ဥရောပရွှေဖိနပ်ဆုက ဘယ်သူ့အတွက်လဲ? မက်ဆီလား၊ ဘာပေလား?

ဥရောပရာသီကုန်ဆုံးလာချိန်မှာတော့ ရွှေဖိနပ်ဆုကို ဘယ်သူရရှိမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါတယ်။ ဥရောပလိဒ်အသီးသီးက ဂိုးသွင်းအများဆုံးကစားသမားတွေအတွက် ပေးအပ်တဲ့ဆုတစ်ခုဖြစ်ပြီး လီယွန်နယ်မက်ဆီကတော့ လွန်ခဲ့တဲ့ ၂ နှစ်ဆက်တိုက် ရရှိထားတာပဲဖြစ်ပါတယ်။


ယခုနှစ် ၂၀၁၉ ရာသီမှာလည်း လီယွန်နယ်မက်ဆီအနေနဲ့ ဇယားထိပ်ဆုံးမှာဉီးဆောင်နေပြီး ဆုရရှိဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။ မက်ဆီအနေနဲ့ယခုလက်ရှိ ၃၄ ဂိုးနဲ့ဉီးဆောင်နေပြီး၊ PSG စတား ဘာပေက ၃၀ ဂိုး၊ ဆန်ဒိုးရီးယားတိုက်စစ်မှူး ကွာဂလီယာက ၂၆ ဂိုး၊ဂါလာတာစရေး တိုက်စစ်မှူး ဒီရာဂနီက ၃၀ ဂိုး နဲ့၊ ပရီးမီးယားလိဒ် တိုက်စစ်မှူးသုံးဉီးဖြစ်တဲ့ ဆာလတ်၊ အူဘာမီယန်း နဲ့ လာကာဇက်တီ တို့က ၂၂ ဂိုးစီနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။


သွင်းဂိုးအရေအတွက်ကို တွက်ချက်ရာမှာလည်း UEFA အဆင့်သတ်မှတ်ချက် ၁ မှ ၅ အတွင်းရှိလိဒ်များဖြစ်သော (စပိန်၊ အင်္ဂလန်၊အီတလီ၊ဂျာမနီ၊ပြင်သစ်)တို့အား ရမှတ်တွက်ချက်ရာတွင် ၂ နဲ့မြောက်ပြီး ယူဆတာဖြစ်ပါတယ်။အခြားသော အဆင့်သတ်မှတ်ချက် ၆ မှ ၂၂ အတွင်းအား ၁.၅ ဖြင့်မြောက်ပြီး၊ အဆင့်သတ်မှတ်ချက် ၂၂ နောက်ပိုင်းအား ၁ ဖြင့်မြောက်လဒ်ယူပြီး တွက်ချက်တာဖြစ်ပါတယ်။
မက်ဆီအတွက်ကတော့ နောက်ဆုံးပွဲစဉ်အဖြစ် အီဘာအသင်းနဲ့ပွဲစဉ်ကျန်ရှိနေသေးပြီး၊ သွင်းဂိုးဆက်လက်သွင်းယူနိုင်ဖို့လည်းရှိနေပါတယ်။ပီအက်ဂျီစတား ဘာပေအနေနဲ့ကတော့ ၊ ပြင်သစ်ဖလားပွဲစဉ်မှာရရှိခဲ့တဲ့ အနီကဒ်ပြစ်ဒဏ်ကြောင့်နစ်နာခဲ့ရပြီး၊ လက်ကျန် ၂ ပွဲမှာတော့ ဂိုးတွေဆက်သွင်းနိုင်သွားမလားဆိုတာစောင့်ကြည့်ရမှာပါ။
ယခုတစ်ကြိမ်သာရရှိခဲ့မယ်ဆိုရင် မက်ဆီအတွက် ၆ ကြိမ်မြောက်ရရှိလာမှာဖြစ်ပြီး၊ ခရစ်စတီယာနို ရော်နယ်ဒိုအနေနဲ့ကတော့ ၄ ကြိမ်သာရရှိထားခဲ့ပြီး ယခုရာသီမှာတော့ ၂၁ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *