£170m တန် Premier League တန်းတက်အိမ်မက်အတွက်၊ ယှဉ်ပြိုင်ရမဲ့ ဒါဘီနဲ့ အက်စတွန်ဗီလာ

ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ Play-off ပွဲစဉ်မှာ အံ့အားသင့်စရာ ခြေစွမ်းကောင်းတွေနဲ့ come-back လုပ်ပြနိုင်ခဲ့တဲ့ ၊ ဖရန့်လမ်းပတ်ရဲ့ ဒါဘီကောင်တီအသင်းကတော့၊ အက်စတွန်ဗီလာအသင်းနဲ့ အင်္ဂလန်နိုင်ငံ၊ ဝင်ဘာလေကွင်းကြီးထဲမှာ၊ ယခုလ ၂၈ ရက်နေ့မှာ Premier League တန်းတက်ခွင့်အတွက် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။ ဖရန့်လမ်းပတ်ကတော့ ၊ ကစားသမားဘဝ အသင်းဟောင်းချယ်လ်ဆီးမှာ အတူလက်တွဲခဲ့တဲ့ နောက်ခံလူ ဂျွန်တယ်ရီနဲ့ ပြန်လည်တွေ့ဆုံရမဲ့ ပွဲစဉ်အတွက် မစောင့်နိုင်လောက်အောင်ဖြစ်နေပါတယ်လို့ပြောကြားခဲ့ပါတယ်။

ကိန်းဂဏန်းတွက်ချက်မှုတွေအရ၊ ဖိုင်နယ်ပွဲစဉ်မှာအနိုင်ရမဲ့ အသင်းအနေနဲ့၊ Premier League မှာ တန်းတက်ပြီးနောက်၊ ၃ ရာသီကြာဆက်လက်ကစားနိုင်ခဲ့မယ်ဆိုရင် အနည်းဆုံး £170m ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဆုကြေးတွေအနေနဲ့ Premier League မှာ ၂၀၁၉၊၂၀၂၀ ရာသီအတွက် £95m
ရရှိမှာဖြစ်ပြီး၊ နောက်ထပ် ၂ရာသီထပ်မံ ကျန်ရှိခဲ့မယ်ဆိုရင်တော့ £75m ရရှိမှာဖြစ်တဲ့အတွက် ၊ စုစုပေါင်း £170m ရရှိနိုင်မှာပဲဖြစ်ပါတယ်။


အက်စတွန်ဗီလာအသင်းကတော့ ဝက်ဘရွန်းအသင်းကို အိမ်ကွင်းမှာ ၁ ဂိုး၊ ဂိုး မရှိနဲ့အနိုင်ရခဲ့ပေမယ့်လည်း၊ အဝေးကွင်းပွဲစဉ်မှာ ပြန်လည်ရှုံးနိမ့်ခဲ့ပြီး၊ ပင်နယ်တီ အရောက်မှာတော့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဘီအသင်းကတော့ အိမ်ကွင်းမှာ ၁ ဂိုး၊ ဂိုးမရှိအနေအထားနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း၊ အသင်းရဲ့အားထုတ်နိုင်ခဲ့မှုတွေကြောင့် အဝေးကွင်းမှာ ၄ ဂိုးအထိသွင်းယူပြီး ၊ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *