အဆစ်​အမြစ်​​ နာကျင်​ကိုက်​ခဲခြင်းအတွက်​ အ​ကောင်းဆုံး သဘာဝ အိမ်​သုံး​ဆေးနည်း

အဆစ်​အမြစ်​ကိုက်​ခဲတဲ့အခါ ကျွန်​​တော်​တို့ရဲ့ ​နေ့စဉ်​လူမှုဘဝ လှုပ်​ရှားမှု​တွေကို ထိခိုက်​လာ​စေပါတယ်။
လူ၁၀၀မှာ ၈၅ဦး​လောက်​က ဒီလို​ဝေဒနာခံစားလာရတဲ့အခါ အကိုက်​အခဲ​ပျောက်​​ဆေးများ ​သောက်​သုံးခြင်း၊ ​ဆေးခန်းပြခြင်းမျိုး ပြုလုပ်​တတ်​ကြပါတယ်​။
ဒါ​ပေမဲ့ ဒီလိုနည်း​လမ်း​တွေက ​ရေရှည်​မှာ အဆင်​မ​ပြေနိုင်​သလို အကိုက်​အခဲ​ပျောက်​​ဆေး​တွေရဲ့ ​ကြောက်​စရာ​ကောင်းလှတဲ့ ​ဘေးထွက်​ဆိုးကျိုး​တွေကိုလဲ ခံစားရပါလိမ့်​မယ်​။
ဥပမာအားဖြင့်​ Tylenol​ဆေးမှာ ပမာဏအများဆုံးပါဝင်​တဲ့ Acetaminophenဟာ ကမ္ဘာတစ်​ဝှမ်းမှာ အသည်းကိုထိခိုက်​ပျက်​စီး​စေနှုန်းအမြင့်​ဆုံး ပါဝင်​ပစ္စည်းဖြစ်​သလို Aspirinဟာလည်း ​သွေးထွက်​လွန်​​စေတတ်​ပါတယ်။
Ibuprofenက​တော့ အ​တော်​​လေး ​အန္တရာယ်​ကင်းတဲ့​ဆေးဖြစ်​တယ်​ဆို​ပေမဲ့ ​သူ့မှာလည်း ​နေ့စဉ်​​မှီဝဲမိရင်​ အစာအိမ်​နဲ့ အစာ​ခြေစနစ်​ကို ထိခိုက်​​စေတဲ့ ဆိုးကျိုး​လေး ရှိနေပါ​သေးတယ်​။
ဘယ်​​လောက်​ပဲ​ကောင်းတဲ့​ဆေးဖြစ်​ပါ​စေ သဘာဝမဟုတ်​တဲ့အတွက်​ ​ဘေးထွက်​ဆိုးကျို့းကို​တော့ ကျွန်​​တော်​တို့ ခံစားကြရမှာပါပဲ။
ထိခိုက်​မှု အနည်းအများသာ ကွာပါလိမ့်​မယ်​။
စာဖတ်သူအားလုံး ​​​တတ်​နိုင်​သ​လောက်​​တော့ မလိုအပ်​​သေးပဲ ​ဆေး​တွေမှီဝဲခြင်းကို မပြုလုပ်​ကြဖို့ တိုက်​တွန်းချင်​ပါတယ်​။
ဒါ​ကြောင့်​ အဆစ်​အမြစ်​​ကိုက်​ခဲလာတဲ့အခါ အိမ်​တွင်းမှာပဲ ​သဘာဝနည်းလမ်းနဲ့ ဘေးကင်းလွယ်​ကူစွာ ကုသနိုင်​ဖို့ မျှ​ဝေလိုက်​ပါတယ်​။

သဘာဝအိမ်​သုံးနည်းဖြင့်​ အဆစ်​အမြစ်​ကိုက်​ခဲခြင်းကို ကုသနည်း
~~~~~~~
၁။ ပါဝင်​ပစ္စည်းများ
(၁) သံလွင်​ဆီ
– သံလွင်​ဆီဟာ ဟင်းသီးဟင်းရွက်​ဆီဖြစ်​ပြီး​တော့ သဘာဝက​နေရရှိတာမို့ Chemicalပါဝင်​မှုမရှိပဲ ​ဘေးကင်း​စေပါတယ်။
– Antioxidantများပြားစွာပါဝင်​တဲ့ သံလွင်​ဆီက ဆဲလ်​များ အိုမင်းရင့်​​ရော်​လာမှုကို​ ​နှေး​ကွေး​စေသလို ​​နာကျင်​​ရောင်​ရမ်းခြင်း​ဝေဒနာများကိုလည်း အစွမ်းအထက်​ဆုံး ကုသ​ပေးနိုင်​ပါတယ်​။
(၂) ပင်​လယ်​ဆား
– ပင်​လယ်​ဆားဟာ အိမ်​သုံးဆားထက်​ အာဟာရဖြစ်​​စေတဲ့ Mineralဓာတ်​​တွေ ပိုမိုပါဝင်​ပါတယ်​။
(မက်​ဂနီစီယမ်​၊ ပိုတက်​စီယမ်​၊ ကယ်​လ်​စီယမ်​၊ ဇင့်​နဲ့ ​ကော့ပါးဓာတ်​များ)
– ကျန်းမာ​ရေးအတွက်​ အ​ထောက်​အကူပြုတဲ့ Mineralဓာတ်​​တွေဟာ ပင်​လယ်​ဆားမှာ ပိုမိုပါဝင်​တဲ့အပြင်​ ပင်​လယ်​ဆားဟာ အိမ်​သုံးဆား​လောက်​ ဆိုဒီယမ်​ပါဝင်​မှု သိပ်​မရှိပါဘူး။
(ဆိုဒီယမ်​က အများအပြားစားသုံးမိရင်​ အဆစ်​အမြစ်​​ရောင်​ရမ်းခြင်းကို ဖြစ်​​စေနိုင်​ပါတယ်​)

၂။ ကုသနည်း

ကုသနည်းက အလွန်​ပဲရိုးရှင်းလွယ်​ကူလှပါတယ်​။
ရေတစ်​ဖန်​ခွက်​၊ သံလွင်​ဆီ စားပွဲတင်​ဇွန်း ၂၀ဇွန်း​၊ ပင်​လယ်​ဆား စားပွဲတင်​ဇွန်း ၁၀ဇွန်း တို့ကို ဆားများ​ပျော်​ဝင်​သွားတဲ့ထိ ​ရော​မွှေ​ပေးရုံပါပဲ။အသုံးပြုရလွယ်​ကူ​အောင်​လို့ Sprayဖျန်းလို့ရတဲ့ ဘူးမျိုး​လေးထဲမှာ ထည့်​ထားဖို့အတွက်​ အကြံ​ပေးချင်​ပါတယ်။ဒီကုသဆီကို အသုံးမပြုခင်​မှာလည်း ဘူးကို ​သေ​သေချာချာလှုပ်​ခါ​ပေးပါ။ကိုက်​ခဲတဲ့​နေရာ​ပေါ်ကို ဒီလိုရိုးရှင်းပြီးအစွမ်းထက်​တဲ့ ကုသဆီကို ဖျန်း​ပေးပြီး နှိပ်​နယ်​​ပေးခြင်းဖြင့်​ သဘာဝနည်းသုံးကာ အဆစ်​အမြစ်​နာကျင်​ကိုက်​ခဲခြင်း​ဝေဒနာ ကင်း​ဝေးနိုင်​ပါပြီ။

Source – Manukafeed
#YanPoe

Written by 

Leave a Reply

Your email address will not be published. Required fields are marked *