မန်ယူ ၃ ဦး၊ ချယ်လ်ဆီး ၂ ဦးနဲ့ အာဆင်နယ် ၂ ဦးတို့ အပြိုင်ရပ်တည်ခဲ့တဲ့ ၂၀၁၈၊၂၀၁၉ အဆိုးရွားဆုံး ပရီးမီးယားလိစ် Line-Up

၁။ ဘီဂိုဗစ်( ဂိုး၊ ဖူလ်ဟမ်)
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၊ ဘီဂိုဗစ်ကတော့ ဖူလ်ဟမ် အသင်းနဲ့အတူ ၂၄ ပွဲ၊ ပွဲထွက်ကစားခဲ့ရာမှာ အကြီးမားဆုံး အမှားကြီး ၅ ခုပြုလုပ်ခဲ့ပြီး၊ အခြားသောဂိုးသမားများထက် ဆိုးရွားလွန်းခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းအနေနဲ့ ပရီးမီးယားလိစ်ကနေတန်းဆင်းခဲ့ရပေမယ့် ဂိုးသမားကြီး ဘီဂိုဗစ် ကိုတော့ဆက်လက်နေရာပေးသွားမှာပဲဖြစ်ပါတယ်။
၂။ လက်စတိုင်နာ (ညာနောက်ခံကစားသမား ၊ အာဆင်နယ်)
အီတလီဘီလူးကြီး ဂျူဗင်တပ်အသင်းကနေအောင်မြင်မှုများစွာနဲ့ ရောက်ရှိလာခဲ့တဲ့ လက်စတိုင်နာအနေနဲ့ကတော့၊ အာဆင်နယ်အသင်းမှာနေရာရဖို့ ရုန်းကန်ခဲ့ရပြီး ၊ ပရီးမီးယားလိစ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာ၊ မလိုအပ်တဲ့အမှားတွေလုပ်ဆောင်ခဲ့ပြီး အဆိုးရွားဆုံးညာနောက်ခံ ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
၎။ မားကို့စ် အလွန်ဆို(ဘယ်နောက်ခံကစားသမား၊ ချယ်လ်ဆီး)
နည်းပြကွန်တီလက်ထက် တိုက်စစ်လိုက်ပါကစားမှုဟန်တွေနဲ့ ချယ်လ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေရရှိထားတဲ့ နောက်ခံလူ အလွန်ဆိုအနေနဲ့ကတော့၊ ယခုနှစ်ရာသီမှာ နည်းပြဆာရီရဲ့ နည်းဗျူဟာအောက်မှာ ရုန်းကန်ခဲ့ရပြီး ယခုနှစ်ရာသီ ၊ပရီးမီးယားလိစ်ရဲ့ အဆိုးရွားဆုံးကစားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
၎။ ဖီးဂျုံး(နောက်တန်း၊ မန်ချက်စတာယူနိုက်တက်)
ဖီးဂျုံးအနေနဲ့ကတော့ အသင်းမှာ ခရစ်စမောလင်းနဲ့ ဗစ်တာလင်ဒီလော့ တို့ကခြေစွမ်းပြနေခဲ့ပြီး ၊ ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ ၁၆ ပွဲမှာလည်း ဆိုးရွားတဲ့ ကစားပုံတွေကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ အပြစ်တင်မှုတွေ ခံနေရတာလည်းဖြစ်ပါတယ်။ အခုလိုမျိုး အဆိုးရွားဆုံးအသင်းမှာ ပါဝင်နေခဲ့တဲ့ ဖီးဂျုံးအနေနဲ့ကတော့ လာမဲ့ရာသီသစ်မှာ ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။
၅။ မူစတာဖီ(နောက်တန်း၊အာဆင်နယ်)
ဂျာမန်နောက်ခံလူ မူစတာဖီကတော့ ၊ ပြောင်းရွေ့ကြေးမြင်းမားစွာနဲ့ ပြောင်းရွေ့လာခဲ့ပေမယ့်လည်း၊ ဆိုးရွားတဲ့ အမှားပြုလုပ်မှုတွေကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ သဘောမကျခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။ မူစတာဖီဟာ ၊ ခရစ်စတယ်ပဲလေ့ အသင်းနဲ့ ပွဲစဉ်မှာ ဇာဟာရဲ့ တစ်ကိုယ်တော်ကျော်ဖြတ်မှုကို ခွင့်ပြုခဲ့ရအပြီးမှာတော့ အာဆင်နယ်ပရိသတ်တွေရဲ့ စိတ်ပျက်ခြင်းကို ရရှိခဲ့တာပဲဖြစ်ပါတယ်။
၆။ ဖရက်(ကွင်းလယ်၊ မန်ချက်စတာယူနိုက်တက်)
ရှက်တာဒိုးနက်အသင်းကနေ ပြောင်းရွေ့ကြေး ပေါင်၊ သန်း ၅၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဖရက်ကတော့ လောက်လောက်လားလားမရှိတဲ့ခြေစွမ်းတွေနဲ့ ဒီရာသီကိုဖြတ်သန်းခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ၊ ဖရက် ပါဝင်ခဲ့တဲ့ ပွဲစဉ် ၁၃ ပွဲမှာ ၇ ပွဲ ရှုံးနိမ့်ခဲ့ပြီး ၊ ဖရက်အနေနဲ့လည်း အဆိုးရွားဆုံးသော ခေါ်ယူမှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
၇။ အန်ဂူစီယာ(ကွင်းလယ်၊ ဖူလ်ဟမ်)
မာဆေးအသင်းကနေ ၊ ကလပ်အသင်းရဲ့ မြင့်မားတဲ့ စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ အန်ဂူစီယာ ကတော့ ခြေစွမ်းမပြသနိုင်ခဲ့ဘဲ အဆိုးရွားဆုံးကွင်းလယ် ကစားသမားစာရင်းမှာ ပါတင်ခဲပါတယ်။
၈။ ဂျော်ဂျင်ဟို (ကွင်းလယ်၊ ချယ်လ်ဆီး)
နာပိုလီ အသင်းမှာတုန်းက နည်းပြဆာရီနဲ့အတူ ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟို ကတော့ ပရီးမီးယားလိစ်မှာ ရုန်းကန်ခဲ့ရပါတယ်။ ခွန်တိုက်အားတိုက် ကစားတတ်တဲ့ ပရီးမီးယားလိစ် ရဲ့ ကစားဟန်ကြောင့်လည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နည်းပြဆာရီ ကတော့သူ့တပည့် ဂျော်ဂျင်ဟိုကို ယုံကြည်ပြီးပွဲထွက်ခွင့်တွေပေးခဲ့ပေမယ့်၊ ထင်သလောက်တော့ မဖြစ်မြောက်ခဲ့ပါဘူး။
၉။ ဒီပေါ်တီ(ရှေ့တန်း၊ ဟက်ဒါဖီး)
ဟက်ဒါဖီး အသင်းရဲ့ တိုက်စစ်မှူး ဒီပေါ်တီကတော့ ယခုရာသီရဲ့ အဆိုးရွားဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီပေါ်တေးအနေနဲ့ ပွဲထွက်ကစားတဲ့ ၂၃ ပွဲမှာ သွင်းဂိုးလုံးဝမရှိခဲ့ဘဲ ၊ ဖန်တီးမှုတစ်ကြိမ်သာရှိခဲ့တာကတော့ အလွန်ကိုဆိုးရွားခဲ့ပါတယ်။
၁၀။ ဂျဟန်ဘက်(ရှေ့တန်း၊ ဘရိုက်တန်)
အယ်ခမာ အသင်းနဲ့အတူ တစ်ရာသီအတွင်း၊ ဖန်တီးမှု ၁၂ ကြိမ်၊ သွင်းဂိုး ၂၁ ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျဟန်ဘက်ဟာ ပရီးမီးယားလိစ်မှာတော့ ရုန်းကန်ခဲ့ရပါတယ်။
ဘရိုက်တန်အသင်းနဲ့ အတူ ပွဲထွက်ကစားခဲ့တဲ့ ၁၇ ပွဲမှာ၊ သွင်းဂိုး တစ်ဂိုးမှမရရှိခဲ့ဘဲ၊ အဆိုးရွားဆုံးတိုက်စစ်မှူးစာရင်းထဲပါဝင်လာခဲပါတယ်။
၁၁။ အလက်ဆစ် ဆန်းချက်(ရှေ့တန်း၊ မန်ချက်စတာယူနိုက်တက်)
ပရီးမီးယားလိစ်ရဲ့ အဆိုးရွားဆုံးခေါ်ယူမှု အဖြစ်ဆန်းချက်ဟာ ရပ်တည်ခဲ့ပါတယ်။
ပွဲစဉ် ၁၇ ပွဲမှာ ၊ သွင်းဂိုး ၁ ဂိုး တည်းသာသွင်းယူနိုင်ခဲ့တာကြောင့် အဆိုးရွားဆုံး တိုက်စစ်မှုးစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *