ရှင်းနေတာကို ရှုပ်အောင် လုပ်တဲ့ ချန်ပီယံလိဒ် ဝင်ခွင့် နဲ့  ယူရိုပါလိဒ် ဝင်ခွင့်များ…

 

 

မကြာခဏ ပြောင်းနေတတ်လို့ စည်းမျဉ်းနဲ့ ဥပဒေ အသေးစိတ်ကို မရေးတော့ပါဘူး။ ဒီနှစ်နဲ့ ဆိုင်တဲ့အပိုင်းကိုပဲ ကွက်ပြီးရေးပါတော့မယ်။ လက်ရှိ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ သတ်မှတ်စံနှုန်းဖြစ်တဲ့ (UEFA Coefficient Ranking) အရ

၁။ အင်္ဂလန်နိုင်ငံရဲ့ ကလပ်အသင်းတွေအတွက် နောက်နှစ် ဥရောပခွဲတမ်း ၇ နေရာ ရပါတယ်။ (ချံပီယံလိဂ် ၄ နေရာ နဲ့ ယူရိုပါလိဂ် ၃ နေရာ ပါ။)

၂။ ချံပီယံလိဂ် ၄ နေရာအတွက် ပရီးမီးယားလိဂ် အဆင့် ၁ ကနေ ၄ အထိကို ဝင်ခွင့်ပေးပါတယ်။ (လက်ရှိ သတ်မှတ်ချက်အရ ၄ သင်းစလုံး အုပ်စုအဆင့်ကနေ စတင် ယှဉ်ပြိုင်ကြရမှာပါ။)

၃။ ယူရိုပါလိဂ် ၃ နေရာအတွက် အဆင့် (၅)၊ FA ချံပီယံ၊ EFL ချံပီယံ တွေကို ဝင်ခွင့်ပေးပါတယ်။ (လက်ရှိ သတ်မှတ်ချက်အရ အဆင့် (၅) နဲ့ FA ချံပီယံ က အုပ်စုအဆင့်ကနေ စတင်ယှဉ်ပြိုင်ခွင့် နဲ့ EFL ချံပီယံ က ခြေစစ်ပွဲ ဒုတိယအဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာပါ။)

ဒီအချက်ကြီး ၃ ချက်က ပုံမှန်ခွဲတမ်းအတွက်ပါ။ ဒီနေရာမှာ တကယ်တမ်း ပြောစရာမရှိတာက ချံပီယံလိဂ်ဝင်ခွင့်ပါ။ ရိုးရှင်းပြီး ပြတ်သားတဲ့ သတ်မှတ်ချက်ပါ။ နည်းနည်းရှုတ်တာက ယူရိုပါလိဂ်ဝင်ခွင့်တွေပါ။

(၁) အဆင့် ၅ (ယူရိုပါလိဂ် အုပ်စုမှစတင်ခွင့်)
အဆင့် ၅ နေရာအတွက် အာဆင်နယ် က ရပါပြီ။ (ယူရိုပါလိဂ်ဖလား ရမရကိစ္စ အသာထားဦး။)

(၂) FA ချံပီယံ (ယူရိုပါလိဂ် အုပ်စုမှစတင်ခွင့်)
FA ဖလားချံပီယံ မပေါ်သေး
(က) ဝက်ဖို့ဒ် ရရင် ဝက်ဖို့ဒ် က နောက်နှစ် ယူရိုပါလိဂ် အုပ်စုအဆင့်က စယှဉ်ပြိုင်ရမယ်။
(ခ) မန်စီးတီး ရရင် အဆင့် ၆ ကို လွှဲပေးမယ်။ အဆင့် ၆ က မန်ယူ က လက်ရှိကိုင်ထားတဲ့ ဝင်ခွင့်လက်မှတ်က EFL က လွှဲထားတဲ့ လက်မှတ်ဖြစ်လို့ အုပ်စုအဆင့်ကစခွင့် မရသေးပါဘူး။ ခြေစစ်ပွဲ ဒုတိယအဆင့်ကနေ စတင်ရမှာပါ။ မန်စီးတီး က FA ဖလားရမှသာ မန်ယူ က နောက်နှစ် အုပ်စုအဆင့်က စခွင့်ရမှာပါ။
(ဂ) မန်စီးတီး ရရင် မန်ယူ ကို လွှဲမှာဖြစ်လို့ မန်ယူ ကိုင်ထားတဲ့ EFL လက်မှတ်က ဝုဖ်ဗာဟန်တန် ကို တဆင့်လွှဲပေးမှာပါ။

(၃) EFL ချံပီယံ (ယူရိုပါလိဂ် ခြေစစ်ပွဲ ဒုတိယအဆင့်မှ စတင်ခွင့်)
ယူရိုပါလိဂ်ဝင်ခွင့်ရဲ့ တတိယမြောက် လက်မှတ်ဖြစ်ပြီး အဆင့်အနိမ့်ဆုံး လက်မှတ်ပါ။ EFL ချံပီယံဖြစ်တဲ့ မန်စီးတီး က ချံပီယံလိဂ်ဝင်ခွင့်ရပြီးသားအသင်းဖြစ်လို့ ပရီးမီးယားလိဂ်အဆင့်အတိုင်း လွှဲပေးပါတယ်။ လက်ရှိမှာ အဆင့် ၆ မန်ယူ က လက်ဝယ်ကိုင်ထားပါတယ်။ ပြောစရာရှိတာက EFL က အရင်ကန်ပေမယ့် လက်မှတ်လွှဲတဲ့နေရာမှာ FA က အရင်လွှဲရမှာပါ။ FA သာ မန်စီးတီး ပဲ ရသွားရင် မန်စီးတီး က ပေးသနားမယ့် လက်မှတ် ၂ စောင်မှာ
(က) FA ချံပီယံလက်မှတ် က အဆင့် ၆ မန်ယူ အတွက်
(ခ) EFL ချံပီယံလက်မှတ် က အဆင့် ၇ ဝုဖ်ဗာဟန်တန် အတွက် ဖြစ်လာမှာပါ။

ဒီနေရာမှာ ပြည့်စုံသွားမှာက
၁။ ဥရောပဝင်ခွင့် ၇ နေရာ။
၂။ ဒီ ၇ နေရာထဲကမှ ချံပီယံလိဂ်ဝင်ခွင့် ၄ နေရာ။

ကဲ စရှင်းရမယ့် အရှုတ်ဇာတ်တွေလာပါပြီ။ ပရီးမီးယားလိဂ်ရာသီက သိမ်းခဲ့ပြီဖြစ်လို့ All English Finals တွေ All Finals English တွေ ပြောနေစရာ မကျန်တော့ပါဘူး။ ပြောစရာဆိုလို့ ချံပီယံလိဂ်ဝင်ခွင့် အင်္ဂလန် ၅ သင်းရရေး မရရေးကိစ္စ နဲ့ အာဆင်နယ် ဘာလဲ။ ဘယ်လဲ။ ဆိုတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း ဥပဒေတွေအရ ချံပီယံလိဂ်ချံပီယံ နဲ့ ယူရိုပါလိဂ်ချံပီယံတို့အတွက် ရရှိလာမယ့် ခံစားခွင့်က အတူတူပါပဲ။
၁။ 2019-20 ချံပီယံလိဂ်ဝင်ခွင့် (အုပ်စုအဆင့်)
၂။ 2019 UEFA စူပါဖလားဝင်ခွင့်
မှတ်ချက် ။ ။ လာမယ့်ရာသီမှာ FIFA Club World Cup မရှိလို့ ဒီနှစ် ချံပီယံလိဂ်ချံပီယံ အနေနဲ့ ဒီပြိုင်ပွဲဝင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။

ဒီနေရာမှာ မေးလာကြတဲ့ မေးခွန်းတွေက
၁။ လီဗာပူးလ် ဖလားရရင်
၂။ စပါး ဖလားရရင်
၃။ ချဲလ်ဆီး ဖလားရရင်
၎။ အာဆင်နယ် ဖလားရရင်
ဘာဖြစ်လာမှာလဲ ဆိုတာပါ။

အဖြေက တစ်ခုပဲ ရှိပါတယ်။
၁။ လီဗာပူးလ်၊ စပါး၊ ချဲလ်ဆီး ဘယ်သူပဲ ဖလားရရ အင်္ဂလန်အသင်းတွေအတွက်တော့ ဒုံရင်းက ဒုံရင်းပါပဲ။ အာဆင်နယ် လည်း ချံပီယံလိဂ်ဝင်ခွင့်ရမှာ မဟုတ်သလို၊ မန်ယူ က ပိုလို့တောင် ရစရာမရှိပါ။
*** အသေချာဆုံးက ချံပီယံတွေကို ဝင်ခွင့်မရသေးရင်သာ ဝင်ခွင့်ပေးတာပါ။ ချံပီယံတွေဖြစ်သွားလို့ လိဂ်အဆင့် ၁-၄ အတွင်းဝင်နေရင် နောက်တစ်သင်းကို လွှဲပေးမှာ မဟုတ်ပါဘူး။ ချံပီယံဖြစ်သွားတဲ့ လိဂ်ကို ဝင်ခွင့် ၁ သင်းတိုးပေးတာလည်း မဟုတ်ပါဘူး။ ***
ယူရိုပါလိဂ်ဝင်ခွင့်ကတော့ အပေါ်မှာ ရှင်းခဲ့တဲ့အတိုင်းပါပဲ။
၂။ အာဆင်နယ် က ယူရိုပါလိဂ်ဖလားရရင် သူ့အတွက် ချံပီယံလိဂ်ဝင်ခွင့် (အုပ်စုအဆင့်) ကို ရရှိမှာပါ။ ဒီ့အတွက် အင်္ဂလန် ၅ သင်း ချံပီယံလိဂ်ဝင်ခွင့် ရသွားမှာဖြစ်ပေမယ့် ဥရောပဝင်ခွင့် ၇ နေရာကတော့ တိုးလာမှာမဟုတ်တဲ့အတွက် ယူရိုပါလိဂ်ဝင်ခွင့်ကတော့ ၂ သင်းပဲ ရတော့မှာပါ။

ဒါဆို နောက်နှစ်ဝင်ခွင့်တွေအတွက် ဘာတွေ ထူးခြားပြောင်းလဲသွားမလဲ ဆိုတာက
၁။ လီဗာပူးလ် နဲ့ စပါး တို့က ချံပီယံလိဂ်ဝင်ခွင့် ကိုယ်စီ ကိုင်ဆောင်ထားပြီးဖြစ်လို့ ပိုလာတဲ့ အုပ်စုအဆင့်မှ စတင်ခွင့်ကို UEFA လိဂ်အဆင့် ၁၁ ဖြစ်တဲ့ ဩစတြီးယား ဘွန်ဒက်ခ်ျလီဂါ ရဲ့ ချံပီယံ (ရတ်ဒ်ဘူးလ် ဆယ်လ်ဘတ်) ကို လွှဲအပ်ပြီး ဖြစ်ပါတယ်။
၂။ ချဲလ်ဆီး သာ ယူရိုပါလိဂ်ချံပီယံ ဖြစ်လာခဲ့လျှင် ပိုလာမယ့် အုပ်စုအဆင့်မှ စတင်ခွင့်ကို UEFA လိဂ်အဆင့် ၅ ဖြစ်တဲ့ ပြင်သစ်လီဂူး ၁ ရဲ့ အဆင့် ၃ (လက်ရှိ လိုင်ယွန် က ရပ်တည်) ကို လွှဲအပ်ပေးမှာ ဖြစ်ပါတယ်။
၃။ အာဆင်နယ် သာ ယူရိုပါလိဂ်ချံပီယံ ဖြစ်လာခဲ့လျှင်တော့ အင်္ဂလန် ရဲ့ ပဉ္စမမြောက် အသင်းလည်းဖြစ်၊ အုပ်စုအဆင့်မှ ဝင်ရောက်ခွင့်လည်းရမှာကြောင့် ပြင်သစ်လီဂူး ၁ ရဲ့ အဆင့် ၃ က အုပ်စုအဆင့်မှ စတင်ခွင့် မရတော့ပဲ ခြေစစ်ပွဲ တတိယအဆင့် ကနေ စတင်ယှဉ်ပြိုင်ရမှာပါ။

နောက်ရော ဘာတွေ ဖြစ်လာဦးမလဲ။
ချံပီယံ ၂ သင်းက နောက်နှစ် ချံပီယံလိဂ် အုပ်စုမဲခွဲမှုမှာ အိုးနံပါတ် ၁ (ဦးစားပေး နံပါတ် ၁) အသင်းထဲမှာ ဝင်ခွင့်ရမှာပါ။
လက်ရှိ အိုးနံပါတ် (၁) အတွက် ၈ သင်း က
၁။ ဘာစီလိုနာ (စပိန် လာလီဂါ ချံပီယံ)
၂။ ဂျူဗင်တပ်စ် (အီတလီ စီးရီးအေ ချံပီယံ)
၃။ မန်စီးတီး (အင်္ဂလန် ပရီးမီးယားလိဂ် ချံပီယံ)
၎။ ပီအက်စ်ဂျီ (ပြင်သစ် လီဂူး ၁ ချံပီယံ)
၅။ ဇင်းနစ် (ရုရှား ပရီးမီးယားလိဂ် ချံပီယံ)
၆။ လီဗာပူးလ် or စပါး (ချံပီယံလိဂ်ချံပီယံ)
၇။ ချဲလ်ဆီး or အာဆင်နယ် (ယူရိုပါလိဂ်ချံပီယံ)
၈။ ဘိုင်ယန် or ဒေါ့မွန် (ဂျာမနီ ဘွန်ဒက်ခ်ျလီဂါ ချံပီယံ)
ဆိုပြီး သတ်မှတ်ထားပါတယ်။

ဒါကြောင့် ဖလားတွေရတဲ့အပေါ်မှာ ဖိုင်နယ်တက် အင်္ဂလန် ၄ သင်းရဲ့ အိုးနံပါတ်တွေ ပြောင်းလဲလာမှာပါ။
၁။ လီဗာပူး (ချံပီယံ ဖြစ်လျှင် ၁၊ မဖြစ်လျှင် ၂)
၂။ ချဲလ်ဆီး (ချံပီယံ ဖြစ်လျှင် ၁၊ မဖြစ်လျှင် ၂)
၃။ စပါး (ချံပီယံ ဖြစ်လျှင် ၁၊ မဖြစ်လျှင် – ချဲလ်ဆီး ချံပီယံ ဖြစ်လျှင် ၂၊ အာဆင်နယ် ချံပီယံ ဖြစ်လျှင် ၃)
၎။ အာဆင်နယ် (ချံပီယံ ဖြစ်လျှင် ၁)

သေချာတာက နောက်နှစ် ချံပီယံလိဂ် အုပ်စုမဲခွဲမှုအတွက် အိုးနံပါတ် ၁ (ဦးစားပေး နံပါတ် ၁) မှာ အင်္ဂလန် ၃ သင်းကတော့ အပြောင်းအလဲ မရှိတော့ပါဘူး။

ရှင်းနေတာတွေကို ရှုတ်အောင်လုပ်နေကျ UEFA နဲ့ အင်္ဂလန် !!!!

ဘာတွေရှင်းပြီး ဘာတွေ ရှုတ်ပြန်ပြီလဲ ဆိုတော့…
မန်စီးတီး ရဲ့ အမှုပါ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တင်ပြချက်အရ UEFA ရဲ့ စစ်ဆေးခြင်းကို ခံနေရတဲ့ မန်စီးတီး သာ ဥရောပဝင်ခွင့် ပိတ်ပင်ခံရခဲ့လျှင် ဆိုတဲ့ကိစ္စပါ။ ဒါက ရှင်းရှင်းလေးကို လူတွေက ရှုတ်အောင် လုပ်နေကြတာပါ။

မန်စီးတီး သာ အပိတ်ခံရရင်
၁။ အင်္ဂလန် ၄ သင်းနေရာမှာ အဆင့် ၂ ကနေ ၅ ဖြစ်သွားမယ်။
၂။ လီဗာပူးလ်၊ ချဲလ်ဆီး၊ စပါး၊ အာဆင်နယ် ၄ သင်းက အော်တိုဝင်ခွင့်ရမယ်။
၃။ ချံပီယံ ၂ သင်း ဘယ်သူဖြစ်ဖြစ် အင်္ဂလန် ၅ သင်းဖြစ်လာစရာ မရှိတော့ဘူး။
၎။ ပြင်သစ် အဆင့် ၃ က အုပ်စုအဆင့်က စခွင့် သေချာသွားမယ်။
၅။ နောက်နှစ် အုပ်စုမဲခွဲမယ့် ဦးစားပေး အိုးအပြောင်းအလဲ ဖြစ်မယ်။
၆။ ယူရိုပါလိဂ် အတွက် အဆင့် ၅ နေရာဝင်ခွင့်က အဆင့် ၆ မန်ယူ ကို လွှဲမှာမလို့ မန်ယူ က ယူရိုပါလိဂ်ကို အုပ်စုအဆင့်က စရမယ်။
၇။ ဝုဖ် က ယူရိုပါလိဂ်ဝင်ခွင့်ရမယ်။
၈။ ဝက်ဖို့ဒ် က FA ဖလားရရင် ဝုဖ် က ယူရိုပါလိဂ်ကို ခြေစစ်ပွဲဒုတိယအဆင့်ကနေ စရမယ်။
၉။ မန်စီးတီး က FA ဖလားရရင် ဝုဖ် က ယူရိုပါလိဂ်ကို အုပ်စုအဆင့်က စရမယ်။
၁၀။ မန်စီးတီး က FA ဖလားရရင် အဆင့် ၈ ဖြစ်တဲ့ အဲဗာတန် က ယူရိုပါလိဂ်ဝင်ခွင့်ရပြီး ခြေစစ်ပွဲဒုတိယအဆင့်ကနေ စရမယ်။


အချုပ်ပြောရရင်
၁။ မန်စီးတီး အပိတ်ခံရရင် ကြီးကြီးမားမား အကျိုးရှိလာဖို့က အဲဗာတန် ပါပဲ။
၂။ မန်စီးတီး အပိတ်မခံရရင် အုပ်စုအဆင့်က စခွင့်ရဖို့ FA ဖလား ရစေချင်ရမှာ မန်ယူ ပါ။

-Credit;
YBC

Written by 

Leave a Reply

Your email address will not be published. Required fields are marked *