ခေတ်သစ် မန်စီးတီး အသင်း (သို့မဟုတ်) နယူးကာဆယ် ရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲ

Newcastle အသင်းပိုင်ရှင် Mike Ashley မှ ဒူဘိုင်း အခြေစိုက် ဖြစ်တဲ့ ဘီလီယံနာ Sheikh Khaled bin Zayed Al Nehayan ကို ပေါင် သန်း ၃၅၀ နဲ့ ရောင်းချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Ashley အနေနဲ့ ဝယ်ယူသူကို လိုက်လံ ရှာဖွေနေပြီး ဒီရာသီမှာ ဝယ်ယူသူနဲ့ ပြောဆိုပြီးဖြစ်ကြောင်းကို ဖြစ်နိုင်ခြေများ ပေါ်ထွက်ခဲ့ပါတယ်။ Sheikh Khaled နဲ့ မနှစ်ကတည်းက Christmas မတိုင်ခင် ဝယ်ယူရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ဒီအရောင်းအဝယ်ကြောင့် ဘင်နီတက်ဇ်ရဲ့စိုးရိမ်နေရတဲ့ တန်းဆင်းရမယ့်အလားအလာ ကနေရှောင်လွဲ နိုင်ခဲ့ပါတယ်။ တစ်ခြားလေလံဆွဲသူတွေကလဲ စိတ်ဝင်လျက်ရှိနေကြပါတယ်။ ကန်ထရိုက်အက်ရှလေနှင့်ရှိတ် Khaled အကြားပရီးမီးယားလိဂ်မှလက်မှတ်ရေးထိုးခြင်းနှင့်တင်သွင်းခဲ့ကြသည်။ Newcastle အသင်းအနေနဲ့ လက်ခံမှာလား ငြင်းပယ်မှာလား ဆိုတာကို တည်ပြုပြောကြားခြင်းမရှိသေးပါဘူး။ Sheikh Khaled က မန်ချက်စတာစီးတီးပိုင်ရှင်ရှိတ် Mansour ၏ညီကိုဝမ်းကွဲ ဖြစ်ပြီး မနှစ်ကလီဗာပူးလ် ကို £ 2 ဘီလီယံနဲ့ ကမ်းလှမ်းရာမှာ မအောင်မြင်ခဲ့ပါဘူး။
ဒါပေမယ့် Newcastle အသင်းပိုင်ရှင်အဖြစ် Mike Ashley နေရာမှာ အစားထိုးဝင်နိုင်ခဲ့ပြီး ခရီးကြမ်း ၁၂ နှစ်စာကို အဆုံးသတ်ပေးဖို့ ရောက်လာခဲ့ပါပြီ။ ဒီသတင်းအတိုင်းဆိုရင်တော့ လွန်ခဲ့နှစ်တွေမှာ ဘတ်ကျက်တင်းကျပ်မှုတွေကြောင့် စိတ်ဆင်းရဲခဲ့ရတဲ့ fans တွေအတွက်တော့ ဝမ်းသာစရာ သတင်းတစ်ခုပါပဲ။
Sheikh Khaled အတွက် ပထမဦးဆုံးကိုင်တွယ်ရမယ့် ကိစ္စကတော့ မန်နေဂျာ ဘင်နီတက်ဇ်ရဲ့ အနာဂတ်ပဲဖြစ်ပါတယ်။ ဒါဟာ ဘင်နီတက်ဇ် ကို ဆက်နေဖို့ အတွက် ထောက်ခံနေတဲ့ fans တွေနဲ့ အသင်းအတွက် အနာဂတ်မှာ အကြီးအကျယ် သက်ရောက်မှုကို ဖြစ်စေမှာပါ။ အသင်း ရဲ့နွေရာသီအပြောင်းအရွှေ့ဘတ်ဂျက်နှင့်ရည်မှန်းချက်တွေမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက အဓိက ဖြစ်လာပါပြီ။

Be the first to comment on "ခေတ်သစ် မန်စီးတီး အသင်း (သို့မဟုတ်) နယူးကာဆယ် ရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲ"

Leave a comment

Your email address will not be published.


*