မင်းသားကြီး Robert Downey, Jr. ရဲ့ ဘဝ ဇာတ်ကြောင်း တစေ့တစောင်း

 Robert Downey, Jr.
Actor 

အောင်မြင်သူတစ်ယောက်ရဲ့  ဘဝနောက်ကြောင်းကတော့ ခါးသက်သက်ပါပဲ…

Robert Downey Jr. ဟာ အမေရိကန် မင်းသားတစ်ယောက်ဖြစ်ပြီး ဘဝမှာ ဆိုးတာရော ကောင်းတာတွေရော ကြုံတွေ့ခဲ့ရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ အသက် (၅)နှစ် ကတည်းက သူ့အဖေရဲ့ Pound ဆိုတဲ့ ဇာတ်ကားမှာ စ သရုပ်ဆောင်ခဲ့တဲ့ RDJ ဟာ အရွယ်ရောက်လာတော့ မှုးယစ်ဆေးဝါးပြဿနာတွေ တရားရင်ဆိုင်တာတွေ ကြုံတွေ့ခဲ့ရပြီး ခုနောက်ပိုင်းမှာ RDJ ဆို မသိသူမရှိ၊ မကြိုက်သူ ရှား လို့ပြောလို့ရအောင် ပေါက်လာတဲ့သူတစ်ယောက်ပါ။

Downey ဟာ New York က Manhattan မှာ 1965, April 4 မှာ မွေးဖွားခဲ့ပါတယ်။ ကလေးနှစ်ယောက်မှာ အငယ်ဖြစ်ပါတယ်။ အဖေဖြစ်သူ Robert Downey Sr. ကလည်း မင်းသားလည်းဖြစ် ဒါရိုက်တာလည်းဖြစ်ပြီး အမေဖြစ်သူ Elsie Ann ကလည်း RDS ရဲ့ကားတွေထဲမှာ သရုပ်ဆောင်တဲ့ မင်းသမီးတစ်ယောက်ပါပဲ။ RDJ နဲ့ သူ့အစ်မ Allyson တို့ဟာ Greenwich Village မှာ ကြီးပြင်းခဲ့ကြပါတယ်။
ဆေးသမားဖြစ်တဲ့ အဖေ RDS က RDJ ကို အသက် (၆) နှစ်ကတည်းက marijuana ပေးသုံးခဲ့တယ်။ ဆေးအတူတူသုံးခဲ့ရာက သားအဖနှစ်ယောက် ပိုပြီး ခင်မင် ချစ်ခင်ခဲ့ကြတယ်လို့ RDJ က ပြောပါတယ်။ နောက်ပိုင်းမှာလည်း RDJ ဟာ အရက်နဲ့ ဆေးကို အရမ်းစွဲလမ်းခဲ့ပြီး ညတိုင်း အတိုင်းထက်အလွန် သောက်သုံး သုံးစွဲခဲ့တယ်။
ကြားထဲမှာလည်း RDJ ဟာ သူ့အဖေရဲ့ ရုပ်ရှင်တွေထဲမှာ minor နေရာတွေက ခဏခဏပါပြီး သရုပ်ဆောင်ခဲ့ပါတယ်။ Stagedoor Manor Performing Arts Training Centre မှာ ပညာသင်ခဲ့ပြီး နောက်ပိုင်း New York မှာ သရုပ်ဆောင် လုပ်ဖို့ ကြိုးစားလာခဲ့တယ်။

RDJ ဟာ Broadway တို့လို ပြဇာတ်တွေမှာ သရုပ်ဆောင်ခဲ့ပေမဲ့လည်း သရုပ်ဆောင်ညံ့တယ်ဆိုပြီး ဝေဖန်တာတွေ များလို့ ပြုတ်ခဲ့တယ်။ နောက်ပိုင်းမှာ Turf Turf ဆိုတဲ့ ကားမှာ သရုပ်ဆောင်တာကစပြီး မင်းသားဘက် ရောက်လာခဲ့တယ်။ ကြားမှာရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ပြီး တဖြည်းဖြည်း နာမည်ရလာတယ်။ ၁၉၈၇ မှာ ပြခဲ့တဲ့ အရမ်းဆေးစွဲပြီး ထိန်းမရ သိမ်းမရဖြစ်နေတဲ့ သူဌေးသားတစ်ယောက် အကြောင်းဖြစ်တဲ့ Less Than Zero ဆိုတဲ့ကားမှာ Julian Wells အဖြစ် သရုပ်ဆောင်တာမှာ တော်လို့ တူလို့ဆိုပြီး တော်တော်နာမည်ရခဲ့တယ်။ အဲဒီကားကြောင့်ပဲ RDJ ဟာ Budget များများသုံးတဲ့ နာမည်ကြီးကားတွေမှာ စ ပါလာခဲ့တယ်။ 1992 က Charlie Chaplin ရုပ်ရှင်မှာ Chaplin အဖြစ်သရုပ်ဆောင်ရာက Best Actor အဖြစ် Oscar စာရင်းဝင်ခဲ့တယ်။ ရုပ်ရှင်အတွက် Chaplin နဲ့တူအောင် လေ့ကျင့်ခဲ့တာတွေအပြင် violin တီးတတ်အောင်၊ tennis ကို ဘယ်လက်နဲ့ ရိုက်တတ်အောင်လည်း သင်ခဲ့တယ် ပြောပါတယ်။

RDJ ဟာ 1996 ကနေ 2000 ကြားထဲမှာ cocaine အပါအဝင် heroin, marijuana တို့လို မူးယစ်ဆေးဝါးအမှုတွေနဲ့ ခဏခဏ အဖမ်းခံခဲ့ရတယ်။ ပြန်လည်ကုစားရေး စခန်းတွေကိုလည်း ခဏခဏ သွားခဲ့ရတယ်။ ဥပမာ (April 1996) မှာဆိုရင် cocaine နဲ့ heroine ကိုလက်ဝယ်ထားရှိတဲ့အပြင် ကျည်မပါတဲ့ .357 Magnum သေနတ်ကိုင်ပြီး Sunset Boulevard မှာ ကားအမြန်မောင်းလို့ဆိုပြီး အဖမ်းခံရတယ်။ 1997 မှာလည်း ဆေးစစ်ဖို့ ပျက်ကွက်တယ်ဆိုပြီး LA က ထောင်မှာ 6 လ နေခဲ့ရတယ်။

နောက်ပိုင်းမှာလည်းအဲလိုပဲ ဆေးစစ်ဖို့ ပျက်တာတွေကြောင့် လပိုင်း ရက်ပိုင်း ခဏခဏ ထောင်ကျတယ်။ NBC က လွှင့်တဲ့ The Devil ဆိုတဲ့ ကာတွန်းမှာလည်း အသံနဲ့သရုပ်ဆောင်ဖို့ ရှိပေမဲ့ reharsal တွေမှာ ပေါ်မလာလို့ အလုပ်ထုတ်ခံရတယ်။ အဲလိုမျိုးပဲ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Ally McBeal မှာဝင်သရုပ်ဆောင်တယ်၊ တော်လို့ Emmy Award စာရင်းဝင်ခဲ့တယ်။ ဆေးမှုနဲ့ အဖမ်းခံရပြန်တယ်။

နှစ်ပေါင်းများစွာ အမှုတွေနဲ့ နပန်းလုံးနေရတဲ့ RDJ ဟာ rehab တွေသွားပြီးနောက်ပိုင်းမှာ ရုပ်ရှင်ပြန်ရိုက်လာနိုင်ခဲ့တယ်။ သူ့ကျေးဇူးရှင်ကတော့ Air America မှာ အတူသရုပ်ဆောင်ခဲ့တဲ့ မိတ်ဆွေအရင်းကြီးဖြစ်သူ မင်းသားကြီး Mel Gibson ပါ။ Mel Gibson ဟာ RDJ ရဲ့ The Singing Detective ဆိုတဲ့ 2003 ရုပ်ရှင်ကားအတွက် အာမခံငွေ ထုတ်ပေးခဲ့ပါတယ်။ သူ့လုပ်ရပ်ကြောင့်ပဲ RDJ ဟာ Mainstream ရုပ်ရှင်တွေဘက် ပြန်လှည့်လာနိုင်ခဲ့ပါတယ်။
ရုပ်ရှင်ကားတွေမှာ သရုပ်ပြန်ဆောင်လာတဲ့ RDJ ဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အချိန်ကတော့ 2008 မှာပြခဲ့တဲ့ Marvel ရုပ်ရှင်ဖြစ်တဲ့ Iron Man ကားပါ။ ဒါရိုက်တာ Jon Favreau ခဏခဏပြောတာကတော့ RDJ ဟာ Pirates of the Caribbean ထဲက Jack Sparow လိုပုံ ဖြစ်လာမယ်ဆိုတာပါပဲ။ Iron Man ရုပ်ရှင်ဟာ April 30 နဲ့ May 30 ကြား ကမ္ဘာအနှံပြခဲ့ပြီး ဝင်ငွေ $585 သန်း ရခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်တော့ RDJ ဟာ Iron Man ကို နှစ်ကားထပ်ရိုက်ခဲ့ပြီး Avengers ကားတွေမှာလည်း ပါခဲ့ပါတယ်။
နောက်တစ်ကားကတော့ Ben Stiller ရဲ့ Tropic Thunder ကားမှာ ပါခဲ့ပါတယ်။ အဲဒီကားဟာလည်း ပြခဲ့တဲ့နောက်ပိုင်းမှာ နာမည်ရ အောင်မြင်ခဲ့ပြီး RDJ လည်း Best Supporting Actor ဆိုတဲ့ Oscar စာရင်းဝင်ခဲ့တယ်။
Iron Man နောက်ပိုင်းရိုက်ခဲ့တဲ့ကားတွေထဲမှာ Sherlock Holmes ကားလည်း ပါပါတယ်။ အဲဒီကားဟာလည်း 2009 ရဲ့ ဝင်ငွေအကောင်းဆုံး နာပါတ် (၈)နေရာရခဲ့တယ်။

RDJ ဟာ date တွေ တော်တော်များများ ရှိခဲ့ပေမဲ့ သူ့ရဲ့ drug ကိစ္စတွေ rehab တွေ သွားနေရတာတွေကြောင့် ကွဲခဲ့ကြရပါတယ်။ 1992 မှာ မင်းသမီး Deborah Falconer နဲ့ လက်ထပ်ခဲ့ပြီး Indio Falconer Downey ဆိုတဲ့ သားတစ်ယောက်ရခဲ့ပေမဲ့ အထက်မှာ ပြောခဲ့တဲ့ ပြဿနာတွေကြောင့်ပဲ 2004, April မှာ ကွာရှင်းခဲ့တယ်။ 2003 မှာ တွေ့ခဲ့တဲ့ Producer တစ်ယောက်ဖြစ်တဲ့ Susan Levin နဲ့ ချစ်ကြိုက်ခဲ့ပြီး 2005 August မှာ လက်ထပ်ခဲ့တယ်။ Exton Elias Downey ဆိုတဲ့ သားတစ်ယောက်နဲ့ Avri Roel Downey ဆိုတဲ့ သမီးတစ်ယောက် ရခဲ့တယ်။
RDJ ဟာ 2003 က စပြီး မူးယစ်ဆေးဝါးနဲ့ အဆက်ဖြတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေမှာလည်း ကြိုးစားလို့ တော်လို့ဆိုပြီး တွဲဖက်သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးတွေက ချီးကျူးတာခံခဲ့ရတယ်။ 2011 October မှာတော့ 25th American Cinematheque Awards မှာ ဂုဏ်ပြုခံခဲ့တယ်။ သူ့ကို ကူညီခဲ့တဲ့ သူငယ်ချင်းဖြစ်သူ Mel Gibson ကိုလည်း ကျေးဇူးတင်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တယ်။
June 14, 2010 မှာ RDJ နဲ့ ဇနီး Susan တို့ဟာ သူတို့ရဲ့ကိုယ်ပိုင် ရုပ်ရှင်ကုမ္ပဏီဖြစ်တဲ့ Team Downey ကို တည်ထောင်ခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံးရုပ်ရှင်ကတော့ The Judge ရုပ်ရှင်ဖြစ်ပါတယ်။

စာဖတ်သူတို့ရော RDJ ကို ဘယ် ဇာတ်ကားမှာ စ သိခဲ့တာလဲဗျ………
.
crd;

Wikipedia , google

Written by 

Leave a Reply

Your email address will not be published. Required fields are marked *