ကိုယ်​ပိုင်​နန်း​တော်​မှာ​နေထိုင်​သူ ဗီယက်​နမ်​သူ​ဌေး

ဗီယက်​နမ်​နိုင်​ငံ နင်​ဘင်းခရိုင်​ ဂီယာဗမ်​​ဒေသ​လေးက​တော့ သာမန်​ ​ကျေးလက်​​ဒေသ​လေးဆို​ပေမဲ့ အခုချိန်မှာေ​တာ့ သင့်​ကို လုံးဝရင်​သက်​ရှူ့​မောသွား​စေမဲ့ ခမ်းနားလှပလွန်းတဲ့ နန်း​တော်​ကြီးတစ်​ခု ရှိလာခဲ့ပါပြီ။ ဗီယက်​နမ်​နိုင်​ငံက ဆယ်​စုနှစ်​​ခြောက်​စု​တိုင်​​အောင်​ ပြင်​သစ်​လက်​​အောက်​ခံနိုင်​ငံဖြစ်​ခဲ့တာ​ကြောင့်​ ဥ​ရောပစတိုင်​ အ​ဆောက်​အဦး​တွေ အများအပြားရှိခဲ့တယ်​ဆိုတာကို​တော့ လူတိုင်းသိမြင်​ပြီးသားဖြစ်​မှာပါ။ ဒါ​ပေမဲ့ ကျွန်​​တော်​အခု​ပြောပြမဲ့ “သန့်​ဟ်​သန်းအ်​” နန်း​တော်​ကြီးက​တော့ ပြင်​သစ်​ပုံစံ၊ ဗီယက်​နမ်​​ရှေး​ဟောင်းပုံစံ အ​ငွေ့အသက်​လွှမ်းမိုး​နေတဲ့နန်း​တော်​မျိုး လုံးဝမဟုတ်​ပါဘူး။ ဒီနန်း​တော်​ကြီးရဲ့ အရှင်​သခင်​က​တော့ ​ဒေသခံ ဘီလျှံနာသူ​ဌေးတစ်​ဦး ဖြစ်​ပါတယ်​။ ​ဒေါင်​ဘီလျှံ​ပေါင်း ၃၀၀က​နေ ၄၀၀ကြား (US​ဒေါ်လာ ၁၂က​နေ ၁၇မီလျှံကြား) အကုန်​ခံတည်​​ဆောက်​ထားတဲ့ ဒီနန်း​တော်​ကြီးက အပြင်​ပိုင်းအကုန်​ ပြီးစီးသွားပြီဖြစ်​​ပေမဲ့ နန်း​တော်​အတွင်းဘက်​မှာ​တော့ ပြင်​ဆင်​စရာ​လေး အနည်းငယ်​ကျန်​ရှိ​နေပါ​သေးတယ်။ အသက်​၅၂နှစ်​အရွယ်​​ရှိ သန်းကြွယ်​သူ​ဌေးကြီး ဒိုဗန်​တိုင်​က ဒီလိုနန်း​တော်​ကြီးမှာ​နေနိုင်​ဖို့က သူ့ဘဝတစ်​​လျှောက်​လုံး စိတ်​ကူးလာခဲ့တဲ့ အိပ်​မက်​ကြီးတစ်​ခုဖြစ်​ခဲ့ပြီး အခု​တော့ အိပ်​မက်​ကိုအ​ကောင်​အထည်​​ဖော်​နိုင်​ခဲ့ပါပြီ။ “သန့်​ဟ်​သန်းအ်​” နန်း​တော်​ကြီးအ​ကြောင်းက ဗီယက်​နမ်​social mediaများကြားမှာ အရမ်းကို​ရေပန်းစားပြီး hotဖြစ်​​နေတဲ့သတင်းတစ်​ပုဒ်​ဖြစ်​ခဲ့ပါတယ်​။ နန်း​တော်​ကြီးကို မြင်​လိုက်​ရသူတိုင်းက ​မေးရိုး​တွေ ကြမ်းပြင်​​ပေါ် ပြုတ်​ကျ​လောက်​​အောင်​ကို အံ့မခန်းပါပဲတဲ့။ နန်း​တော်​ကြီးရဲ့ အမိုးခုံး​တွေက အထက်​တန်းလွှာ​​တွေသာ ပိုင်​ဆိုင်​နိုင်​တဲ့ တန်​ဖိုးကြီးလွန်းတဲ့အမိုးခုံးတွေသုံးထားပြီး ​ဖောင်းကြွအင်္ဂ​တေလက်​ရာ​တွေ၊ အ​သေးစိတ်​စနစ်​တကျ ပုံ​ဖော်​ထားတဲ့ ဗိသုကာလက်​ရာ​တွေနဲ့ အပြည့်​အဝ ရင်​သပ်​ရှု​မောဖွယ်​​ကောင်း​လောက်​​အောင်​ ဥ​ရောပနဲ့ အာရှ ပုံစံနှစ်​မျိုးကို ​ရောယှက်​တည်​​ဆောက်​ထားပါတယ်​။ ဒီနန်း​တော်​ကြီးရဲ့ နာမည်​ကို​တော့ သူ​ဌေးကြီးက သူ့ရဲ့သားနှစ်​ဦးဖြစ်​တဲ့ “သန့်​ဟ်​”နဲ့ “သန်းအ်​” တို့ကို ကိုယ်​စားပြုတဲ့အ​နေနဲ့ “သန့်​ဟ်​သန်းအ်​” နန်း​တော်​ကြီးလို့ ​ပေးထားခဲ့ခြင်းဖြစ်​ပါတယ်​။ သံ​ချောင်းတန်​ချိန်​ ၁၀၀၀​၊ ဘိလပ်​​မြေတန်​ချိန်​ ၄၀၀၀မှ ၅၀၀၀ခန့်​၊ သဲနှင့်​အုတ်​ တန်​ချိန်​​ပေါင်း ၁၀၀၀၀ခန့်​ အကုန်​အကျခံ ​​ဆောက်​လုပ်​ထားတဲ့ ဒီနန်း​တော်​ကြီးရဲ့ ပင်​မအ​ဆောက်​အုံက ၆ထပ်​ဖြစ်​ပြီး စတုရန်းမီတာ ၁၇၀၀​ကျော်​ ကျယ်​ပါတယ်​။ ​မြေ​အောက်​အထပ်​ကို အပိုင်း၃ပိုင်းခွဲခြားထားပါတယ်​။ စတုရန်းမီတာ ၇၀၀ရှိတဲ့ ကားအစီး​ရေ ၃၀ဆန့်​ ကားဂို​ဒေါင်​တစ်​ခု၊ စတုရန်းမီတာ ၅၀၀ရှိတဲ့ ကားအစီး​ရေ ၂၀ဆန့်​ ကားဂို​ဒေါင်​တစ်​ခုအပြင်​ သီချင်းသီဆိုအ​မော​ပြေနိုင်​ဖို့အတွက်​ စတိတ်​စင်​ပါတဲ့ အခန်းတစ်​ခုလည်း ပါရှိပါ​သေးတယ်။ နန်း​တော်​ရဲ့ အတွင်းပိုင်းက အပြီးသတ်​ မပြီး​သေး​ပေမဲ့ နန်း​တော်​အပြင်​ဘက်​နဲ့ပြိုင်​ရင်​ မရှုံး​လောက်​တဲ့ တင့်​တယ်​ခမ်းနားမှုမျိုးရှိမယ်​ဆိုတာ ကျွန်​​တော်​တို့ ခံစားကြည့်​လို့ရ​နေပါတယ်​။ ပင်​မနန်း​တော်​ကြီးရဲ့​ရှေ့မှာ နန်း​တော်​အ​သေး​လေးနှစ်​ခုက ဘယ်​ညာတစ်​ဖက်​တစ်​ချပ်​စီမှာ ရှိ​နေပါတယ်။ သူ​ဌေးကြီးက​တော့ အဲ့ဒီနန်း​တော်​အ​သေး​လေးနှစ်​ခုက သူ့သားနှစ်​ဦးကို ကိုယ်​စားပြုတာဖြစ်​ပြီး ညီအစ်​ကိုနှစ်​​ယောက်​ ချစ်​ချစ်​ခင်ခင်​နဲ့ အလုပ်​အတူလုပ်​ကြမယ်​၊ မိသားစုစီးပွား​ရေးနဲ့ ဒီနန်း​တော်​ကြီးအတွက်​ အတူစည်းစည်းလုံးလုံး ​ဆောင်​ရွက်​ကြိုးစားသွားကြဖို့ သူ​မျှော်​လင့်​တယ်​လို့ ဆိုပါတယ်။

Source – Odditycentral

feeling- အားကျ

#YanPoe


Written by 

Leave a Reply

Your email address will not be published. Required fields are marked *