မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့် ဘတ်(စ်)ကားသစ် များကို ပြည်ပပို့မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ထုတ်လုပ်သည့် SC Neustar ဘတ်(စ်)ကားသစ် မိတ်ဆက်ပွဲကို ရန်ကုန်စက်မှုဇုန်တွင် ယနေ့ ပြုလုပ်ခဲ့သည်။

စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် SC Auto Group မှ နိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံခြင်းဖြစ်ကာ အဆိုပါ ကုမ္ပဏီသည် အရည်အသွေးမြင့် ဘတ်(စ်)ကားများနှင့် အဆင့်မြင့် အဝေးပြေးယာဉ်များအား ကိုယ်တိုင်ဒီဇိုင်းရေးဆွဲကာ ထုတ်လုပ်နိုင်သည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း မြန်မာနိုင်ငံကို စီးပွား ဖွံ့ဖြိုးဖို့ ဆောင်ရွက်နေသည့် အချိန် ယခုကဲ့သို့ လာရောက်ရင်းနှီးမြှပ်နှံခြင်းအပေါ် ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

SC Auto Group သည် မြန်မာတွင် နိုင်ငံတကာအဆင့်မီ ဘတ်(စ်)ကားများကို ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှ တစ်ဆင့် ကမ္ဘာ့နိုင်ငံ အသီးသီးကို ထုတ်လုပ်ရောင်းချမည် ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဘက်စ်ကားများ ပြည်ပရောင်းချရေး နှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးမည်ဟု ဂတိပြုခဲ့သည်။

SC Auto ကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် အဆင့်မြင့် စက်ပစ္စည်းများ၊ပညာရှင်များဖြင့် ယာဉ်ထုတ်လုပ်သည့် စက်ရုံဖြစ်နေပြီဖြစ်သည်။

SC Neustar သည် နှစ်(၂၀)တိုင်အောင် သံချေးမတက်သော စတီး ကို အသုံးပြုတည်ဆောက်ထားသည့် ဘတ်(စ်)ကားဖြစ်ကြောင်း သိရသည်။
#credit – မူးရင်းPostတင်သူ

Be the first to comment on "မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့် ဘတ်(စ်)ကားသစ် များကို ပြည်ပပို့မည်"

Leave a comment

Your email address will not be published.


*