လူ၁၀၀မှာ ၁၀ယောက်လောက်က အနုပညာရှင်တွေဘာလုပ်လုပ်ဆဲနေကြတယ်ဆိုတဲ့ မိုးမိုး

မြေပဲယို အဖွဲ့နဲ့ အနုညာအလုပ်တွေစလုပ်ခဲ့တယ်ဆိုပြီး လူသိများခဲ့တဲ့မိုးမိုးကတော့ ကြယ် လို့အမည်ရတဲ့ ပထဆုံးတကိုယ်တော်တေးစီးရီးကို ၂၀၀၅ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိခဲ့ပြီးနောက်မှာတော့ တနင်္ဂနွေမိုးရေစက်များ ၊ အတ္တကြီးနေသည် နဲ့ သက်သေဆိုတဲ့ တကိုယ်တော်တေးစီးရီးတွေလည်း ပရိသတ်တွေဆီကို အရောက်ပို့ထားနိုင်တဲ့သူတစ်ယောက်ဖြစ်သလို သီချင်းရေးခြင်းနဲ့ တီလုံးဖန်တီးမှုမှာလည်း နာမည်ကြီးသီချင်းတော်တော်များများကိုသူရေးစပ် တီးခတ်ပေးထားပါတယ်။ သူနဲ့ Myanmar Celebrity နဲ့ အင်တာဗျူးတစ်ခုမှာတော့ အွန်လိုင်းပေါ်မှာဖြစ်ပျက်နေတဲ့အကြောင်းလေးတွေကို ပြောပြသွားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

မိုးမိုးက “ ဆိုရှယ်မီဒီယာသုံးတာနှစ်လေးကြာလာတဲ့အချိန်မှာတော့ အနုပညာရှင်တွေဘာလုပ်လုပ်ဆဲကြတာဗျ ။ ဆဲကြတယ်သူတွေက အနည်းဆုံးတော့အယောက် ၁၀၀မှာ ၁၀ယောက်လောက်ကတော့အလကားနေရင်းဆဲနေကြတာပဲ ။ အဲ့ဒီလိုဆိုတော့ သိပ်ပြီးတော့ ဂရုမစိုက်ဖြစ်ပါဘူး ။တစ်ခုတော့ရှိတာပေါ့ ကိုယ်တင်လိုက်တဲ့အရာက ဘယ်သူ့ကိုထိခိုက်သွားလည်းဆိုတာကတော့ မစဉ်းစားပဲတင်လိုက်မိတယ်။ တင်လိုက်မိသွားတဲ့အခါမှာ ဟာငါတင်လိုက်တာမှားသွားတယ်ဆိုရင်တော့ပြန်ဖြုတ်ချတယ်ပေါ့နော်။ ဒါလည်းလူ့သဘောပါပဲ လူဆိုတာအမှားနဲ့မကင်းဘူးဆိုတဲ့သဘောအတိုင်းပဲပြောလိုက်မိတယ် မှားသွားတယ်ဆိုရင် ပြန်ဖြုတ်ချတယ်။ အဲ့လောက်ပဲအများကြီးခေါင်းထဲမှာမတွေးတော့ဘူး ။ အရင်တုန်းကတော့ဟုတ်တယ်အောက်ကနေ ဝင်ဆဲရင်ကိုသုံးရက်လောက် ထမင်းမစားနိုင်ဘူး ဒီဟာပဲတွေးပြီးတော့ ငါ့ကိုဆဲတာတို့ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ ပြန်ကလည်းပြောချင်တာပေါ့။ ပြန်ပြောမယ်ဆိုတော့ကျလည်းအပေါင်းသင်းတွေက ပြန်မပြောနဲ့ပေါ့ အဲ့ဒီလိုမျိုးလည်းရှိတယ်။ တစ်ခါတလေကျလည်းပြန်ပြောဖြစ်တယ် ။

နောက်ပိုင်းတော့မစဉ်းစားဖြစ်တော့ပါဘူး ။ဒါပေမယ့်တစ်ခုတော့ရှိတယ် သူများကိုထိခိုက်စေတတ်တဲ့အကြောင်းအရာမျိုးမဖြစ်အောင်တော့စဉ်းစားပြီးတော့တင်ရတာပေါ့ ။ ဒီဆိုရှယ်မီဒီယာက ပြတင်းပေါက်တစ်ခုလိုဖြစ်နေတာကို ကိုယ်ဘာလုပ်နေလဲ ဘာဖြစ်နေလဲဆိုတာကို ဒီဆိုရှယ်မီဒီယာက အပြင်ထက်ပိုပြီးတော့တောင် ထိရောက်မှုပိုများလာတာကိုတွေ့ရတဲ့အခါကျတော့ပိုပြီးတော့သုံးဖြစ်တယ်။ နောက်ပြီးတော့ သတိပေးစရာရှိတာ အသိပေးစရာရှိရင်လည်းဒီ ဆိုရှယ်မီဒီယာပေါ်ကနေပဲပေးဖြစ်တယ်ပေါ့ ။ဘာလို့လဲဆို သူများတွေဆိုလည်း Instagram တို့လည်းသုံးတယ်။ကိုယ်ကတော့ ဒီFacebookတစ်ခုပဲသုံးတာ ။

Be the first to comment on "လူ၁၀၀မှာ ၁၀ယောက်လောက်က အနုပညာရှင်တွေဘာလုပ်လုပ်ဆဲနေကြတယ်ဆိုတဲ့ မိုးမိုး"

Leave a comment

Your email address will not be published.


*