ပထမဆုံး UEFA Nations League ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် အင်္ဂလန်အသင်းရဲ့ အပြီးသတ်ရွေးချယ်ထားတဲ့ ကစားသမား ၂၇ ဦး

အင်္ဂလန်အသင်းရဲ့နည်းပြ ဆောက်ဂိတ်ကတော့ နောက်လအတွင်းမှာယှဉ်ပြိုင်ကစားမဲ့ ပထမဆုံး UEFA Nations League ပွဲစဉ် အပြီးသတ်ရွေးချယ်ထားတဲ့ ကစားသမား ၂၇ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ကစားသမားစာရင်းမှာတော့ ဒဏ်ရာကြောင့်အနားယူနေရတဲ့ အသင်းရဲ့ Captain ဟာရီကိန်းလည်းပါဝင်လာခဲ့ပါတယ်။
ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ဝီဆင်နဲ့ ၊ ဝက်ဟမ်း ကွင်းလယ်ကစားသမား ရိုက် တို့ကတော့ ပုံမှန်နေရာရရှိခဲ့ကြပြီး၊ ခရစ်စတယ်ပဲလေ့ နောက်ခံလူ ဘစ်ဆာကာ ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ဆောက်သန်တန်အသင်းနဲ့အတူ ခြေစွမ်းပြကစားထားတဲ့ တောင်ပံကစားသမား ရက်မွန်းလည်းပါဝင်လာခဲ့ပြီး၊ မတ်လ နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာကြောင့်အနားယူနေရတဲ့ ဖေဘီယန်ဒက်၊ ဂျိုးဂိုးမက်စ်၊ ဂျေစီလင်ဂတ်၊ ဟယ်ရီဝင့် တို့လည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။


၂၇ ဉီးစာရင်းကို အတည်ပြုခဲ့ပြီးနောက်မှာတော့ နည်းပြဆောက်ဂိတ်အနေနဲ့ ၊ ၂၇ရက်နေ့မှာတော့ ၂၃ ဉီးစာရင်းကိုထုတ်ပြန်ကြေငြာမှာဖြစ်ပါတယ်။


ကစားသမားစာရင်း
ဂိုး။ဂျက် ဘတ်လန်း(စတုတ်)၊တွန် ဟီတန်(ဘန်လေ)၊ပစ်ဖို့(အဲဗာတန်)
နောက်တန်း။ အာနိုး(လီဗာပူး)၊ ချိဝဲလ်(လက်စတာ)၊ ဂျိုးဂိုးမက်(လီဗာပူး)၊ မိုက်ကယ်ကိန်း(အဲဗာတန်)၊ မက်ဂွဲယား(လက်စတာ)၊ ဒန်နီ ရို့လ်(စပါး)၊ ဂျွန်စတုန်း(မန်စီးတီး)၊ ထရစ်ပီယာ(စပါး)၊ ဝေါ်ကာ(မန်စီးတီး)
အလယ်တန်း။အလီ(စပါး)၊ ဘာကလေ(ချယ်လ်ဆီး)၊ ဖေဘီယန် ဒက်(မန်စီးတီး)၊ ဒိုင်ယာ(စပါး)၊ ဟန်ဒါဆန်(လီဗာပူး)၊ လင်ဂတ်(မန်ယူ)၊ ဝက်ပရို့(ဆောက်သန်တန်)၊ ဟယ်ရီဝင့်(စပါး)၊ ရိုက်(ဝက်ဟမ်း)
ရှေ့တန်း။ဟယ်ရီကိန်း(စပါး)၊ ရက်ဖို့စ်(မန်ယူ)၊ ရေမွန်(ဆောက်သန်တန်)၊ ဆန်ချို(ဒေါ့မွန်)၊ စတာလင်(မန်စီးတီး)၊ ဝီဆင်(ဘုန်းမောက်)

Written by 

Leave a Reply

Your email address will not be published. Required fields are marked *