်ခွဲခဲ့တဲ့ ဗီဒီယို လိုင်းပေါ်မှာတွေ့တွေ့ခြင်း သူမကို လုပ်ခဲ့တဲ့လုပ်ရပ်အတွက် တောင်းပန်ဖို့ခြိမ်းခြောက်တဲ့ စာတွေ ရောက်ရှိလာပါတယ်။

ဗီဒီယိုထဲတွင် Slonska သည် တူကိုင်ထားပြီး ကင်မရာနောက်မှ လူကိုလှမ်းစကားပြောနေပြီး ထို့နောက်တူနဲ့ ရုပ်ထုရဲ့နှာခေါင်းကို တူဖြင့် အပိုင်းပိုင်းဖြစ်အောင် ထူနှက်ခဲ့ပါတယ်။ ထို့နောက် သူတို့သည် ရယ်မောပြီး
လူအများရှေ့တွင် ရုပ်ထုကို နှာခေါင်းမရှိတဲ့အတိုင်း ထွက်သွားခဲ့ပါတယ်။သူမ လက်သရမ်းခဲ့တဲ့ကိစ္စနဲ့ပက်သတ်ပြီး မဖြေရှင်းခဲ့တဲ့ အတွက် သူမရဲ့ ဆိုရှယ်မီဒီယာပေါ်တွင် follower တို့နေဖို့အတွက် သပ်သပ်တာလုပ်ဆောင်
ခဲ့တယ်လိုအများစုက ယုံကြည်ကြပါသည်။
သူမပြန်၍ ပြောကြားခဲ့တာကတော့ မနေ့ကဆိုးဆိုးရွားရွား ဖြစ်ခဲ့တာနဲ့ပတ်သတ်ပြီး ကျွန်မ ပြုလုပ်ခဲ့တာနဲ့ပက်သတ်ပြီး နောင်တရပါတယ်။ကျွန်မ တော်တော်မိုက်မဲခဲ့ပါတယ်။ဘယ်အရာက သူမကို အဲ့လို လုပ်မိဖို့ တွန်းအားပေး
နေခဲ့လဲ မသိတော့ပါဘူး၊ကျွန်မ အကုန်လုံးကို အနူးအညွှတ်တောင်းပန်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုသို့ပြောကြားခဲ့ခြင်းက ဝေဖန်မှုတွေကို အနည်းငယ်သာ တိတ်စေခဲ့ပြီး တချို့က သူမ အဖမ်းခံရပါစေ ဆိုပီး တိုင်ကြားမှုတွေပါ ပြုလုပ်ခဲ့ကြပါတယ်။ထို အသက်၁၈နှစ်ပဲရျိတဲ့ မော်ဒယ်မလေးဟာ သူမကို ကြော်ငြာ ကိစ္စအတွက်
ငှားရမ်းခဲ့တဲ့ အွန်လိုင် Polish mBankမှ ဝေဖန်မှုတွေကြောင့်သူမကိုငှားရမ်းခြင်းမှ ရပ်နားခဲ့ရပါတယ်။
ထိုကဲ့သို့ အပြုအမှုရှိတဲ့သူကို သူတို့ကုမ္ပဏီမှ အထောက်အပံ မပေးပါဘူးလို့ Mbank ရဲ့ ပြောခွင့်ရှိသူက ပြောကြားခဲ့ပါသည်။ကျွန်‌တော်တို့ဟာ သူမနဲ့ စာချုပ်အရ လွန်ခဲ့သော အပတ်တွေက ဓာတ်ပုံများစွာ ရိုက်ခဲ့ပြီးပြီဖြစ်သော်
လည်း ထို့ကဲ့သို့ ပြုလုပ်ခြင်းက သူမရဲ့ ကိုယ်ရေးကိုယ်တာလုပ်ဆောင်မှုဖြစ်ပါတယ်။သူတို့ကတော့ ထို့ကဲ့သို့အပြုအမှုရှိတဲ့မိန်းကလေးနဲ့အလုပ်တွဲလုပ်ခြင်း ရှိတော့မှာမဟုတ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။
Julia Slonska ကတော့ ထို့ကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်း Instangram ပေါ်တွင် ပိုစ် မတင်တော့သလို သူမ အကောင့်တွင်လည်း comment ရေးတာတွေကိုပိတ်ပင်ထားခဲ့ပါတယ်။သူမကို ဝေဖန်ပြောဆိုသူများရဲ့ ပြောဆိုမှုများ
မှ ရှောင်ရှားရန်အတွက် ဖြစ်မယ်လို့ယူဆရပါတယ်။
ထို့ရုပ်ထုမှာတော့ ပြန်ပြင်ဆင်ခဲ့ပြီးနော်လည်း ဒါပေမဲ့ ဖျက်စီးခဲ့တာတွေ ကတော့ တော်တော်ကြီးကို သိသာထင်ရှားနေပါသေးတယ်။
#Source-Oddity Central
#YanPoe

Be the first to comment on "Instamgram ဗီဒီယိုအတွက် ရာစုနှစ်ခန့်ရှိသောရုပ်ထုကို တူဖြင့်ရိုက်ခွဲ"

Leave a comment

Your email address will not be published.


*