မေလ၁၉ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ လမ်းမပေါ်တွင် မြန်မာအမျိုးသမီးတစ်ဦး မွေးဖွားနေခဲ့ပြီး တိရစ္ဆာန်ကု ဆရာဝန်မလေးက ကယ်ဆယ်ခဲ့ခြင်း

မေလ၁၉ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ လမ်းမပေါ်တွင် မြန်မာအမျိုးသမီးတစ်ဦး မွေးဖွားနေခဲ့တြ့အတွက် တိရစ္ဆာန်ကု ဆရာဝန်မလေးက ကလေးရဲ့အသက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ထို မြန်မာအမျိုးသမီးဟာ ဗိုက်နာလာလို့ ဆေးရုံသွားဖို့ ပြင်ဆင်နေတုန်း လမ်းမပေါ်မှာပဲ ကလေးကိုမွေးဖွားခဲ့တာပါ။ဆေးရုံကားကို လှမ်းခေါ်ပေမဲ့
ကားလမ်းတွေပိတ်နေခြင်းကြောင့် အချိန်မှီလာရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။သူမက ထိုင်းမှာ အလုပ်လုပ်တဲ့ ‌ယောကျာရြ့နောက်ကို လိုက်လာခဲ့တာဖြစ်ပြီး
ရောက်တာ သိပ်မကြာသေးပါဘူး။မွေးဖွားခဲ့နိုင်ပေမဲ့ ကလေးကတော့ အသက်ရှုခြင်း မရှိခဲ့ပါဘူး။အနားက လူတွေကူညီချင်ခဲံ့ကြပေမဲ့ ဆေးပညာ ဗဟုသုတမရှိတာကြောင့်ကူညီနိုင်ခြင်းမရှိပါဘူး။

အနီးအနား ကြည့်လိုက်တော့တိရစ္ဆာန်ဆေးကုခန်းကိုတွေ့ခဲ့ကြပြီး သွားရောက်ကာ အကူအညီတောင်းခဲ့ကြပါသည်။ထို တိရစ္ဆာန်ဆေးကုခန်းမှ ဆရာဝန်မလေး
ဝါရီလင်းရုံဆူခွန်က ကလေးကို အသက်ရှုနိုင်အောင် ကူညီခဲ့ပါတယ်။ပြီးနောက် ချက်ကြိုးဖြတ်ပေးတာ၊အညစ်အကြေးတွေသန့်စင်တာတွေကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ထို့နောက် ဆေးရုံကား
ရောက်လာပြီး မိခင်နဲ့ကလေးဖြစ်သူကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ထိုကလေးမှာ ၇လနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ဆေးရုံက မိခင်ကိုပဲ ဆေးရုံက ဆင်းခွင့်ပေးခဲ့ပြီး ကလေးကိုတော့ ဆေးရုံမှာ
ပဲ ဆက်ထားစေခဲ့ပါသည်။

 

ထိုမွေးကင်းစ ကလေးကိုတော့ ဖန်ပေါင်းချောင်ထဲမှာထားပြီး ဆက်လက်စောင့်ကြည့်နေခဲ့ပါသည်။ကလေးကို အသက်ရှုအောင် ကူညီပေးခဲ့သော ဆရာဝန်မလေးကိုတော့နိုင်ငံအများအပြားမှ လူတွေက ချီးကျုးနေခဲ့ပါတယ်။..
ဆရာဝန်မလေးပြောကြားခဲ့တာကတော့ ထိုအချိန်မှာ ကလေးအသက်ရှင်ဖို့ပဲ အာရုံစိုက်ပြီးကုသမှုတွေကို ပြုလုပ်ခဲ့တာပါ။ ထိုမတိုင်ခင်က ကလေးငယ်လေးတွေကိုကုသမှု မပြူလုပ်ခဲ့ဖူးပါ ။အသက်ရှုဖို့ ပြုလုပ်တဲ့နည်းတွေက ကံကောင်းစွာ တူညီခဲ့ပြီးကလေးအသက်ရှင်ခဲ့ပါတယ် လို့ပြောကြားခဲ့ပါတယ်။………
#Source -BBC News
#YanPoe

 

Be the first to comment on "မေလ၁၉ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ လမ်းမပေါ်တွင် မြန်မာအမျိုးသမီးတစ်ဦး မွေးဖွားနေခဲ့ပြီး တိရစ္ဆာန်ကု ဆရာဝန်မလေးက ကယ်ဆယ်ခဲ့ခြင်း"

Leave a comment

Your email address will not be published.


*