YGN မှ လာသော MNAလေယာဉ်​တစ်စီး ရှေ့ဘီးထုတ်​မရ သောကြောင့်​ ခက်ခဲစွာ ဆင်းသက်ခဲ့ရ…

YGN မှ လာသော MNAလေယာဉ်​တစ်စီး ရှေ့ဘီးထုတ်​မရ သောကြောင့်​ ခက်ခဲစွာ ဆင်းသက်ခဲ့ရ
=====================================================================

ယနေ့နံနက်​ပိုင်းတွင် ရန်​ကုန်​မှထွက်​ခွာလာသောMNAလေယာဉ်​တစ်စီးသည် မန္တလေးတံတားဦးလေဆိပ်သို့ ဆင်းသက်​ရာ၌ ရှေ့ဘီးထုတ်​မရသောကြောင့် ဦးခေါင်းအောက်ပိုင်းနှင့်ပွတ်တိုက်ဆင်းခဲ့ရသော်​လည်း ခရီးသည်များအားလုံး ဘေးအန္တရာယ်ကင်း
ခဲ့ကြောင်းသိရသည်။
တကယ်ကို ကံကောင်းကြပါတယ်။
လေယဉ်မှုးကြီး တွေ တကယ် တော်ကြလို့ပါပဲဗျာ… ရှေ့ဘီး Gear အလုပ် မလုပ်တော့လို့ ဆီတွေဖောက်ချပီး ဆင်းသက်ခဲ့ကြရတာပါ။
“ဘဝမှာ တစ်ခါမှမကြုံဖူးခဲ့တဲ့အတွေ့အကြုံပါပဲ၊ ကံသီပေလို့ပေါ့။
အရေးပေါ်ချွတ်ယွင်းပြီး ရှေ့ဘီးချမရလို့ အမျိုးမျိုးကြိုးစားမောင်းနှင်ပြီးမှ မရတော့တဲ့အဆုံး နောက်ဘီးတွေမှေးချပြီး အရှိန်နဲ့ရှေ့ဝမ်းပိုက်နဲ့ရှောဆင်းခဲ့တာ မီးခိုးလေးတွေနည်းနည်း အရေးပေါ်အမြန်ဆင်းပြေးခဲ့ရတာ အားလုံးကံကောင်းခဲ့ကြပါတယ်။
MNA လေယဉ်မှုးကြီး ဦးမြတ်မိုးအောင်အဖွဲ့သားအားလုံးလည်း တကယ်တော်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ချီးကျူးပါတယ်ခင်ဗျား။
စိတ်ပူပြီးတော့ ဖုန်းတွေချက်ချင်းဆပ်မေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်´´ဟု လေကြောင်းခရီးစဉ်တွင်ပါဝင်ခဲ့သော
မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က လူမှုစာမျက်နှာတွင် ရေးထားသည်။

credit;;

Written by 

Leave a Reply

Your email address will not be published. Required fields are marked *