လှပါတယ်ဆို့တဲံ့ မင်းသမီးတွေ အနားပေးလို့ရမဲ့ မြန်မာဂုဏ်ဆောင်ကြက်တောင် အားကစားမယ် သက်ထားသူဇာ

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ဧပြီ(၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသမီးတစ်ဦးချင်းကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာကြက်တောင်ကစားသမား သက်ထားသူဇာက ကမ္ဘာ့အဆင့်(၁၂၆)အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
သက်ထားသူဇာသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ကမ္ဘာ့အဆင့်(၁၄၁)တွင် ရှိနေခဲ့ပြီး (၁၅)ဆင့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားတစ်ဦးချင်းကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အောင်မျိုးထူးက အဆင့်(၄၃၈)၊ ဘုန်းပြည့်နိုင်က အဆင့်(၄၄၇)၊ စိုင်းဝန်းဖိတ်က အဆင့် (၆၄၇)တွင် ရပ်တည်နေကြသည်။


သက်ထားသူဇာသည်အသက် (၇) နှစ်အရွယ်မှ စတင်၍ ကြက်တောင် အားကစားအားစတင် သင်ကြားလေ့ကျင့်ခဲ့သည်။ အားကစား သက်တမ်းတစ်လျှောက်တွင် ထိုင်းနိုင်ငံ၏ဘုရင်မင်းမြတ်မှ
ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆု (၆)ဆုအားလည်း လက်ခံရရှိခဲ့ပါသည်။ အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018)
အမျိုးသမီးတဦးချင်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့ပါသည်။ ထို့အပြင် နီပေါအပြည်ပြည်ဆိုင်ရာစီးရီး (2018) တွင် ဒုတိယဆု၊ Iran International challenge (2018)
တွင်လည်း တတိယဆု များကိုလည်း အသီးသီးရရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံတွင်ကျင်းပမည့် 2020 အိုလံပစ်အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များ ရရှိနိုင်ရန်အတွက် အပြင်းအထန် ကြိုးစားလေ့ကျင့်နေပါသည်။

Badminton Asia Championships 2019 တွင် မူလက qualification rounds တွင်စရိုက်ရန်ရှိပြီး maindraw ထဲဝင်ရင် world ranking 4 ရှိ Akane YAMAGUCHI နဲ့ကစားရမှာဖြစ်ပါတယ်
။ ဒါပေမဲ့ယခု maindraw မှ ကစားသမား 3 ဦးသည် ပြိုင်ပွဲမှ နှုတ်ထွက်သွားပါ၍ ranking အရ qualification rounds တွင်ရိုက်စရာမလိုတော့ပဲ round 32 သို့တက်ရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
Round 32 တွင် world ranking 19 ရှိ Aya OHORI နှ(Japan) နှင့် ကစားရမှာဖြစ်ပါတယ်။သူမကို ကမာ္ဘချန်ပီယံ ဖြစ်ပါစေလို့ ဝိုင်းပီး ဆုတောင်းပေးလိုက်ကြရအောင်…………….
#Source- THET HTAR Thuza Fb page

Written by 

Leave a Reply

Your email address will not be published. Required fields are marked *