မန်ချက်စတာယူနိုက်တက် ဂျာစီနဲ့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုရဲ့ နာမည်

မန်ချက်စတာယူနိုက်တက်ပရိသတ် တစ်ဉီးဟာ ၊ အသင်းရဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ကာဒစ်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ၊ ယူနိုက်တက် အင်္ကျီဝတ်ဆင်ထားပေမယ့်၊ နောက်ဘက်ကကစားသမားအမည်ကတော့ လွဲနေခဲ့ပါတယ်။

ကစားသမားကတော့ မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂွဲရိုး ပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အားပေးသူတွေပါမကပဲ ၊ အသင်းတာဝန်ရှိသူတွေ ၊ ဂျာနယ်လစ်သမားတွေကပါ အံ့သြခဲ့ကြရပြီး ၊ ဝေဖန်မှုတစ်ယောက်တစ်မျိုးစီထွက်ပေါ်ခဲ့ကြပါတယ်။

အချို့ကတော့ ခါးသီးတဲ့ပြိုင်ဘက် လီဗာပူး ပရီးမီးယားလိစ်ရရှိသွားမှာကို မလိုလားပဲ မြို့ခံပြိုင်ဘက်တိုက်စစ်မှူးကို အားပေးခဲ့တာဖြစ်တယ်လို့ပြောကြပြီး ၊ အချို့ကလည်း အသင်းရဲ့တိုက်စစ်မှူးတွေရဲ့စွမ်းဆောင်ရည်ကို မနှစ်သက်တာကြောင့် ယခုလိုဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

တကယ်တမ်းမှာတော့ သူရဲ့နာမည်က လီယိုနက် အဂွဲရိုး ဖြစ်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *