ပစ္စည်းအခိုးမခံရခင်​ အလစ်​သုတ်​မည့်​သူကို ကြိုတင်​ဖမ်း​ပေးနိုင်​​သော AI Software ထွက်​​ပေါ်

ဂျပန်​နည်းပညာကုမ္ပဏီတစ်​ခုက မြင်​ကွင်းမှာ​ပေါ်လာတဲ့သူရဲ့ အပြုအမူ၊ လုပ်​​ဆောင်​ချက်​၊ မျက်​နှာအ​နေအထား၊ ဝတ်​ပုံစားပုံကအစ အ​သေးစိပ်​သုံးသပ်​ပြီး ငတက်​ပြားများကို သူတို့မခိုးဖြစ်ေ​သးခင် ကြိုပြီး​ဖမ်း​ပေးနိုင်​မဲ့ AI Softwareတစ်​မျိုးကို စတင်​မိတ်​ဆက်​လိုက်​ပါတယ်​။

၂၀၀၂ခုနှစ်​တုန်းက ကမ္ဘာ​ကျော်​မင်းသား တွမ်​ခရုစ်​ ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ “Minority Report” ရုပ်​ရှင်​ကားထဲမှာ ပြစ်​မှုကျူးလွန်​မဲ့သူက မကျူးလွန်​ရ​သေးခင်​မှာ ကြိုတင်​ကာကွယ်​လိုက်​နိုင်​သလိုမျိုး အခု​တော့ အပြင်​လက်​​တွေ့ဘဝမှာပါ အနာဂတ်​ပြစ်​မှု​တွေကို တားနိုင်​​တော့မှာ​များလား။
ကျွန်​​တော်​တို့က ဒီနည်းပညာဗားရှင်းကို ဒီဇာတ်​ကားထဲမှာ ​စောပြီးမြင်​ခဲ့ရပြီးသားဆို​တော့ သိပ်​စိမ်း​နေ​တော့မယ်​​တော့မထင်​ပါဘူး။

“VaakEye”လို့ အမည်​​ပေးထားတဲ့ ဒီ​ဆော့ဝဲလ်​က ကင်​မရာမြင်​ကွင်းထဲမှာ ​ပေါ်လာမဲ့သူရဲ့ ဆက်​တိုက်​လှုပ်​ရှားမှုပုံစံ၊ အပြုအမှု​တွေကို ပုံ​သေနည်းနဲ့ ​သေချာစနစ်​တကျ တွက်​ချက်​ပြီး အလစ်​သုတ်​သမားဖြစ်​နိုင်​​ချေရှိတယ်​လို့ အ​ဖြေထွက်​တာနဲ့ ဘာပြစ်​မှုမှမ​မြောက်​​သေးခင်​မှာပဲ ဆိုင်​ရှင်​ကို ဖုန်းက​နေတစ်​ဆင့်​ အသိ​ပေးသွားမှာပါ။
သတင်းစာမျက်​နှာ​တွေ​ပေါ်မှာ​ ​ပေါ်ထွက်​ခဲ့တဲ့ “VaakEye”ရဲ့ ပထမဆုံးသတင်းက​တော့ ၂၀၁၈ ဒီဇင်​ဘာလမှာ ယိုကိုဟားမားက စတိုးဆိုင်​တစ်​ဆိုင်​မှာ အခိုးခံခဲ့ရတဲ့ ပြစ်​မှုဖြစ်​ပါတယ်​။
သံသယဖြစ်ခံရသူ ​အသက်​၈၀​အရွယ်​ အဘိုးအိုတစ်ဦးက စတိုးဆိုင်​က​နေ ဦးထုပ်​တစ်​လုံးခိုးယူခဲ့မှုနဲ့ ရက်​ပိုင်းအတွင်းမှာ အဖမ်းခံခဲ့ရပါတယ်။

လက်​ရှိမှာ​တော့ Vaakက သူတို့ရဲ့ Softwareကို တိုကျိုမြို့​ပေါ်ရှိ ​နေရာအ​တော်​များများက စတိုးဆိုင်​​တွေမှာ စမ်းသပ်​ခဲ့ပြီးဖြစ်​ပါတယ်​​။
ဒါ​ပေမဲ့ ​နောက်​သုံးနှစ်​အတွင်းမှာ ဂျပန်​နိုင်​ငံရှိ စတိုးဆိုင်​​ပေါင်း ၁သိန်းခန့်​မှာ တိုးပြီးတပ်​ဆင်​သွားဦးမယ်​လို့ ဆိုပါတယ်​။

Vaakတည်​​ထောင်​သူ ရိုတနာကဆိုသူက
“ကျွန်​​တော်​ထင်​တယ်​ … ​နောက်​ဆုံးမှာ​တော့ ကျွန်​​တော်​တို့က ဒီAI Softwareနဲ့ ပြစ်​မှုအ​မြောက်​အများကို မဖြစ်​ခင်​မှာ တား​ပေးနိုင်​မယ်​၊ လူမှုပတ်​ဝန်းကျင်​ကို ဒီထက်​ပိုပြီး အ​ကျိုးပြုလာနိုင်​ပါလိမ့်​မယ်​” လို့ဆိုပါတယ်​။

“VaakEye”ကို အလွန်​ရှုပ်​​ထွေးလှတဲ့ ပုံ​သေနည်း အဆင့်​ဆင့်​​ပေါ် အ​ခြေခံထားခဲ့ပါတယ်​။
လူတစ်​​ယောက်​ရဲ့ မျက်​နှာ၊ အဝတ်​အစား၊ လှုပ်​ရှားမှု၊ ကိုယ်​​နေဟန်​ထားအမျိုးစုံ၊ ဖြစ်​တတ်​​လေ့ရှိတဲ့ပြစ်​မှုကျူးလွန်​သူ​တွေရဲ့ ပြစ်​မှုကျူးလွန်​ခဲ့စဉ်​ကဖြစ်​စဉ်​၊ လက်​ရှိရာသီဥတုအ​ခြေအ​နေ​တွေအထိ မတူညီတဲ့အ​ကြောင်းတရား​ပေါင်း၁၀၀​ကျော်​​ပေါ်မှာ အချိန်​နာရီ​ပေါင်း၁သိန်း​ကျော်​ ​စမ်းသပ်​တီထွင်ထားခြင်းဖြစ်​ပါတယ်​။
ဒီ​ဆော့ဝဲလ်​ဟာ မနှစ်​က စမ်းသပ်​​နေစဉ်​အတွင်း​မှာပဲ အလစ်​သုတ်​သမား အနည်းဆုံးခုနှစ်​​ယောက်​ထက်​မနည်းကို ပြစ်​မှုမကျူးလွန်​မိခင်​ ကာကွယ်​နိုင်​ခဲ့ပြီး IT Mediaရဲ့ ​ဖော်​ပြချက်​အရ စတိုးဆိုင်​တွင်းအလစ်​သုတ်​မှု ၇၅% ​လျော့ချ​ပေးနိုင်​ခဲ့ပါတယ်။

“VaakEye”က ပြစ်​မှုမကျူးလွန်​မိခင်​ သတင်း​ပေးတာဖြစ်​တဲ့အတွက်​ ပြစ်​မှုကျူးလွန်သူကိုမှ ဖမ်းဆီးရတဲ့ ရဲ​တွေကို​တော့ အ​ထောက်​အကူသိပ်​ဖြစ်​​စေ​မှာ မဟုတ်​ဘူးဆို​ပေမဲ့ ပြစ်​မှုမဖြစ်​ခင်​မှာ ကြိုတင်​အသိ​ပေးတဲ့အတွက်​ ဆိုင်​ရှင်​​တွေအတွက်​​တော့ အလုပ်​မရှုပ်​​စေပဲ အကျိုးရှိ​စေပါတယ်​။
“VaakEye”က စမတ်​ဖုန်းကတစ်​ဆင့်​ သတင်းလှမ်း​ပေးတာနဲ့ ဆိုင်​ရှင်​ သို့မဟုတ်​ ဆိုင်​​ကောင်​တာထိုင်​သူက မသင်္ကာသူအနားသွားပြီး “ဘာများအလိုရှိပါသလဲ၊ ဘာကူညီ​ပေးရပါမလဲ”လို့ ​မေးလိုက်​ရုံနဲ့ မသင်္ကာသူက ​ရှေ့ဆက်​မလုပ်​ရဲ​တော့ပဲ ဆိုင်​ထဲက ထွက်​​သွားကြတဲ့အတွက်​ ဆိုင်​ရှင်​ရဲ့ အကျိုးစီးပွားအတွက်​ အ​ထောက်​အကူပြုတဲ့ ​ဆော့ဝဲလ်​ပဲဖြစ်​ပါတယ်။

အခုချိန်​မှာ “VaakEye”က စတိုးဆိုင်​တွင်းအလစ်​သုတ်​မဲ့သူ​တွေကိုပဲ ရှာ​ပေးနိုင်​​သေးတယ်​ဆို​ပေမဲ့ ဒီနည်းပညာကို ထပ်​မံအဆင့်​မြင့်​တင်​သွားဖို့ရှိတယ်​လို့ အသက်​၃၀အရွယ်​ရှိ Vaakတည်​​ထောင်​သူ တနာကက​ဆိုပါတယ်​။
ဈေးဝယ်​သူ​တွေ ပိုမိုအဆင်​​ပြေ​စေဖို့အပြင်​ ​နောက်​ပိုင်း​တွေမှာ အများပြည်​သူသွားလာတဲ့​နေရာ​များ၊ ရထားများ၊ စင်္ကြံလမ်းများ​ပေါ်မှာပါ ပြစ်​မှု​တေမဖြစ်​ခင်​ သတင်း​ပေးနိုင်​​အောင်​၊ ပြီး​တော့ ကိုယ့်​ကိုယ်​ကိုသတ်​​သေမှုများကိုပါ ကူညီကယ်​တင်​နိုင်​​အောင်​ ​ဆောင်​ရွက်​သွားဖို့ရှိပါတယ်​။
နည်းပညာတိုးတက်​မှု​တွေက​တော့ တကယ့်​ကို အံ့မခန်းပါပဲ။

Source – Odditycentral
#YanPoe

Written by 

Leave a Reply

Your email address will not be published. Required fields are marked *