အီဒင်ဟာဇက်ရဲ့ ကျောနံပတ် ၁၀ ကို ဝတ်ဆင်ကစားခွင့်ရရင် အသင်းမှာ ဆက်ရှိနေမယ်ဆိုတဲ့ အိုဒွိုင်း

ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားလေး အိုဒွိုင်းကို ယခုနှစ်ရာသီမှာ ၊ ဥရောပအသင်းကြီးတွေက အလိုရှိနေတာပဲဖြစ်ပါတယ်။ ကစားသမားခေါ်ယူခွင့် ၂ နှစ် ပိတ်ပင်ခံထားရတဲ့ ချယ်လ်ဆီးအသင်းဟာ၊ ယခုလက်ရှိအခြေအနေမှာ တောင်ပံကစားသမား ဟာဇက် ကို လက်လွှတ်ရတော့မှာဖြစ်ပြီး၊ ခြေစွမ်းပြသနေတဲ့ အိုဒွိုင်းကတော့ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပုံမှန်နေရာရဖို့အလားအလာကောင်းတွေရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက အိုဒွိုင်းကို ဇန်နဝါရီအပြောင်းအရွေ့ကာလတည်းက လိုချင်နေခဲ့တာဖြစ်ပေမယ့်လည်း၊ ချယ်လ်ဆီးအသင်းကတော့ ပယ်ချခဲ့ပါတယ်။အသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ ကစားသမားကို ဆက်လက်ထိန်းသိမ်းထားလိုပေမယ့်လည်း ၊ ကျောနံပါတ် ၁၀ ကိုတော့ ဝတ်ဆင်ခွင့်ရမရ အာမမခံနိုင်ဘူးလို့ပြောကြားခဲ့ပါတယ်။ လာမဲ့ရာသီမှာ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ပူလီဆစ် ရောက်ရှိလာမှာဖြစ်ပြီး ၊ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားသွားဖို့ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိုဒွိုင်းဟာ Premier League ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာရရှိ ခဲ့တဲ့ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကောင်းဆုံးကစားသမားဆုကိုရရှိပြီးနောက် အိုဒွိုင်းက’ ကျွန်တော့်ရဲ့ ဒဏ်ရာက အမြန်ဆုံးကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်၊ အကောင်းဆုံးကုသမှုတွေလည်း လုပ်ဆောင်နေပါတယ်၊ ဆုရရှိခဲ့တာကတော့ အလွန်ပျော်ဖို့ကောင်းခဲ့ပြီး၊ ဒီရာသီမှာလည်း ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပါတယ်၊ ကျွန်တော့်အနေနဲ့ အချိန်တိုင်းမှာပျော်ရွှင်နေပြီး ဆက်လက်ပြီးတော့လည်း အကောင်းဆုံးတွေရရှိနေမယ်လို့’ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း ယူရိုပါလိစ် ဖိုင်နယ်ပွဲစဉ်ပြီးရင် ဆုံးဖြတ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *