အိုဇေးလ်၊ လာကာဇက် ၊ အဲရစ်ဆင်၊ လူကာကူ တို့ပါဝင်လာတဲ့ အပြောင်းအရွေ့ဈေးကွက်

ဆာလတ်(လီဗာပူး)


လီဗာပူး စတား ဆာလတ်ကတော့ မန်ချက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိစ်လုပွဲမှာ ရှုံးနိမ့်ခဲရပြီးနောက်မှာတော့ အသင်းတွင်သာဆက်ရှိသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
“ ကျွန်တော်တို့ ရမှတ် ၉၇ မှတ်ထိရရှိခဲ့ပြီး တစ်ပွဲသာရှုံးနိမ့်ထားခဲ့တာပါ၊ ဒါပေမယ့် တစ်ခါတစ်လေမှာ ကံမကောင်းတတ်တာကြောင့် ဖလားရရှိနိုင်မဲ့အခွင့်အရေးကိုတော့ လက်လွှတ်ခဲ့ရပြီး ပရီးမီးယားလိစ် ဖလားအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်”။
ဖယ်ကာ(လိုင်ယွန်)


လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး ဖယ်ကာအနေနဲ့ကတော့ လီဗာပူးအသင်းကအလိုရှိနေခဲ့ပြီး ယခုရာသီ ချန်ပီယံလိစ် ဝင်ခွင့်သာမရရှိခဲ့ပါက အပြောင်းအရွေ့ဖြစ်လာနိုင်ကြောင်း လိုင်ယွန်အသင်း ဥက္ကထ မိုက်ကယ် အူလပ်ကပြောကြားခဲ့ပါတယ်။ ဖယ်ကာ ရဲ့အပြောင်းအရွေ့ဟာ ပြီးခဲ့တဲ့နှစ်တွေရာသီ အပြောင်းအရွေ့ဈေးကွက်မှာ လီဗာပူးအသင်းနဲ့ သဘောတူညီမှု ရရှိခါနီး၊ နောက်ဆုံး ၁၁ နာရီအလိုကျမှ လီဗာပူး အသင်းဘက်ကဖျက်ချခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ လီဗာပူးအသင်းအနေနဲ့ ၎င်းကစားသမားအတွက် ယခုနှစ်နွေရာသီမှာ ထပ်မံကြိုးပမ်းသွားမှာပဲဖြစ်ပါတယ်။

အိုဇေးလ်(အာဆင်နယ်)


အာဆင်နယ်အသင်းဟာ အသင်းရဲ့ နာမည်ကျော်ကစားသမား အိုဇေးလ်ကို ရောင်းချသွားဖို့ရှိနေတယ်လို့သိရပါတယ်။ နည်းပြသစ် အူနိုင်းအမ်မရီလက်ထက်မှာ ပွဲထွက်ခွင့်အမြောက်အများ ဆုံးရှုံးနေပြီး ၊ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့၊ အိုဇေးလ်ကိုတော့ အသင်းရဲ့ဘုတ်အဖွဲ့အနေနဲ့ ၊ များပြားတဲ့ လစာငွေကြောင့် ဆက်လက်ထိန်းသိမ်းထားလိုခြင်းမရှိပဲ ၊ လစာငွေလျော့ယူနိုင်မှသာ စာချုပ်အသစ်ကိစ္စအောင်မြင်လာဖွယ်ရှိနေပါတယ်။
အိုဇေးလ် အနေနဲ့ကတော့ အသင်းမှာ ဆက်လက်ကစားချင်နေတာကြောင့် သူ့နေနဲ့ ယခင်ရရှိထားတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ကို လျော့ယူသွားမှသာ စာချုပ်ကိစ္စအဆင်ပြေလာနိုင်ပါတယ်။

လာကာဇက်တီ(အာဆင်နယ်)


အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်တီကိုတော့ ဘာစီလိုနာအသင်းက အလိုရှိနေတာပဲဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းရဲ့ ကမ့်နူးကွင်းကြီးထဲမှာ လီယွန်နယ် မက်ဆီ၊ ဆွာရက် တို့နဲ့ အတူကစားရဖို့ ဆန္ဒရှိနေတယ်လို့ပြောခဲ့ဖူးပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ရော်ဘင် ဗန်ပါစီ၊ ချန်ဘာလိန်၊ ဝဲလ်ကော့၊ အာရွန်ရမ်ဆေးတို့လို နာမည်ကျော်ကစားသမားတွေ အောင်မြင်မှုရရှိရန်အတွက် ထွက်ခွာခဲ့ဖူးတာကြောင့် နောက်တစ်ကြိမ်မဖြစ်လာဖို့အတွက်တော့ ကြိုးစားရမှာပဲဖြစ်ပါတယ်။

အဲရစ်ဆင်(စပါး)


စပါးအသင်းကို ယခုနှစ် ချန်ပီယံလိစ် ဖိုင်နယ်တက်ရောက်နိုင်အောင် အဓိကထားဦးဆောင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ခရစ်စတီယန် အဲရစ်ဆင် ကိုတော့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက၊ အလိုရှိနေခဲ့တာဖြစ်ပြီး ၊ ယခုနှစ်အပြောင်းအရွေ့မှာ အရခေါ်ယူသွားမယ်လို့သိရပါတယ်။
စပါးအသင်းကတော့ အဲရစ်ဆင်အတွက် မိမိတို့ဆီ ကိုတရားဝင် ကမ်းလှမ်းချက်တွေရောက်ရှိမလာသေးကြောင်းနဲ့ ၊ အပြောင်းအရွေ့ကလည်း ကစားသမားရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ၊ မိမိတို့အနေနဲ့ကတော့ အသင်းကနေထွက်မသွားအောင် ထိန်းသိမ်းထားနိုင်မယ်လို့ပြောကြားခဲ့ပါတယ်။

ဂါရီ(အဲဗာတန်)


အဲဗာတန် အသင်းရဲ့ကွင်းလယ်ကစားသမား ဂါရီကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းက၊ အပြောင်းအရွေ့ဈေးကွက်မှာ ထွက်ခွာသွားနိုင်တဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ နေရာမှာ အစားထိုးဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ဒီရာသီ အဲဗာတန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဂါရီ ကိုတော့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှား ကအကြိုက်တွေ့နေတာဖြစ်ပြီး အရခေါ်ယူသွားမယ်လို့လည်းသိရပါတယ်။

ရိဂျိမ်း(ချယ်လ်ဆီး မှ ဝီဂန် အဌား)


လီဗာပူး အသင်းရဲ့ ဂန္ဓဝင်ကစားသမား မက်စ်လော်ရစ်ဆင်ကတော့ ၊ နည်းပြ ဂျာဂင်ကလော့ အနေနဲ့ အပြောင်းအရွေ့ဈေးကွက်မှာ မဖြစ်မနေခေါ်ယူရမဲ့ ကစားသမားတစ်ဦးကို ပြောပြခဲ့ပါတယ်။သူကတော့ ချယ်လ်ဆီးအသင်းကနေ ဝီဂန်အသင်းမှာ အဌားသွားရောက်ကစားနေတဲ့ ၊ ညာနောက်ခံလူ ရိဂျိမ်း ပဲဖြစ်ပါတယ်။

ဂွါဒီယိုလာ(မန်စီးတီး)


မန်စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာ က၊ သူ့နေနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးသော ၂၀၂၁ ခုနှစ်အထိ အသင်းမှာသာဆက်ရှိနေမှာဖြစ်ကြောင်း သူ့ရဲ့ သူငယ်ချင်းတွေကိုပြောပြခဲ့ပါတယ်။ ဂွါဒီယိုလာ အနေနဲ့ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိစ်ဖလားဆွတ်ခူးရန်၊ ရည်မှန်းချက်ထားရှိနေပြီး၊ ၎င်းရဲ့ ရည်မှန်းချက်မပြည့်မချင်း အသင်းပြောင်းရွေ့ဖို့အတွက် ဆန္ဒမရှိကြောင်းသိရပါတယ်။

မန်ချက်စတာယူနိုက်တက်


မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဆိုးရှားက အပြောင်းအရွေ့ဈေးကွက်အတွင်း ကစားသမားသစ် ၅ ဦးခန့်အလိုရှိနေကြောင်းသိရပါတယ်။နည်းပြဆိုးရှား အနေနဲ့ အသင်းကို ပြန်လည်တည်ဆောက်လိုပြီး၊ ၎င်းအလိုရှိနေတဲ့ ကစားသမားတွေကတော့…..
၁။ ဆန်ချို(ဒေါ့မွန်၊ ရှေ့တန်း)
၂။ ရိုက်(ဝက်ဟမ်း၊ကွင်းလယ်)
၃။ ကူရီဘာယီ(နာပိုလီ၊ နောက်တန်း)
၎။ ဒန်နီရယ်ဂျိမ်း(ဆွမ်ဆီး၊ တိုက်စစ်)
၅။ မက်ဂွဲရား(လက်စတာ၊ နောက်တန်း)

ကာဘယ်လီယို(ရီးရဲလ်)


ရီးရဲလ်မက်ဒရစ်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်ကစားသမား ကာဘယ်လီယို ကို အပြောင်းအရွေ့ဈေးကွက်အတွင်း ပေါင် သန်း ၂၀ ခန့်၊ နဲ့ရောင်းချသွားဖို့ရှိနေပါတယ်။ ဘက်တစ် အသင်းကနေပြောင်းရွေ့လာခဲ့ပြီးနောက် မက်လောက်စရာခြေစွမ်း မပြသနိုင်ခဲ့တာကြောင့်လည်း ၊ ရီးရဲလ်မက်ဒရစ်အသင်းက ရောင်းချချင်နေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြကြီး ပယ်လီဂရီနီကတော့ ကွင်းလယ်ကစားသမား ကာဘယ်လီယို ကိုအလိုရှိနေတာဖြစ်ပြီး၊ တရားဝင်ကမ်းလှမ်းသွားမယ်လို့လည်း သိရပါတယ်။

အိုလီဗာ ဂျီရော့(ချယ်လ်ဆီး)


ချယ်လ်ဆီး အသင်းကတော့ အသင်းရဲ့တိုက်စစ်မှူး၊ အိုလီဗာ ဂျီရော့ကို လက်ပြနှုတ်ဆက်ရဖို့ရှိနေတာပဲဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကို ပူပူနွေးနွေး ရရှိထားတဲ့ ဂျီရော့ ကတော့ ယခုနှစ် ယူရိုပါလိစ်မှာ ၁၀ ဂိုးအထိသွင်းယူထားပြီး၊ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။ နည်းပြဆာရီကတော့ တိုက်စစ်မှူး ဂျီရော့ကို စာချုပ်သက်တမ်းထပ်မံတိုးလိုပြီး၊ မိခင်မြေကိုပြန်ရဖို့အတွက် ကမ်းလှမ်းချက်တွေလည်းရှိနေတာကြောင့် ကစားသမားရဲ့ ဆုံးဖြတ်ချက်ကိုသာစောင့်ကြည့်ရမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ရိုမီရို လူကာကူ( မန်ချက်စတာယူနိုက်တက်)


မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူကတော့ ၊ အဲဗာတန်အသင်းကနေ ပြောင်းရွေ့လာပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရရှိဖို့ ရုန်းကန်နေရတာပဲဖြစ်ပါတယ်။ တိုက်စစ်မှူး လူကာကူ ကို ပြင်သစ်ချန်ပီယံ ၊PSG အသင်းက အလိုရှိနေတာဖြစ်ပြီး၊ ယူနိုက်တက်အသင်းကလည်း ရောင်းချသွားဖို့ရှိနေပါတယ်။ လူကာကူ အနေနဲ့ကတော့ အီတလီစီးရီးအေ မှာလည်းသွားရောက်ကစားလိုကြောင်း ပြောခဲ့ဖူးတာကြောင်း၊ နည်းပြကွန်တီ ပြန်လည်ကိုင်တွယ်လာမဲ့ အင်တာမီလန်အသင်းအနေနဲ့လည်း အလိုရှိနေတာဖြစ်ပါတယ်။ လူကာကူဟာ နည်းပြ ကွန်တီရဲ့ အကြိုက်ဆုံးတိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *