လီဗာပူးရဲ့ကပ်ဆိုးတစ်ခုဖြစ်တဲ့ ကွင်းလယ်ဒိုင် ဒန်မာ စကိုနီရာ ချန်ပီယံလိစ် ဖိုင်နယ်ပွဲစဉ်အတွက်ကွင်းလယ်ဒိုင်အဖြစ်ကိုင်တွယ်ရမည်

 

UEFA အနေနဲ့ ချန်ပီယံလိစ်ဖိုင်နယ်ပွဲစဉ်အတွက် ကွင်းလယ်ဒိုင်ကို ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ လီဗာပူးအသင်းအတွက် သတင်းဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။ UEFA နည်းပြအဖွဲ့ချုပ်က ဒန်မာ စကိုနီရာ ကို ဖိုင်နယ်ပွဲစဉ်အတွက် အတည်ပြုခဲ့ပြီး ၊ VAR စနစ်စတင်သုံးစွဲမဲ့ ဖိုင်နယ်ပွဲစဉ်အတွက် ပထမဆုံးသော ကွင်လယ်ဒိုင်လူကြီးတစ်ဉီးလည်း ဖြစ်လာခဲ့ပါတယ်။
လီဗာပူးအသင်းအနေနဲ့ကတော့ စကိုနီရာ ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် ၅ ပွဲ မှာ၊ ၄ ပွဲ အထိရှုံးနိမ့်ခဲ့ဖူးတဲ့ မှတ်တမ်းဆိုးတစ်ခုရှိနေတာပဲဖြစ်ပါတယ်။ စကိုနီရာ ဟာ အင်္ဂလန်အသင်းတွေနဲ့ သမိုင်းကြောင်းများစွာရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်ဂျီယံ နဲ့ ၂၀၁၆ ယူရိုပြိုင်ပွဲတွေကို ကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။


၂၀၁၇ ယူရိုပါလိစ်ဖိုင်နယ်ကိုအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အေဂျက်စ် အသင်းတို့ပွဲစဉ်မှလည်း ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၊ ၎င်းပွဲစဉ်မှာတော့ ဟိုဆေး မော်ရင်ဟို ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရရှိခဲ့ပါတယ်။ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ စကိုနီရာ အနေနဲ့ ၂၀၁၂ ခုနှစ် ချယ်လ်ဆီး အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတို့ရဲ့ ၊ Super-Cup ပွဲစဉ်မှာလည်း ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ပြီး၊ အက်သလက်တီကိုမက်ဒရစ် အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပါတယ်။
စကိုနီရာ ဟာ ပင်နယ်တီ မြောက်မြားစွာပေးတတ်ပြီး ၊ ချန်ပီယံလိစ် ကွာတားပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပီအက်ဂျီ အသင်းတို့ပွဲစဉ်မှာလည်း နောက်ဆုံးမိနစ် ပင်နယ်တီ ကြောင်းဝေဖန်ခံခဲ့ရပါသေးတယ်။
အင်္ဂလန်ကလပ်အသင်းတွေနဲ့ သမိုင်းကြောင်းများစွာရှိခဲ့ပြီး ၊ လီဗာပူး အသင်းရဲ့ကျိန်စာဆိုးအတွက်ကြောင့်လည်း ဖိုင်နယ်အဖြစ်တွေ့ရမဲ့ စပါး အသင်းနဲ့ပွဲစဉ်မှာ ဘယ်လိုတွေဖြစ်လာအုံးမလဲဆိုတာကိုလည်း လီဗာပူးအသင်းရဲ့ နည်းပြ ယာဂင်ကလော့ကတော့ စိုးရိမ်ကြောင့်ကြနေတာပဲဖြစ်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *