ဟာဇက်ကို သန်း ၁၃၀ ဈေးသတ်မှတ်လိုက်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းက၊ တောင်ပံကစားသမား ဟာဇက်ကို အလိုရှိနေတဲ့ ရီးရဲမက်ဒရစ်အသင်းအတွက် သန်း ၁၃၀ ဈေးသတ်မှတ်ပေးလိုက်ပါတယ်။ အေဒင်ဟာဇက် ကိုတော့ စပိန်ထိပ်သီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ အချိန်အတော်ကြာစိတ်ဝင်စားနေတာဖြစ်ပြီး၊ ယခုနွေရာသီအပြောင်းအရွေ့ကာလမှာတော့ ၊ ဘာနေဗျူးကို အရခေါ်ယူသွားမယ်လို့သိရပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ကလည်း ၁၂ လစာချုပ်ကျန်ရှိနေသေးပြီး၊ ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွေ့လိုတာကြောင့် ရောင်းချဖို့အတွက် စိုးရိမ်ပူပန်နေခြင်းမရှိဘူးလို့သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းအနေနဲ့ကတော့ ကစားသမားအတွက် ၈၈ သန်း သာပေးချေလိုတာကြောင့် ၊ ကလပ်အသင်း ၂ ခုကြားမှာ အနည်းငယ်ညှိနှိုင်းစရာတွေတော့ ရှိနေပါတယ်။ချယ်လ်ဆီးအသင်းအလိုရှိတဲ့ သန်း ၁၃၀ ကို ရီးရဲမက်ဒရစ်အသင်းဘက်က ပေးချေနိုင်မှသာအပြောင်းအရွေ့ ဖြစ်မြောက်လာဖို့လည်းရှိနေပါတယ်။ ဟာဇက်ကတော့ ယခုရာသီချယ်လ်ဆီးအသင်းနဲ့အတူ ၅၁ ပွဲပွဲထွက်ကစားထားပြီး၊ ၁၉ ဂိုးသွင်းယူနိုင်ကာ ၊ ဂိုးဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ အချက်အလက်တွေအရ အီဒင်ဟာဇက်အနေနဲ့ စတန်းဖို့ဘရစ်ရဲ့ ၇ နှစ်တာကာလအတွင်းမှာ ဂိုးပေါင်း ၁၀၀ နဲ့အထက်သွင်းယူထားနိုင်တာကို ပြသနေပါတယ်။

@ Ko Kyaw

Be the first to comment on "ဟာဇက်ကို သန်း ၁၃၀ ဈေးသတ်မှတ်လိုက်တဲ့ ချယ်လ်ဆီး"

Leave a comment

Your email address will not be published.


*