၁၉၉၉ ခုနှစ်များဆီသို့ပြန်လည်သယ်ဆောင်သွားမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝတ်စုံအသစ်ထွက်ပေါ်လာ

မန်ချက်စတာယူနိုက်တက်အသင်းက ၂၀၁၉/ ၂၀ ရာသီမှာ ဝတ်ဆင်ကစားမယ့် အသင်းရဲ့ အိမ်ကွင်း အင်္ကျီထွက်ပေါ်လာပြီး အသင်း၏ အောင်မြင်မှုများ သယ်ဆောင်ထားသော ၁၉၉၉ ခုနှစ်က ဝတ်ဆင်ကစားခဲ့သော အင်္ကျီနှင့် ဆင်တူနီးပါး ဖြစ်နေကြောင်း သိရှိရသည်။ လက်ရှိနည်းပြကြီး ဆိုးရှား အနေဖြင့် ၁၉၉၉ ခုနှစ် ချန်ပီယံလိစ် ဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်အသင်းဖြင့်ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အောင်မြင်မှုများ ရရှိထားခဲ့သော အင်္ကျီဒီဇိုင်းလည်း ဖြစ်ပါတယ်။

အချိန်ပို မိနစ်များတွင် သွင်းယူနိုင်ခဲ့သော ဂိုးများအား ဂုဏ်ပြုသောအားဖြင့်လည်း အကျ္လီက်မောင်း အောက်ဖက်တွင် 90+1 စာသားအား ထည့်သွင်းထားပါတယ်။ အကျ္တွီင် ဂုဏ်ပြုအမှတ်တံဆိပ်ပါဝင်သောဒီဇိုင်းအြဖစ် ရွှေရာင် ချုပ်ရိုးချောင်းများ ပါရှိသော ၁၉၉၈-၉၉ ရာသီ ဝတ်စုံအတိုင်း ထုတ်လုပ်ထားပါတယ်။

ဂိုးသမား ဝတ်စုံအေနြဖင့်လည်း ၁၉၉၉ ခုနှစ်က အောင်မြင်ခဲ့သော ဂိုးသမားကြီး ပီတာရှမိုက်ကယ် ရဲ့ ဝတ်စုံအတိုင်း ကျားသားရေကွက် အတိုင်း ပန်းရင့်ရောင် ဒီဇိုင်းဖြင့်ချုပ်လုပ်ထားပါတယ်။ဝတ်စုံအသစ်အား ပထမဆုံးအြကိမ်အြဖစ် အသင်းရဲ့နှစ်ပတ်လည် ပွဲစဉ်အြဖစ် မေလ ၂၆ ရက်နေ့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ၁၉၉၉ ခုနှစ် ချန်ပီယံအသင်းသား အားလုံးပါဝင်ကစားကြမှာဖြစ်ပါတယ်။ ပထမအသင်းအေနနဲ့ကေတာ့ ဇူလိုင်လ ၁၇ ရက်နေ့တွင်ကစားမည့် လိဒ်ယူနိုက်တက်အသင်းနှင့် ရာသီကြိုခြေစမ်းပွဲစဉ် တွင် ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအေနနဲ့ကေတာ့ ဝတ်စုံအသစ်က အသင်းရဲ့ အောင်မြင်မှုတွေကို ပြန်လည်ယူဆောင်နိုင်မယ်လို့ မျှော်လင့်နြေပီး နည်းပြ ဆိုးလ်ရှားအေနြဖင့်လည်း ယခုရာသီ အသင်းအေနြဖင့် ချန်ပီယံလိဒ် ဝင်ခွင့်နှင့် ပရီးမီးယားလိဒ်တွင် အဆင့် ၆ ဖြင့်သာ ရာသီပိတ်သိမ်းခဲ့ရြခင်းကို နောက်ရာသီတွင် အောင်မြင်မှုရရှိရန်မျှော်မှန်းထားတာ ဖြစ်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *