သူမကို ဖုန်းအသစ်ဝယ်မပေး၍ ရည်းစားကို ပါး ၅၂ချက်ရိုက်ခြင်း

တရုတ်အမျိုးသားတစ်ယောက်ဟာ ချစ်သူများနေ့တွင် သူ၏ကောင်မလေးကို ဖုန်းအသစ်ဝယ်မပေးသည့်အတွက် လူအများအပြားရှေ့တွင် ပါးကို၅၂ချက် အရိုက်ခံခဲ့ရပါတယ်။
တရုတ်သမီးရည်းစားအများစုဟာ မေလ ၂၀ရက်နေ့တွင် ချစ်သူများနေ့အဖြစ်ကျင်းပကြပါသည်။စီချွမ်ပြည်နယ်မှာရှိတဲ့အတွဲတစ်တွဲကတော့ ကည်နူးစရာကောင်းတဲ့အဖြစ်အပျက်ထို့နေ့တွင် ဖြစ်ပွားရမည့်အစားစိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။စောင့်ကြည့်ကင်မရာများနဲ့ လမ်းသွားလမ်းလာများမှ ရိုက်ကူးခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ဖြန့်ဝေခဲ့သော ဗီဒီယို များတွင်တွေ့ခဲ့ရသော မိန်းမပျိုလေးတစ်ယောက်သည် သူမ၏ရည်းစားကို ဖုန်းအသစ်ဝယ်မပေးသည့်အတွက် လမ်းမပေါ်တွင် ကြောက်စရာကောင်းလောက်အောင် ကျိန်ဆဲပြီး ပါးရိုက်ခဲ့ပါတယ်။ဗီဒီယိုထဲတွင်တော့ ပါးရိုက်ခံရသော အရေအတွက် ကိုဖော်မပြခဲ့သော်လည်း ရဲကတော့ ထိုကောင်လေးသည် လမ်းသွားလမ်းလာများရဲ့ သနားစဖွယ် အကြည့်အောက်မှာ ပါးရိုက်ခံခဲ့ရသည်မှာ ၅၂ ချက်လျော့နည်းမည် မဟုတ်ဟု အတည်ပြုခဲ့သည်။

ထိုဖြန့်ဝေခဲ့တဲ့ ဗိဒီယိုထဲတ်ငင် ကောင်လေးသည် သူ၏ကောင်မလေးရဲ့ ပြင်းပြင်းထန်ထန် ရိုက်ချက်တွေခံခဲ့ရတာတောင် တည်တည်ငြိမ်ငြိမ်ရှိနေတညကို ကြည့်ရှု့ခဲ့သောလူသန်းပေါင်းများစွာက အံ့အားသင့်နေခဲ့ပါတယ်။သူမကို ဖမ်းချုပ်ဖို့ လည်း မလုပ်ခဲ့သလို ပြန်လည် တုံပြန်ဖို့လည်း မကြိုးစားခဲ့ပါဘူး။လူတော်တော်များများ ထိုအတွဲဘေးမှာ ဝိုင်းအုံ၍ကည့်ရှု့ခဲ့သောအခါမှ ရဲရောက်ရှိလာခဲ့ပြီး ထိုအဖြစ်အပျက်ကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါသည်။ထို့နောက်ရဲတွေက ထိုကောင်လေးဟာ စုစုပေါင်း၅၂ချက်ထိထိအရိုက်ခံခဲ့ရပါတယ်လို့အတည်ပြုခဲ့ပါတယ်။
ရဲတွေက ထိုသမီးရည်းစားစုံတွဲကို ထိုကဲ့သို့မဖြစ်‌အောင် ထိန်းချုပ်သော်လည်း ကောင်လေးက သူ့ကောင်မလေးကို ကာကွယ်ဖို့ကြိုးစား နေပြီး ထို ကောင်မလေးကလည်း သူ့ကို သာ ထပ်ခါထပ်ခါ ရိုက်နှက်နေခဲ့ပါတယ်။

သူ့ကောင်မလေးကို သူမလိုချင်တဲ့လက်တောင်ဝယ်မပေးခဲ့သည့်အတွက် သူမစိတ်ပြေစေရန် သူ့ကိုယ်တိုင်ပါးရိုက်ဖို့ ခွင့်ပြုခဲ့တာလို့ပြောကာ ရဲများကို ပြောကာ သူ၏ကောင်မလေးကို အကာအကွယ်ပေးခဲ့ပါသည်။သူကောင်မလေးဟာ သူရဲ့စရိတ်အများစုကိုအကုန်အကျခံခဲ့ပါတယ်။ထို့အတွက် ထိုကဲ့သို့ပါးရိုက်ခြင်းကို သူရဲ့စိတ်သဘောဆန္ဒအရ လက်သင့်ခံခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

ထိုစုံတွဲဟာသူတို့ရဲ့ အငြင်းပွားဖွယ်ကိစ္စကို ရဲစခန်းတွင် ‌ဖြေရှင်းဖို့ငြင်းဆန်ခဲ့ကြပြီး ပြန်လည်သင့်မြတ်ခဲ့ကြကာ နောင်တကြိမ်တွင် သူတို့ရဲ့ပြသနာများကို ဤကဲ့သို့ ရိုင်းပြစွာ မ‌ဖြေရှင်းဖို့ ကတိပေးခဲ့ကြပါတယ်။
#Oddity Central
#YanPoe

Be the first to comment on "သူမကို ဖုန်းအသစ်ဝယ်မပေး၍ ရည်းစားကို ပါး ၅၂ချက်ရိုက်ခြင်း"

Leave a comment

Your email address will not be published.


*