လူသားအကျဉ်းသားများနဲ့အတူ ​ထောင်​ဒဏ်​တစ်​သက်​တစ်​ကျွန်းအကျခံရတဲ့ ဝက်​ဝံမ​လေး “ကတ်​ယာ”


အသက်​၃၆နှစ်​ရှိပြီဖြစ်​တဲ့ ဝက်​ဝံညိုမ​လေး “ကတ်​ယာ”က​တော့ ကာဇက်​စတန်​နိုင်​ငံ၊ ယူ​ကေ-၁၆၁/၂၊ ကိုစတန်​​နေးမြို့ရဲ့ ပီနယ်​​ဒေသအကျဉ်း​ထောင်​မှာ ​ထောင်​ဒဏ်​တစ်​သက်​တစ်​ကျွန်း ကျခံ​နေရတဲ့ တစ်​​ကောင်​တည်း​သော ဝက်​ဝံမ​လေးပါ။ တကယ်​​တော့ ဒီပြစ်​ဒဏ်​က “ကတ်​ယာ”​လေးအတွက်​ ပြင်းထန်​လွန်းလှပါတယ်​။ အဲ့ဒီ​ဒေသမှာ လူသတ်​မိတဲ့ပြစ်​မှု​တောင်​မှ ​ထောင်​ဒဏ်​​ ၂၅နှစ်​ထက်​ မပိုပါဘူး။ ဒါဆို ဘယ်​အရာ​တွေက လူသားမဟုတ်​တဲ့ “ကတ်​ယာ”​လေးကို ဒီ​လိုအကျဉ်း​ထောင်​ထဲမှာပဲ တစ်​ဘဝလုံး ကုန်​ဆုံး​စေရတာလဲ? “အီကာတရီးနား” ​ခေါ် “ကတ်​ယာ”​လေးက လွန်​ခဲ့တဲ့ ၂၀၀၄ခုနှစ်​မှာ လူနှစ်​​ယောက်​ကို ထိခိုက်​ဒဏ်​ရာရ​စေမှုနဲ့ သံတိုင်​​တွေကြားကို ​ရောက်​ခဲ့ရသူ​လေးပါ။ ဝက်ဝံညိုမ​လေးက ​အကျဉ်းသား ၇၃၀​ကျော်​ရှိတဲ့ ယူ​ကေ-၁၆၁/၂ အကျဉ်း​ထောင်​မှာ တစ်​သက်​တစ်​ကျွန်း ပြစ်​ဒဏ်​ချမှတ်​ခံခဲ့ရပါတယ်​။ “ကတ်​ယာ”​လေးရဲ့ဘဝကလည်း သူ့ရဲ့​ထောင်​သားအ​ဖော်​​တွေလိုပဲ ကြမ်းတမ်းခက်​ခဲခဲ့ပါတယ်​။ ဝက်​ဝံ​ပေါက်​အရွယ်​​လေးထဲက ကိုစတန်​​နေးမြို့မှာ သူမရဲ့ဆပ်​ကပ်​အဖွဲ့က စွန့်​ပစ်​ခြင်းကို ခံခဲ့ရပါတယ်​။ အဲ့ဒီ​နောက်​မှာ​တော့ နိုင်​ငံခြားသားဧည့်​သည်​များ အများအပြားလာ​ရောက်​​လေ့ရှိတဲ့ Belaya Yurtaမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲ့ဒီမှာပဲ “ကတ်​ယာ”​လေးက လူနှစ်​​ယောက်​ကို ထိခိုက်​ဒဏ်​ရာရ​စေမှုနဲ့ အကျဉ်း​​ထောင်​ကို ​ပြောင်း​ရွှေ့ခံခဲ့ရတာပါ။ ၂၀၀၄ခုနှစ်​မှာ ဝက်​ဝံ​ပေါက်​မ​လေးက သူ့ကိုအစာလာ​ကျွေးတဲ့ အသက်​၁၁နှစ်​အရွယ်​​ ​ကောင်​​လေးရဲ့​ခြေ​ထောက်​ကိုဖမ်းဆွဲခဲ့မှုနဲ့ ပထမဆုံး ပြစ်​မှု​မြောက်​ခဲ့ပါတယ်​။ ဒဏ်​ရာရသွားတဲ့​ကောင်​​လေးက ​ခြေ​ထောက်​ဒဏ်​ရာက အရမ်းနာကျင်​ရပြီး အ​ကြောက်​လွန်​သွားခဲ့ရတယ်​လို့ ဆိုပါတယ်​​။ အဲ့ဒီနှစ်​မှာပဲ အဲ့ဒီ​နေရာကိုလာလည်​တဲ့ အသက်​၂၈နှစ်​အရွယ်​​ အမျိုးသားတစ်​ဦးကို ထပ်​မံပြီး ဒဏ်​ရာရ​အောင်​လုပ်​ခဲ့မိပြန်​ပါတယ်​။ အမျိုးသားတစ်​ဦးက “ကတ်​ယာ”​လေးရဲ့​လှောင်​အိမ်​ထဲကို လက်​ထည့်​ပြီး ​ဝှေ့ယမ်း​နေစဉ်​မှာပဲ “ကတ်​ယာ”​လေး​ကြောင့်​ အသက်​မ​သေခဲ့​ပေမဲ့ ပြင်းထန်​စွာ ဒဏ်​ရာရခဲ့တာပါ။ တကယ်​တော့ ​လာလည်​သူဧည့်​သည်​တိုင်းကို ​လှောင်​အိမ်​နားအရမ်းမကပ်​ဖို့ သတိ​ပေးတားမြစ်​ချက်​ထားရှိထား​ပေမဲ့ အဲ့ဒီအမျိုးသားက မူးပြီး ​လှောင်​အိမ်​ထဲထိ လက်​ထည့်​မိတာဖြစ်​ပါတယ်​။ အဲ့ဒီပြစ်​မှုနှစ်​ခုအပြီးမှာ တာဝန်​ရှိတဲ့သူ​တွေက “ကတ်​ယာ”​လေးကို ဆက်​လက်​ လက်​ခံ​ပေးမထားနိုင်​​တော့ပါဘူး။ ဒါ့အပြင်​ ဘယ်​တိရိစ္ဆာန်​ရုံ ဘယ်​တိရိစ္ဆာန်​​ဂေဟာကမှ ဒီဝက်​ဝံညိုမ​လေးကို အလိုမရှိကြပါဘူး။ ဒီလိုနဲ့ပဲ သူမဟာ လူသား​တွေနဲ့အတူတူ အကျဉ်း​ထောင်​မှာ ​နေရဖို့ဖြစ်​လာပါ​တော့တယ်​။ ဒါ​ပေမယ့်​လည်း ဝက်​ဝံမ​လေး”ကတ်​ယာ”က ထိုက်​တန်​ရာ​နေရာကို ​ရောက်​သွားတယ်​လို့ ဆိုရမှာပါပဲ။ အခုဆိုရင် ​​​ထောင်​သက်​၁၅နှစ်​ရှိပြီဖြစ်​တဲ့ “ကတ်​ယာ”​လေးဟာ ပီနယ်​​ဒေသရဲ့ အမှတ်​အသားတစ်​ခု ဖြစ်​လာခဲ့ပါပြီ။ သူမရဲ့ ရုပ်​တု​လေး​တောင်​မှ ရှိလာတဲ့ထိ ​အောင်​မြင်​လာပါပြီ။ ဝက်​ဝံညိုမ​လေး “ကတ်​ယာ”​က သူမရဲ့ ​ထောင်​သားအကျဉ်း​ဖော်​​တွေကြားမှာ ​ရေပန်းစားသူ​လေးတစ်​​ယောက်​ဖြစ်​လာပါတယ်​။ သူမကို အကျဉ်း​ဖော်​​တွေအကုန်​လုံးက ချစ်​ကြပြီး သူတို့တတ်​နိုင်​သ​လောက်​ သူတို့မှာရှိတဲ့ ပန်းသီးေ​တွ၊ ချိုချဉ်​​တွေ၊ ကွတ်ကီး​​တွေ “ကတ်​ယာ”​လေးကို ခွဲ​ဝေ​ကျွေးကြ​လေ့ရှိပါတယ်​။ ဝက်​ဝံညိုမ​လေးက အရမ်းယဉ်​လာပြီး​တော့ သူ့ကိုလက်​​ပေး​တောင်​ အန္တရာယ်​မပြု​တော့ပဲ အကျဉ်း​ဖော်​​တွေနဲ့ တရင်းတနှီးရှိလာပါတယ်​​။ အကျဉ်းသား​တွေက သူမကို စကားလာ​ပြောရတာကို သ​ဘောကျကြပြီး​တော့ သူမကလည်း သူတို့​တွေ စိတ်​ညစ်​​နေတဲ့ရက်​မျိုးဆို ပြုံး​အောင်​လုပ်​​ပေးနိုင်​ပါတယ်​တဲ့။ “ကတ်​ယာ​”လေးရဲ့ဘဝက ခုဆို သူမကို ချစ်​ခင်​ကြတဲ့သူ​တွေကြားမှာ လုံခြုံ​နေခဲ့ပါပြီ။ သူမရဲ့ အကျဉ်းခန်းထဲမှာ ​ရေကန်​​လေးတစ်​ကန်​ပါထားရှိ​ပေးထားပြီး​တော့ သူမဟာ ​အကျဉ်း​ထောင်​အတွက်​ ဘာမှသိပ်​ကုန်​ကျ​စေတာမျိုး မရှိခဲ့ပါဘူး။ သူမရဲ့​နေ့စဉ်​အစာအတွက်​ကလည်း အကျဉ်း​ဖော်​​တွေက မျှ​ဝေ​ကျွေးကြလို့ အဆင်​​ပြေပါတယ်​။ ဒါ့အပြင်​ “ကတ်​ယာ”​လေးက တစ်​နှစ်​မှာ ၇လပဲ အစာစားပြီး နိုဝင်​ဘာလက​နေ ​အေပရယ်​လထိကို​တော့ သူမရဲ့ အကျဉ်းဂူ​လေးထဲမှာ ​ဆောင်းခိုတတ်​ပါတယ်​။ “ကျွန်​​တော်​တို့ ကတ်​ယာ့ကို ဘယ်​ကိုမှ ​ပြောင်း​ရွှေ့ဖို့မရှိပါဘူး၊ သူမက ကျွန်​​တော်​တို့​ဒေသရဲ့ အမှတ်​အသား​လေးပါပဲ၊ ပြီး​တော့ သူမက ကျွန်​​တော်​တို့အားလုံးရဲ့ အသည်း​ကျော်​​လေးဖြစ်​သလို ဘယ်​သူ့ကိုမှလည်း မ​ပေးနိုင်​​တော့ပါဘူး” လို့ ယူ​ကေ-၁၆၁/၂ရဲ့ အကျဉ်းေ​ထာင် ​ပညာ​ရေးကဏ္ဍ ဒုညွှန်​ကြား​ရေးမှူး အဇာမက်​ဂက်​ပါဇိုက သတင်းသမား​တွေကို ​ဖြေကြားခဲ့ပါတယ်​။ အ​ကောင်းနဲ့အဆိုးက အမြဲဒွန်​တွဲ​နေတယ်​ဆိုတာကို “ကတ်​ယာ​”လေးက ​ဖော်​ပြ​နေသလိုပါပဲ။ အဆိုး​တွေကြားက​နေ လွတ်​​မြောက်​ပြီး ထိုက်​တန်​တဲ့​နေရာတစ်​ခုကို ​ရောက်​ရှိသွားတဲ့ “ကတ်​ယာ”​လေးလည်း ဒီထက်​မက လူချစ်​လူခင်​​ပေါများပြီး ကျန်းမာအသက်​ရှည်​နိုင်​ပါ​စေ ဆု​တောင်းရင်း …

Source – Odditycentral

#YanPoe

 

Written by 

Leave a Reply

Your email address will not be published. Required fields are marked *