မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်များ ထွက်ပေါ်လာ

၂၀၁၈၊ ၂၀၁၉ ရာသီ ပရီးမီးယားလိစ် မှာ အဆင့်ခြောက်နေရာနဲ့သာ အဆုံးသတ်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ကတော့ လာမဲ့ရာသီမှာ အောင်မြင်မှုတွေပြန်လည် ရရှိလာနိုင်ရန်အတွက် အကြိုပြင်ဆင်မှုများအဖြစ် ရာသီကြိုခြေစွမ်းပွဲများ ထွက်ပေါ်လာခဲ့ပါပြီ။


Perth Glory
ယူနိုက်တက်အသင်းဟာ ခြေစွမ်းပွဲ ပထမဆုံးပွဲစဉ်အဖြစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ သြစတြေးလျနိုင်ငံအခြေစိုက် အသင်းတစ်သင်းဖြစ်တဲ့ Perth Glory အသင်းနဲ့စတင် ကစားသွားမှာပဲဖြစ်ပါတယ်။၂၀၁၃ ခုနှစ်က ၊ နည်းပြ ဒေးဗစ်မိုရက်လက်ထက် အေလိစ် အောစတားအသင်းနဲ့ ယှဉ်ပြိုင်ပြီးနောက်ပိုင်း ၊ ပြန်လည်သွားရောက်ကစားမဲ့ ပထဆုံးသောပွဲစဉ်လည်းဖြစ်လာမှာပါ။


လိစ်ယူနိုက်တက်
ယူနိုက်တက်တို့အနေနဲ့ နောက် ၅ ရက်အကြာမှာတော့ ၊ သြစတြေးလျနိုင်ငံအတွင်းရှိ လိစ်ယူနိုက်တက်အသင်းနဲ့ ထပ်မံကစားသွားမှာပဲဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း လုံးဝတွေ့ဆုံခဲ့ခြင်းမရှိပေမယ့်၊ ယခုနှစ် FA ဖလားပွဲစဉ်မှာတော့ လိစ်ယူနိုက်တက်အသင်းက နောက်ကျဂိုးတစ်ဂိုးနဲ့အနိုင်ယူထားတာဖြစ်ပါတယ်။ ပရီးမီးယားလိစ်ကို တန်းတက်နိုင်ဖို့အတွက် အခြေအနေကောင်းတွေပိုင်ဆိုင်ထားတဲ့ လိစ်ယူနိုက်တက်အသင်းအတွက်ကတော့ အတွေ့အကြုံကောင်းတွေရရှိလာဖို့လည်း ရှိနေပါတယ်။


အင်တာမီလန်
သြစတြေးလျ ခရီးစဉ်အပြီး ၊ ဇူလိုင်လလယ်မှာတော့ ICC Cup ပွဲစဉ်အဖြစ် ၊ အင်တာမီလန်အသင်းနဲ့ ဇူလိုင်လ ၂၀ ရက်နေ့၊ စင်ကာပူနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ ဒီနှစ်သင်းအနေနဲ့ ဥရောပပွဲစဉ်တွေမှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း၊ ၁၀ စုနှစ်တစ်ခုကြာတွေ့ဆုံထားခြင်းမရှိခဲ့ပေမယ့် ၊ ၂၀၁၄ ခုနှစ် ရာသီကြိုခြေစွမ်းပွဲစဉ်မှာတော့ ပွဲချိန်အတွင်း ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပဲ၊ အချိန်ပို ပင်နယ်တီ ကန်သွင်းယူရာမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းကအနိုင်ရရှိခဲ့ပါတယ်။


တော့တင်ဟမ် ဟော့စပါး
နောက်ထပ် ICC ပွဲစဉ်အဖြစ်ကတော့ ၊ တရုတ်နိုင်ငံမှာရောက်ရှိနေမှာဖြစ်တဲ့ စပါးအသင်းနဲ့ ဇူလိုင်လ ၂၅ ရက်နေ့ ၊ ရှန်ဟိုင်းမြို့မှာ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ICC ပွဲစဉ်တွေအဖြစ်၊ လီဗာပူး၊ မန်ချက်စတာစီးတီး အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ဖူးပေမယ့်၊ စပါးအသင်းနဲ့တော့ တွေ့ဆုံဖူးခြင်းမရှိသေးပါဘူး။


အေစီမီလန်
ယူနိုက်တက်တို့အနေနဲ့ကတော့ ရာသီကြိုခြေစမ်းပွဲနောက်ဆုံးပွဲစဉ်အဖြစ် ကာဒစ်မြို့မှာ ၊ စီးရီးအေအသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းနဲ့ နောက်ထပ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သြဂုတ်လ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး၊ လာမဲ့ရာသီ ပရီးမီးယားလိစ်ပွဲစဉ်တွေဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်ယှဉ်ပြိုင်မှာဖြစ်တာကြောင့် ချစ်ကြည်ရေးပွဲစဉ်တွေရဲ့ ၊ နောက်ဆုံးပွဲဖြစ်လာနိုင်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *