ယောက်ျားမယူကြေးဆိုတဲ့ ခင်ဝင့်ဝါနဲ့ ဝိုင်းလေး

ဝိုင်းလေးနဲ့ ခင်ဝင့်ဝါတို့ သူငယ်ချင်း နှစ်ယောက်က အနုပညာ ညီအစ်မတွေ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းခင်ကြပါတယ်။ ဝိုင်းလေးကိုတော့ အသည်းကွဲ သီချင်းတွေကြောင့် ပရိသတ်တွေက ပိုပြီးအားပေးကြသလို ခင်ဝင့်ဝါကိုတော့ ချစ်ဖို့ကောင်းတဲ့ ဟန်ပန်မူရာလေးတွေကြောင့် ခေးလေးဆိုပြီး တင်စားကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ ချစ်သူမရှိသေးတဲ့ သူတို့နှစ်ဦးက ယောက်ျားမယူကြေးလို့ ကတိပေးထားကြတယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေကို သို့လော သို့လော မျက်လုံးပြူးအောင် ပြောပြတဲ့ ဒီစကားရဲ့ အကြောင်းရင်းကိုတော့ ခင်ဝင့်ဝါထံမှ ခုလို ကြားသိရပါတယ်။

“ညီမကတော့ အဲ့လိုမျိုး မရှိဘူး။ သူကတော့ အဲ့လိုလေး ရှိတယ်။ အဓိကက ညီမ အရင်အင်တာဗျူးမှာလည်း ဖြေခဲ့တယ်။ ဝိုင်းလေးက အရမ်းကို စိတ်ထား နူးညံ့တဲ့ သူတစ်ယောက် ခံစားလွယ်တဲ့ သူတစ်ယောက် ဖြစ်တယ်။ သူ့ကို ချစ်ပြီးတော့ သူ့ကို ဂရုစိုက်ပေးတဲ့သူ တစ်ယောက်ကို ရစေချင်တယ်ပေါ့နော်။ အဲ့လိုလူမျိုးကို ရခဲ့မယ်ဆိုရင် ညီမက ဝမ်းသာတာပေါ့။ ဒါပေမဲ့လည်း သူကတော့ အမြဲတမ်း ပြောတယ်။ ယောက်ျား မယူကြေးတဲ့။ ယောက်ျားယူရင် မင်္ဂလာဆောင် လာဖျက်မယ်လို့ အမြဲတမ်း ပြောတယ်။ ညီမတို့က အခု အဲ့လိုတော့ စဉ်းစားထားတာမျိုးတော့ မရှိဘူး။ V-Day မှာတော့ စားဖို့က မမြင်ပါဘူး။

ညီမကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ သူနဲ့ တွဲဖြစ်တယ်ဆိုတာ စိတ်တူကိုယ်တူ မို့လို့လေ။ ညီမကတော့ အရမ်းကြီး ဟန်လည်းမဆောင်တတ်ဘူး။ ပြောစရာရှိတာပြော။ အဲ့တာကြောင့်မို့လည်း သိပ်ပြီးတော့ အပေါင်းအသင်းနည်းတယ်လို့ ခံစားရတယ်။ စိတ်တူကိုယ်တူ ရှားတာကိုး” ဆိုပြီး ပြောပြသွားပါတယ်။

ဝိုင်းလေး ရွေးချယ်မယ့် ချစ်သူပုံစံက ဘယ်လိုမျိုးလဲ ဆိုတာကတော့ -“အဓိကကတော့ ညီမ အမြဲပြောတယ်။ ကံတရားပါပဲ။ ကိုယ်နဲ့ ဖူးစာပါရင်တော့ ညားမှာပဲလေ။ အဲ့လိုမျိုးပဲ တွေးထားတယ်။ ဖူးစာဆုံရင်တော့ ညားမှာပါပဲ။” လို့ ဆိုပါတယ်။


ပရိသတ်ကြီးကရော ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့နှစ်ယောက်စလုံးကို အားပေးလား။
#Credit

Be the first to comment on "ယောက်ျားမယူကြေးဆိုတဲ့ ခင်ဝင့်ဝါနဲ့ ဝိုင်းလေး"

Leave a comment

Your email address will not be published.


*