#တခုခုတော့ဖျက်သင့်နေပီလား 😱😱😱😱ဒွန်တွဲနေအုံးမှာလား…

 

ယဉ်ကျေးလိမ္မာသင်တန်းတွေ
ဖျက်ရမလား ?
အနုပညာ ရပ်ဝန်းကို ဖျက်ရမလား ?
တခုခုတော့ ဖျက်သင့်နေပြီ

ယဉ်ကျေးလိမ္မာတွေ ဘယ်လောက်ပဲ သင်သင် ဒီလိုအနုပညာရှင်တွေ ရှိနေရင်တော့
ခလေးတွေအတွက် ရတက်မအေးစရာ ပါပဲ

အနုပညာ ဆိုတာ ယဉ်ကျေးမှု့ နူးညံ့မှု့ သူတပါးရဲ့စိတ်ကို
ငြိမ်းအေးစေမှု့ ပါ

ခေတ်ရေစီးကြောင်း နဲ့  ကိုယ်ပိုင်လွတ်လပ် မှု့ ဆိုတာ
အနုပညာမဟုတ်ပါဘူး
အနုပညာ ဆိုတာ အမြဲတမ်း
စိတ်နှလုံး ငြိမ်းအေးစေတဲ့ ပြယုတ်ပါ

အိန္ဒယ နိုင်ငံ ဘောလီးဝုတ် အနုပညာရှင်တွေဟာ ကမ္ဘာ့အဆင့်မီ ဟောလီးဝုတ်နဲ့  ယဉ်ဘောင်တန်းနိုင်ပေမဲ့ သူတို့ ရိုက်တဲ့ဇာတ်ကားတိုင်း မှာ အိန္ဒိယ နိုင်ငံရဲ့ ဝတ်စားဆင်ယဉ်မှု့ ပုံစံ အိန္ဒိယနိုင်ငံရဲ့ ရိုးရာအက စတဲ့ ပုံရိပ်တွေဟာ
ပျက်သွားတာ မတွေ့ ရ ပါဘူး
ဇာတ်ကားတိုင်း မှာ ပါပါတယ်

ဟောလိဝုဒ်မှာ ဇာတ်ကားရိုက်ဘူး တဲ့ မြန်မာအမျိုးသမီးကြီးဟာ ဇာတ်ကားတကားလုံး မြန်မာရိုးရာ ဝတ်စုံကိုသာ
ဝတ်ဆင်ပြီး မြန်မာ့ယဉ်ကျေးမှု့ကို ထိမ်းသိမ်းသွားခဲ့ပါတယ်

ဒေါ်အောင်ဆန်းစုကြည်ဟာ
ကမ္ဘာ့နဲ့ ယှဉ်တဲ့ စီးဝေးပွဲကြီးတွေမှာ အမြဲတမ်း မြန်မာဝတ်စုံကိုသာဝတ်ပြီး အစည်းအဝေးတွေ တက်ခဲ့တာပါ

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု့ ဝတ်စားဆင်ယဉ်မှု့ဟာ သူတပါးရဲ့ စိတ်ကို
ကိလေသာမဖြစ်စေပဲ အင်မတန် စွဲဆောင်မှု့ ရှိပါတယ်

မြန်မာနိုင်ငံက အနုပညာရှင်တွေဟာ မြန်မာလူငယ်ခလေးတွေရဲ့ ရှေ့ဆောင်လမ်းပြပါ

ဒီလို ဝတ်စားဆင်ယဉ်မှု့တွေနဲ့ သာ ရှေ့ဆက်နေမယ်ဆိုရင်
ခလေးတွေရဲ့ အနာဂါတ်ဟာ
ရင်လေးစရာကောင်းလှပါတယ်

ဒီကနေ့ လူမှု့ကွန်ယက်ဟာ
မြန်မာမှာရောကမ္ဘာမှာပါ လူတိုင်းနီးပါး အသုံးပြုနေကြတာပါ

မြန်မာနိုင်ငံမှာလည်း ရဟန်းသံဃာတော်တွေ နဲ့  အရွယ်မရောက်သေးတဲ့ ခလေးတွေ
အများကြီး အသုံးပြုနေကြပါတယ်

ကိုယ့်ရဲ့ဝတ်စားဆင်ယဉ်မှု့ဟာ သူတပါးစိတ်ကို ကိလေသာ ဖြစ်စေမယ် ဆိုရင်
အင်မတန်မှ အကုသိုလ်များလှပါတယ်

ဘယ်သူ့ ကိုမှ ဒုက္ခမပေးဘူး
လို့ ထင်ရပေမဲ့
ရဟန်းသံဃာတော်တွေ လူထွက်တာ လူမမယ်ခလေးတွေ အနိုင်ကျင့်စော်ကားခံရတာတွေဟာ ဒီလိုဝတ်စားဆင်ယဉ်မှု့ တွေနဲ့  အနည်းနဲ့ အများတော့ ပါတ်သတ်ပါတယ်

အနုပညာ
ကိုယ်ပိုင်လွတ်လပ်ခွင့်
ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု့

ဒီသုံးခုဟာ
အနုပညာရှင်တိုင်း
ကွဲကွဲပြားပြား
နားလည်ထားသင့်တယ်လို့ 
ထင်ပါတယ်

အနုပညာရပ်ဝန်းကို ပြင်မလား
ယဉ်ကျေးလိမ္မာ ပိတ်မလား

တခုခုတော့
ဖြစ်သင့်နေပြီ…”

အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်ဆိုပေမယ့်

အဆိုးကို ပယ်ဖို့ ၊ အကောင်းကိုဆောင် တက်အောင် မိဘတိုင်းမှာ တာဝန်အပြည့်ရှိပါတယ်နော်…

Credit to ဦးမြင့်ခိုင်
Copy အရှင်ကေသရ[မေတ္တာရေစင်]
edited,… share

Written by 

Leave a Reply

Your email address will not be published. Required fields are marked *