ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းကို သေနတ်သမားတွေ oင်ရောက်ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုန်းတော်ကြီး အပါအoင် ၆ ဦး သေဆုံး…

 

ဘာကီနာဖာဆိုနိုင်ငံ မြောက်ပိုင်း ဒါဘလိုမြို့ က ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းမှာ Mass ၀တ်ပြုဆုတောင်းပွဲ အခမ်းအနားပြုလုပ်နေစဉ် သေနတ်သမားတွေ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါး အပါအ၀င် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အရေအတွက် ၂၀နဲ့ ၃၀ ၀န်းကျင်လောက်ရှိတဲ့ သေနတ်သမားတွေဟာ ဘုရားကျောင်းထဲ ၀င်ရောက်ကာ ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး ဘုရားကျောင်းကိုလည်း မီးရှို့ ပြာချပစ်ခဲ့တယ်လို့  ဆိုပါတယ်။ အခြား အဆောက်အအုံတွေလည်း မီးလောင်ကျွမ်းခဲ့သလို ဆေးဘက်ဆိုင်ရာဌာနတစ်ခုလည်း လုယက်ခံခဲ့ရပြီး ထိတ်လန့် တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း အခင်းဖြစ် မြို့ ဝန် အော့စ်မန်နေ ဇွန်ဂိုက ပြောဆိုခဲ့ပါတယ်။

ဘာကီနာဖာဆိုနိုင်ငံမှာ ၂၀၁၆ ခုနှစ်မှစကာ ဂျီဟတ်တွေရဲ့  အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေခဲ့ပြီး ယခုဖြစ်ရပ်ဟာ သီတင်းပတ် ၅ ပတ်အတွင်း တတိမြောက်တိုက်ခိုက်ခံရတဲ့ ခရစ်ယာန်ဘုရားကျောင်း ဖြစ်ပါတယ်။ ၀တ်ပြုဆုတောင်းခြင်း အခမ်းအနားပြုလုပ်နေတဲ့ ဒေသစံတော်ချိန် တနင်္ဂနွေနေ့  မနက် ၉ နာရီလောက်မှာ အခင်းဖြစ်ရပ် စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေနတ်သမားတွေဟာ ကက်သလစ်ဘုရားကျောင်းထဲ ၀င်ရောက်လာခဲ့ကာ ထွက်ပြေးဖို့ ကြိုးစားတဲ့ ၀တ်ပြုနေသူတွေကို စတင်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း မစ္စတာ ဇွန်ဂိုက ပြောဆိုပါတယ်။

မြို့ မှာ ထိတ်လန့် တုန်လှုပ်ဖွယ် အခြေအနေဖြစ်ခဲ့ကာ ဒေသခံတွေ အပြင်မထွက်ရဲဘဲ အိမ်ထဲမှာပဲ တံခါးပိတ်နေခဲ့ကြကြောင်း၊ ဈေးဆိုင်တွေ၊ စတိုးဆိုင်တွေလည်း ပိတ်ထားကြကြောင်းနဲ့  တစ္ဆေမြို့ တစ်မြို့ လို ဖြစ်ခဲ့ရကြောင်း မြို့ တော်ဝန်က ပြောဆိုခဲ့ပါတယ်။ အခင်းဖြစ်ခဲ့တဲ့ မြို့ တောင်ဘက်ရှိ ဘာဆာလိုဂိုမြို့ မှ တပ်ကူတွေ စေလွှတ်ပေးခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။ ဘုရားကျောင်းရှိ သက်ကြီးဝတ်ပြုသူတွေ သေဆုံးခဲ့ရကာ ဘုရားကျောင်းအနီးရှိ စစ်အခြေစိုက်တစ်ခုမှ စစ်သားတွေဟာ အခင်းဖြစ်ရပ်အပေါ် တုန့် ပြန်မှု နှေးကွေးခဲ့တဲ့အတွက် ဒေသခံတွေ ဒေါသထွက်နေတယ်လို ဒေသဆိုင်ရာ သတင်းထောက်တစ်ဦးက ပြောဆိုပါတယ်။

အနောက်အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဘာကီနာဖာဆိုမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုတွေရဲ့ လက်ချက်လို့  ပြစ်တင်စွပ်စွဲထားပါတယ်။ အိုင်အက်စ်နဲ့ အယ်ကေးဒါ အဖွဲ့ ခွဲ စစ်သွေးကြွတွေနဲ့  ဒေသတွင်းက အန်တာရူလ် အစ္စလာမ် အဖွဲ့ အစည်းတွေဟာ ယင်းဒေသမှာ တိုက်ခိုက်မှုတွေ လုပ်နေခဲ့ပါတယ်။

Credit – by
#AKonthi
source : MON

Written by 

Leave a Reply

Your email address will not be published. Required fields are marked *