ဝမ်းချုပ်​ခြင်း​၏ ​ကြောက်​စရာဆိုးကျိုးအသစ်

ဝမ်းချုပ်​ခြင်း​ကြောင့်​ ဖြစ်​တတ်​တဲ့ ဆိုးကျိုး​အများစုကို​တော့ လူတိုင်းသိကြမှာပါ။
ခေါင်းမူးခြင်း​၊ ​ခေါင်းအုံခြင်း​၊ ​မအီမလည်​ဖြစ်​ခြင်း​သာမက လိပ်​​ခေါင်း​ရောဂါမျိုးအထိ ခံစားရနိုင်​ပါတယ်​​​။
ဒါ​ပေမယ့်​ အခုအချိန်​မှာ​တော့ ​ဝမ်းချုပ်​ခြင်းရဲ့ ​နောက်​ဆက်​တွဲဆိုးကျိုးတစ်​ခုကို ထပ်​မံရှာ​ဖွေ ​တွေ့ရှိခဲ့ပါတယ်​။

ဒီသတင်းက လွန်​ခဲ့တဲ့ရက်​ပိုင်းအတွင်း တရုတ်​လူမှုကွန်​ယက်​​တွေ​ပေါ်မှာ ​ရေပန်းစားခဲ့တဲ့ သတင်းတစ်​ပုဒ်​ပါ။


ဟောင်​​ကောင်​အမျိုးသမီးတစ်​ဦးက ​ရေတိုအတိတ်​​မေ့​ရောဂါကို ခံစား​နေရပြီး​တော့ သူမဟာ လွန်​ခဲ့တဲ့၁၀နှစ်​ပတ်​ဝန်းကျင်​​လောက်​အထိက သူမရဲ့မှတ်​​ညဏ်​​တွေကို နာရီနဲ့ချီ​အောင်​ မကြာခဏ ​မေ့​ပျောက်​​နေခဲ့ပါတယ်​။
သူမရဲ့မိသားစုဝင်​တစ်​ဦးက​တော့ သူမဟာ တစ်​ခါမှတ်​ညဏ်​​ပျောက်​ဆုံးရင်​ ၈နာရီနီးပါးကြာတတ်​ပြီး​တော့ ၁၀နှစ်​စာမှတ်​ညဏ်​​တွေကို မသိ​တော့ပဲဖြစ်​​နေတတ်​တယ်​လို့ဆိုပါတယ်။
သူမဟာ အိမ်​သာတက်​နိုင်​ဖို့အ​တော်​ကြိုးစားယူရ​လေ့ရှိပြီး အိမ်​သာထဲကထွက်​လာတဲ့အခါတိုင်း နာရီအ​တော်​ကြာ ဘာကိုမှမမှတ်​မိ​တော့တဲ့သူတစ်​​ယောက်​အဖြစ်​​ ​ပြောင်းလဲလာပါတယ်​။

သူမရဲ့မိသားစုဝင်​​တွေက​တော့ သူမရဲ့ဦး​နှောက်​မှာချို့ယွင်းမှုရှိ​နေပြီလို့ ထင်​ခဲ့တာ​ကြောင့်​ ​ဆေးရုံကို အကြိမ်​ကြိမ်​သွား​ရောက်​ ကုသမှုခံယူ​စေခဲ့ပါတယ်​။
ဆရာဝန်​​တွေကလည်း သူမဦး​နှောက်​ကို စမ်းသပ်​စစ်​​ဆေးမှု​ပေါင်းများစွာ ပြုလုပ်​ခဲ့​ပေမဲ့ သူမရဲ့ဦး​နှောက်​မှာ ဘာချို့ယွင်းချက်​မှ ရှိ​နေတာ မ​တွေ့ခဲ့ရပါဘူး။
ဒါ​ကြောင့်​မို့ သူမဟာ မှတ်​ညဏ်​ချို့ယွင်းတဲ့​ရောဂါလို့ အတည်​ပြုဖို့ ခဲယဉ်းခဲ့ပါတယ်​။
သူမကိုယ်​တိုင်​ကလည်း အဲ့ဒီလို မှတ်​ညဏ်​​တွေ​မေ့​ပျောက်​​နေတာကို မမှတ်​မိပါဘူး။

နောက်​ဆုံးမှာ​တော့ တရုတ်​လူမျိုး ဦး​နှောက်​နှင့်​အာရုံ​ကြောခွဲစိတ်​ဆရာဝန်​ Peng Jiaxiongက ဒီလက္ခဏာဟာ ဘိုထိုင်​အိမ်​သာမှာ အချိန်​ကြာကြာ ဝမ်းညှစ်​ခြင်းရဲ့ ​ဘေးထွက်​ဆိုးကျိုးဆိုတာကို အတည်​​ပြု​ပေးနိုင်​ခဲ့ပါတယ်​။
Pengက ဒီအ​ခြေအ​နေမျိုးဆိုတာ ဦး​နှောက်​ကို လုံ​လောက်​တဲ့​သွေးစီးဆင်းမှုမရှိလို့ဖြစ်​တာပါ၊ ကျွန်​​တော်​တို့နှလုံးက ​သွေး​ပြန်​​ကြောက​နေတစ်​ဆင့်​ ဦး​နှောက်​ဆီကို ​အောက်​စီဂျင်​နဲ့ လုံ​လောက်​တဲ့​သွေးပမာဏ ပြည့်​ပြည့်​၀၀ စီးဆင်း​ပေးနိုင်​ဖို့လိုပါတယ်​၊ ဝမ်းချုပ်​တဲ့အတွက်​ အိမ်သာမှာ ​အတင်းညှစ်​ယူပြီး ကြိုးစားကြည့်​ရတဲ့အခါ ဝမ်းဗိုက်​ကြွက်​သား​တွေကို ညှစ်​လိုက်​သလိုဖြစ်​​တော့ ​သွေး​ကြောထဲမှာ ​သွေးအပြည့်​မစီးနိုင်​​အောင်​ လုပ်​လိုက်​သလိုဖြစ်​တာ​ပေါ့၊ ဒီ​တော့ဦး​နှောက်​ကိုထိခိုက်​ပြီး ဆိုးကျိုးအ​နေနဲ့ ​ရေတိုမှတ်​ညဏ်​​​မေ့​ပျောက်​မှုဖြစ်​လာတာပါလို့ ​ပြောကြားခဲ့ပါတယ်​။

သာမန်​ဝမ်းချုပ်​ခြင်းက​နေ အချိန်​ကြာလာတဲ့အခါ မှတ်​​ညဏ်​ချို့ယွင်းလာနိုင်​ပါတယ်​။
ဒါ​ကြောင့်​ ဝမ်းချုပ်ခြင်းကို မ​ပေါ့​လျော့ပဲ ဂရုစိုက်​ ဆင်​ခြင်​ကြနိုင်​ပါ​စေ။

Source – Oddity Central

#YanPoe

Be the first to comment on "ဝမ်းချုပ်​ခြင်း​၏ ​ကြောက်​စရာဆိုးကျိုးအသစ်​"

Leave a comment

Your email address will not be published.


*