မန္တလေးတိုင်းအတွင်း ရှိ မြို့နယ်များအတွက် နိုင်လွန်ကတ္တရာခင်းရန်အတွက် နိုင်လွန်ကတ္တရာခင်းစက်များဝယ်ယူ

မန္တလေးတိုင်းအတွက် သတင်းကောင်းပါ။
••••••••••••••••••••••••••••••••••••••••••••••••••••
မြို့နယ်မြို့ တွေမှာပါ နိုင်လွန်ကတ္တရာလမ်းတွေ စခင်းတော့မှာပါ။

နိုင်လွန်လမ်းခင်းဖို့အတွက် နိုင်လွန်ကတ္တရာ ထုတ်လုပ်တဲ့စက် Asphalt Concrete Batching Plant လိုအပ်ပါတယ်။

ဈေးကြီးလို့ မြို့နယ်တွေကို အလှည့်ကျ ပြောင်းရွှေ့လို့ရမယ့်
Mobile batching plant ကိုဝယ်ယူလိုက်တာပါ။

နိုင်လွန်လမ်းခင်းရင်လိုအပ်တဲ့ Asphalt Paver, 2 Wheel Tandem Roller နဲ့
9 Wheel Pneumatic Roller တစ်စုံပါ အဆင်သင့်ဖြစ်နေပါပြီ။

လောလောဆယ် ကျောက်ဆည်မှာ စခင်းပေးပြီးရင် မြစ်သား၊ မိတ္ထီလာနဲ့ ညောင်ဦးမြို့တွေမှာလည်း ၂၀၁၈-၁၉ ဘတ်ဂျတ်နှစ်အတွင်းခင်းတော့မှာပါ။

၂၂မြို့နယ်ဆိုတော့ နီးစပ်ရာမြို့တွေစုပြီး အလှည့်ကျ ခင်းပေးသွားမှာပါ။

Street light technology နဲ့ လမ်းမီးတိုင်တွေတည်ဆောက်တာလည်း ၀မ်းတွင်း၊ မိတ္ထီလာ၊ မြစ်သား၊ ပြင်ဦးလွင်နဲ့ ညောင်ဦးမြို့တွေမှာ ဆောင်ရွက်ပြီးပါပြီ။

ဟု မန္တလေးတိုင်းမြို့တော်ဝန် ဦးရဲလွင် ကပြောကြားခဲ့ပါသည်၊

Written by 

Leave a Reply

Your email address will not be published. Required fields are marked *