ထိုင်းနိုင်ငံတွင် ယောကျာ်းလေးများအတွက် Plastic Surgery ဖြင့် Six packs ရရှိအောင် ခွဲစိတ်နိုင်ပီ

ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့တော်ရှိ Masterpiece ဆေးရုံ တွင် sixpacks ရရှိရန် plastic surgery ဖြင့် ခွဲစိတ်ကုသမှုကို မကြာသေးမှီက ပြူလုပ်ခဲ့ပါသည်။ Sixpacks ရရှိရန် မလွယ်ကူဘူးဟု Gym ကို စွဲမြဲစွာ ကစားနေတဲံ လူတွေက ‌ပြောကြပါတယ်။ တချို့ လူတွေမှာမူ သူတို့ရဲ့ ခန္ဒာကိုယ် ဖွဲ့စည်းပုံ အရ ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားတွေက အဆီများ ဖုံးအပ်နေတဲ့အတွက် ဘယ်လိုပင်ပြင်းပြင်းထန်ထန်ကစားပေမဲ့Sixpacks မရရှိနိုင်ပေ။ ထို့ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Masterpiece ဆေးရုံမှ ခွဲစိတ်ဆရာဝန်များသည် abdomen etching လို့ခေါ်သော ဝမ်းဗိုက်ရှိ အဆီများကို စုပ်ထုတ်ပေးပီး ကြွက်သားများကို ပေါ်အောင်လုပ်ဆောင်ပေးသည့်လုပ်ဆောင်ချက်ကို စတင်လုပ်ဆောင်လာကြသည်။


Abdomial etching ကို သူတို့ စတင်လုပ်ဆောင်နေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိပီဖြစ်ပီး တလကို လူနာ ၂၀ မှ ၃၀ ကျော်အထိ ခွဲစိတ်မှုကို လုပ်ဆောင်နေကြပါသည် ဟု Masterpeice ဆေးရုံရဲ့ CEO ဖြစ်တဲ့
Raweewat “Sae” Maschamadol,ကပြောကြားခဲ့ပါသည်။Abdominal etching က လူနာရဲ့ ဝမ်းဗိုက် အနီးတစ်ဝိုက်မှာ ရှိတဲ့ အဆီများကို စုပ်ယူပီး ဗိုက်သားကို six packs ပေါ်အောင် အမှန်တကယ်ပင်လုပ်ဆောင်ပေးပါသည်။
ထိုနည်းပညာကို Texas ပြည်နယ်မှ ခွဲစိတ်ဆရာဝန်များ မှ ၁၉၉၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။ Raweewat က သူသည် ပြည်ပတွင် ယခု နည်းပညာနှင့် ပတ်သတ်၍ procedure ပေါင်းမြောက်များစွာကို လေ့လာသင်ယူခဲ့ပြီး
ကိုယ်ပိုင်နည်းပညာကို ထီထွင်ခဲံ့ပါသည် ။ သူက ယခုနည်းပညာကို အချိန် နှစ်နာရီမှ သုံးနာရီအတွင်း လူနာကို မနာမကျင်ပဲ ခွဲစိတ်မှု ပြုလုပ်နိုင်သည် ဟုပြောကြားခဲ့ပါသည်။


ချက်ခြင်း six packs ဖြစ်ပေါ်စေခြင်းသည် ယခင်တုန်းက အိမ်မက်အဖြစ် တည်ရှိ နေခဲ့ပြီး ယခု အခါ အိမ်မက်များသည် အမှန်တကယ်ဖြစ်တည်လာနိုင်ပါပီ ။ဒါပေမဲ့ ယခု ခွဲစိတ်မှုသည် ကြွက်သားတိုင်းအတွက် မသင့်တော်ပါဘူး။ခွဲစိတ်မှု အောင်မြင်ဖို့အတွက် ကောင်းစွာဖွံဖြိုးနေသော ဝမ်းဗိုက် ကြွက်သားများရှိရန် လိုအပ်ပါသည်။Dr. Raweewat က ပြောကြားသည်မှာ သူ၏ ဆေးခန်းသို့ လာရေက်သူ ၉၀ ရာခိုင်နှုန်းသည် Body fitness ကစား၍ six packs မပေါ်သူများ ဖြစ်ကြသည်ဟုပြောကြားခဲ့ပါသည်။

မကြာသေးမှီ ကာလအတွင်းမှာ မှ ထိုင်းနိုင်ငံ မှ အမျိးသား မော်ဒယ်တစ်ဦးဖြစ်သူ Ome Pangpaparn က Masterpiece ဆေးရုံမှာ Abdominal etching ကို ခွဲစိတ် ကုသမှု ခံယူခဲ့ခြင်းကို လူမှုကွန်ယက်တွင် မျှဝေခဲ့ပါသည်။ သူသည် Body fitness ကစားသော်လည်း သူ၏ ခန္ဓာကိုယ်တည်ဆောက်မှု အရ သူ၏ ဝမ်းဗိုက် ရှိ အဆီလွှာကြောင့် Sixpack မပေါ်သောကြောင့် ခွဲစိတ်ခြင်းဖြစ်သည် ဟု ပြောကြားခဲ့ပါသည်။

Abdominal etching က တစ်ကမ္ဘာလုံးမှာ ပြုလုပ်နိုင်မည် ဖြစ်ပါတယ်။Abdominal etching ခွဲစိတ်မှုတိုင်းက အမြဲတမ်း အောင်မြင်နေတာ မဟုတ်ပါဘူး။တချို့သောခွဲစိတ်မှု တွေ မှာ risk တွေရှိနေတတ်ပါတယ်။
ခွဲစိတ်တဲ့ ၁၀ဦးမှာ ၁‌ယောက်မှာ senoma တွေ စီးဆင်းဖို့ လိုအပ်တဲ့ Risk ဖြစ်ပြီး ၅ဦးမှာ ၁ ဦးက ‘Over etching ‘ ဖြစ်ပေါ်နိုင်ပါသည်။

Source-Odditycentral
# YanPoe

Written by 

Leave a Reply

Your email address will not be published. Required fields are marked *