ကြီး ၆ ကြီး မဟုတ်တဲ့ Premier League အကောင်းဆုံးအသင်း

Premier League ရာသီပြီးဆုံးချိန်မှာတော့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ တစ်နှစ်တာအကောင်းဆုံးအသင်းဆိုတဲ့ ဆုတွေပေးအပ်ခဲ့ပါတယ်။ ၎င်းဆုတွေထဲမှာတော့ မပါဝင်ခဲ့ပေမယ့် အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့ကြတဲ့ ကစားသမားတွေများစွာရှိခဲ့ပါတယ်။ နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ Skysport က ထုတ်ပြန်ခဲ့တဲ့ ကစားသမား ၁၁ ဉီးစာရင်းမှာတော့ အသင်းတစ်သင်းကို ကစားသမား ၁ ဉီးသာရွေးချယ်ခဲ့ပြီး၊ Premier League ထိပ်သီး ၆ သင်းက ကစားသမားတွေမပါဝင်ခဲ့ပါဘူး။

 


၁။ ဂိုး(ဖေဘီယန်စကီး၊ ဝက်ဟမ်းစ်)
ဂိုးသမား ဖေဘီယန်စကီးကတော့ ၊ ဆွမ်ဆီးစီးတီး အသင်းကနေပြောင်းရွေ့လာခဲ့ပြီးနောက် အသင်းမှာ အထူးလက်စွမ်းပြခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားစာရင်းမှာပါ ရွေးချယ်ခံထားရပါတယ်။ ဖေဘီယန်စကီး အနေနဲ့ တစ်နှစ်တာကာလအတွင်း ပြိုင်ဘက်အသင်းရဲ့ ၊ သေချာပေါက်ဂိုးရရှိနိုင်နဲ့ ကန်ချက်များကို အဲ့အားသင့်စရာလက်စွမ်းတွေနဲ့ ကာကွယ်ပေးခဲ့ပြီး ဒီစာရင်းထဲမှာရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

၁။ ညာနောက်ခံလူ( ဝမ်ဘစ်ဆာကာ၊ ခရစ်စတယ်ပဲလေ့စ်)
ညနောက်ခံလူနေရာအတွက် အခြားကစားသမားများဖြစ်သော လက်စတာစီးတီး အသင်းမှ ရစ်ကာဒို ပါရဲရား၊ ဝုလ်စ် အသင်းမှ ဒိုဟာသီ တို့ကို ကျော်ပြီး ၊ဝမ်ဘစ်ဆာကာ ကိုရွေးချယ်ခဲ့ပါတယ်။ လူငယ်ကစားသမားလေး ဆာကာ အနေနဲ့လည်း အခြားသော Premier League ကစားသမားတွေထက် ဘောလုံးဖြတ်ထုတ်မှုပြုလုပ်နိုင်ခဲ့ပြီး အကောင်းဆုံးအသင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။


၃။ ဗဟိုခံစစ်မှူး( ရှိန်း ဒက်ဖီ၊ ဘရိုက်တန်)
Premier League မှာ ဘရိုက်တန်အသင်းအတွက် ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမယ့် ၊ နောက်ခံကစားသမား ဒက်ဖီ အတွက်ကတော့ လွယ်ကူခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ။ Premier League ရဲ့ နောက်ခံကစားသမားတွေထဲမှာ ဖြတ်တင်ဘော အများဆုံးခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့ပြီး၊ သွင်းဂိုးအနေနဲ့လည်း အခြားသော နောက်ခံလူများထပ် သာလွန်ခဲ့ပါတယ်။


၎။ ဗဟိုခံစစ်မှူး (ဖေဘီယန် ရှား၊ နယူးကာဆယ်)
ပေါင် ၃ သန်းနဲ့ ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ ဖေဘီယန် ရှားကတော့ အသင်းအတွက်များစွာ အထောက်အကူဖြစ်ခဲ့ပြီး၊ ၎င်းသာမရှိရင် ဒီအဆင့်ရပ်တည်မှုမှာ တောင်ရှိမနေခဲ့ဘူးလို့ သတ်မှတ်လို့ရခဲပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ ရှား မပါဝင်ခဲ့တဲ့ ၁၆ ပွဲမှာ ၊ နိုင်ပွဲ ၁ ပွဲသာရရှိခဲ့ပေမယ့်၊ သူပါဝင်ခဲ့တဲ့ ၂၂ ပွဲမှာတော့ ရမှတ် ၃၇ မှတ်ထိရရှိခဲ့ပြီး ၊ သူ့အနေနဲ့လည်း ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။


၅။ ဘယ်နောက်ခံကစားသမား( လူးကပ် ဒီဂနီ၊ အဲဗာတန်)
ဒီဂနီကတော့ Premier League မှာ ၊ ရောဘတ်ဆန် ပြီးရင် ဒုတိယ အကောင်းဆုံး ဘယ်အစွန်လူတစ်ဉီးဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံသား ဖြစ်တဲ့ သူကတော့ ၊ ယခုရာသီမှာ ဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးနိုင်ခဲ့ပြီး ၊ သွင်းဂိုး ၄ ဂိုး အထိသွင်းယူထားတာကြောင့် အခြားသော နောက်ခံလူတွေထပ် သာလွန်နေတာပဲဖြစ်ပါတယ်။ အဲဒီ ၄ ဂိုးစလုံး ဟာ ဂိုဧရိယာထိပ်ကနေ ကန်သွင်းနိုင်ခဲ့တာဖြစ်ပြီး၊ စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်တစ်ဉီးတည်းသာ ၎င်းအထက်မှာရှိနေတာဖြစ်ပါတယ်။


၆။ ကွင်းလယ်(အက်ရှလေ ဝတ်ဝုဖ်၊ ဘန်လေ)
အက်ရှလေ ကတော့ ဘန်လေအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားတစ်ဉီးဖြစ်ပြီး၊ Final-Third-Zone အတွင်းဖြတ်ထုတ်မှုအမျာဆုံး ပြုလုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။


၇။ ကွင်းလယ်(ကာပူးလ်၊ ဝက်ဖို့စ်)
ဝက်ဖို့စ် အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဉီးဖြစ်တဲ့ ကာပူးလ်ကတော့၊ ကွင်းလယ်နဲ့တိုက်စစ်ကို ချိတ်ဆက်ပေးရာမှာတော့ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့ပြီး၊ ဒီကိုရေးအနနဲ့ ဂိုးတွေသွင်းနိုင်ဖဖို့အတွက် များစွာအထောက်အကူဖြစ်ခဲ့ပါတယ်။ Premier League ရဲ့ ကွင်းလယ်အဖျက်ကစားသမား ထိပ်ဆုံး ၁၀ ဉီးစာရင်းမှာ ပါဝင်နေပြီး ၊ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိဖို့လည်း နီးစပ်နေပါတယ်။


၈။ ကွင်းလယ်(မော်တင်ဟို၊ ဝုလ်)
ကွင်းလယ်ကစားသမား မော်တင်ဟို ကတော့ ၊ ဝုလ် အသင်းရဲ့မရှိမဖြစ်ကစားသမား တစ်ဉီးဖြစ်ပါတယ်။ ဒီရာသီ ဝုလ် အသင်းရဲ့အောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ မော်တင်ဟို က အသင်းရဲ့ ဖြတ်တင်ဘောအများဆုံး၊ ဂိုးဖန်တီးမှုအများဆုံး ၊ ဖျတ်ထုတ်နိုင်မှုအများဆုံးနဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ဉီးဖြစ်ကြောင်းကို သက်သေပြထားနိုင်ခဲ့ပါတယ်။


၉။ ရှေ့တန်း(ရက်မွန်း၊ ဆောက်သန်တန်)
ဆောက်သန်တန် အသင်းရဲ့ နည်းပြသစ်လက်ထက်မှာ ပြန်လည်တောက်ပလာခဲ့တဲ့ သူ့အနေနဲ့ကတော့ Premier League မှာ ၆ ဂိုးသွင်းယူပေးထားနိုင်ပြီး ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားတိုင်ခဲ့ပါတယ်။ ဘောလုံးလိမ်ခေါက်မှုနေရာမှာ အဆင့် ၄ နေရာ၊ ရပ်တည်ထားနိုင်တဲ့ ရက်မွန်းကတော့ အကောင်းဆုံးအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။


၁၀။ ရှေ့တန်း(ရိုင်ယန် ဖရေဆာ၊ ဘုန်းမောက်)
ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ရိုင်ယန် ဖရေဆာဟာ၊ ဒီရာသီ သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသပေးခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား အီဒင်ဟာဇက် နောက်၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်နဲ့ အများဆုံးရပ်တည်နိုင်ခဲ့တဲ့ ဖရေဆာကတော့ ၊ အသင်းရဲ့ အကောင်းဆုံးဖန်တီးမှု ကစားသမားဆုကိုရရှိခဲ့ပါတယ်။


၁၁။ ရှေ့တန်း( ဂျေမီ ဗာဒီ၊ လက်စတာ)
လက်စတာစီးတီး တိုက်စစ်မှူး ဂျေမီ ဗာဒီကတော့၊ Premier League ရဲ့ ဂိုးသွင်းအများဆုံးကစားသမားတွေရဲ့နောက် ၁၈ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့တာကြောင့် ယခုစာရင်းထဲပါဝင်လာတာပဲဖြစ်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *