Game of Throneပရိတ်သတ်တွေရဲ့ အသည်းစွဲ နဂါးမယ်မယ် Emilia Clarkeရဲ့ အကြောင်း

Emiliaရဲ့ နာမည်အပြည့်အစုံက Emilia Isabelle Euphemia Rose Clarkeပါ သူမကို Milly, Emလို့လည်း ခေါ်ကြပါတယ် အင်္ဂလိပ်လူမျိုးဖြစ်ပြီး 23 Oct,1986မှာ မွေးဖွားခဲ့လို့ အခုအချိန်မှာတော့ အသက် 32နှစ် ရှိပါပြီ သူမမှာ မောင်လေးတစ်ယောက်ရှိပါတယ်။

အရပ်အမြင့် 5ပေ 2လက်မနဲ့ ကိုယ်အလေးချိန် 128lbsရှိပြီး Sun signက Scorpioပါ။

အညိုရင့်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးလေးတွေနဲ့ ဆွဲဆောင်မှုတစ်မျိုးရှိတဲ့ သူမက ပြဇာတ်ရုံက အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာဖြစ်တဲ့ သူမရဲ့ ဖခင် ပါဝင်ခဲ့တဲ့ ပြဇာတ်တစ်ပွဲကို ကြည့်ရင်း မင်းသမီးဖြစ်ချင်ခဲ့တာပါတဲ့ အဲဒီအချိန်တုန်းက သူမက ၃နှစ်ပဲရှိသေးတာပါ။

သူမက မင်းသမီးသာမဖြစ်ခဲ့ရင် အဆိုတော် ၊ ဗိသုကာပညာရှင် ဒါမှမဟုတ် graphic designerတစ်ယောက် ဖြစ်နေမှာလို့ ပြောခဲ့ပါတယ်။

သူမကို 2015ခုနှစ်က Esquire မဂ္ဂဇင်းကနေ Sexiest Woman Aliveအဖြစ် ဖော်ပြခဲ့ပါတယ်။

2012က Ask Men Most Desirable Womenစာရင်းမှာ နံပါတ် 88မှာဖော်ပြခံခဲ့ရပြီး Independent Critics list of 100 most beautiful women listမှာလည်း Emက နံပါတ်1ပါ။

သူမအကြိုက်ဆုံးအဝတ်အစား brandတွေက Jacketဆိုရင် Chanel, Jeansဆိုရင် Levi’sပါတဲ့။

အကြိုက်ဆုံးရေမွှေးက Le Labo Santal 33ဖြစ်ပြီး Tom Ford lipstickက အကြိုက်ဆုံး နှုတ်ခမ်းနီပါ။

Bottega Venetaအိတ်နဲ့ Hedi Slimaneရဲ့ Saint Laurent bootsတွေကလည်း သူမရဲ့ အကြိုက်ဆုံးတွေပါ။

 

သူမက သီချင်းဆိုကျွမ်းကျင်ပြီး ဂစ်တာ ပလွေ စန္ဒယားစတဲ့ တူရိယာတွေကိုလည်း တီးတတ်ပါသေးတယ်။

GOTထဲမှာ Daenerys Targaryenအဖြစ်သရုပ်ဆောင်ခဲ့လို့ သူမကို Danyလို့လည်း ချစ်စနိုးခေါ်ကြပါတယ်တဲ့။

Emမှာ Roxyလို့ခေါ်တဲ့ အချစ်တော်ခွေးလေး တစ်ကောင်ရှိပါတယ်။

သူမက Horse riding, running, skiing, ice skating, tennis, sailing, rowingနဲ့ swimming စတဲ့အားကစားတွေမှာလည်း ကျွမ်းကျင်ပါတယ်။

သူမကို Fifty shades of Grey(2015)ထဲက Anastatiaနေရာအတွက် ကမ်းလှမ်းခဲ့ရပေမဲ့ သူမက ငြင်းခဲ့တာပါ(nude scenesတွေ များလို့ပါတဲ့)

Emရဲ့ ဘဝက ပန်းခင်းလမ်းလို မသာယာ မဖြောင့်ဖြူးခဲ့ပါဘူး တက္ကသိုလ်တက်ဖို့ လျှောက်ခဲ့တဲ့ Drama school 6ကျောင်းလုံးရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ် လက်မလျှော့ဘဲ ဆက်လျှောက်ထားခဲ့လို့ ကျောင်းတစ်ကျောင်းက ဆက်သွယ်လာခဲ့ပါတယ် ကျောင်းသူတစ်ယောက်က မတက်ဖြစ်တာကြောင့် လစ်လပ်တဲ့နေရာအတွက် သူမကို အစားထိုးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

သူမ တက်ချင်တဲ့ အနုပညာကျောင်းကို အချိန်ပိုင်းအလုပ်တွေ လုပ်ပြီးတက်ခဲ့ရပေမဲ့ ကျောင်းပြဇာတ်တွေမှာတောင် အရေးပါတဲ့နေရာတွေမှာ သရုပ်မဆောင်ခဲ့ရပါဘူး သူမရဲ့ ဆရာကတောင် အနုပညာအလုပ်ဆက်မလုပ်ဖို့ အကြံပေးခဲ့ပါတယ်။

Game of Throneထဲက Daenerys Targaryenနေရာအတွက် auditionဝင်ခဲ့အခါမှာလည်း ဇာတ်ကောင်နေရာက အရပ်မြင့်ရမှာဖြစ်တဲ့အတွက် ငြင်းပယ်ခံခဲ့ရပါတယ် အဲဒီနေရာမှာ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မင်းသမီး နှုတ်ထွက်သွားတဲ့အခါ သူမက ကမ်းလှမ်းခံခဲ့ရာကနေ အခု ကျွန်မတို့ အားလုံးချစ်တဲ့ နဂါးမယ်မယ်လေး ဖြစ်လာခဲ့ပြီး အဲဒီcharacterနဲ့ပဲ ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို အားပေးချင်တယ်ဆိုရင်တော့ Spike Island(2012), The Garden of last days(2014),Terminator:Genisys(2015), Me before you(2016), Above suspicion(2017), Voice from the stone(2017)နဲ့ Solo:A star wars story(2018)တို့ကို ကြည့်ရှုနိုင်ပါတယ်။

Crazy Rich Asiansထဲက မင်းသားHenry Goldingနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Last Christmasဆိုတဲ့ ဇာတ်ကားလေးကလည်း ဒီနှစ် Novemberလထဲမှာ ထွက်မှာဖြစ်ပါတယ် 1980ခုနှစ်ပိုင်းကာလတွေကနေ အခုအချိန်ထိ နာမည်ကြီးနေတဲ့ Last Christmasဆိုတဲ့ သီချင်းလေးကို အခြေခံထားတာဖြစ်ပါတယ်တဲ့။

ကျွန်မအနေနဲ့ကတော့ Last Christmasသီချင်းလေးကို အရမ်းကြိုက်သလို ပွင့်လင်းတဲ့ အပြုံးချိုချိုလေးနဲ့ Emilia Clarkeကိုလည်း ချစ်လို့ အဲဒီဇာတ်ကားလေးကို စောင့်မျှော်နေပါတယ် ပရိတ်သတ်တွေလည်း ကျွန်မနဲ့ အတူတူပဲလို့ထင်ပါတယ်။

အခုလို အချိန်ပေးပြီးဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်

#Credit

Written by 

Leave a Reply

Your email address will not be published. Required fields are marked *