မျက်စိစလင်ဒါကို ဘဘာဝနည်းလမ်းများဖြင့် ဘယ်လိုကုသကြမလဲ

အရာဝထ္တုတခုခုကိုကြည့်လိုက်လျှင် မိမိအမြင်အာရုံဟာ ဝေဝါးနေပြီဆိုလျှင် မျက်စိစလင်ဒါရှိနေပြီဆိုတာကို သိထားသင့်ပါတယ်၊ဆလင်ဒါရှိသူများဟာ
ကျွမ်းကျင်မျက်စိအထူးကူဆရာဝန်များရဲ့ စမ်းသပ်မှုများနှင့်ပြူလုပ်ထားသော မျက်မှန်များ တပ်ဆင်ကြရပါတယ်။သို့မဟုတ် Lasik surgery နည်းဖြင့်လည်းကုသနိူင်ပါသည်။
သို့သော်လည်း ဆလင်ဒါတိုးလာမှုကို လျှော့ချပေးနိူင်သော တခြားသောနည်းလမ်းများလည်း ရှိပါသည်။ခွဲစိတ်စရာမလိုဘဲ ထိရောက်သည့် သဘာဝနည်းလမ်းဖြင့် ကုသနိူင်ပါသည်။
အဲ့ဒီအတွက် အချိန် အနည်းငယ်ပေးဖို့တော့ လိုပါတယ်။အမှန်တကယ်ပင် အချိန်ကုန်ရကျိုး နပ်သည့် နည်းလမ်းကောင်းများဖြစ်ပါတယ်။ကုသနည်းများကို မပြောမီ မျက်စိဆလင်ဒါရဲ့ အ‌ကြောင်း
ကို အနည်းငယ် ပြောပြချင်တယ်။
မျက်စိဆလင်ဒါဟာ အဝေးမှုန် ၊အနီးမှုန် ခြင်းကဲ့သို့ မျက်စိရောဂါ အမျိုးအစားပဲ ဖြစ်ပါတယ်။ မျက်ကြည်လွှာ ပုံသဏ္ဍန် မမှန်ကန်မှု ကြောင့်ဖြစ်လာတာြဖစ်ပါတယ်။မျက်ကြည်လွှာဟာ ပုံသဏ္ဍန်
မမှန်ဘူးဆိုလျှင် မိမိမြင်နေသောအရာကို ကြည်လင်ပြတ်သားစွာ မြင်နိူင်ဖို့ခဲယဉ်းပါတယ်။ထို့အတွက် အရာဝတ္ထုများမှာ မိမိ အနီးတွင်ရှိသည်ဖြစ်စေ ၊အဝေးတွင် ရှိသည်ဖြစ်စေ ဝေဝါးတဲ့ပုံရိပ်ကို မြင်နေရမှာြဖစ်ပါတယ်။
ဒါကြောင့် သင်ဟာဆလင်ဒါပါဝါရှိနေပြီဆိုလျှင် အရာဝတ္ထုများမှာ အောက်ပါလက္ခဏာများကို သတိပြုရမှာ ဖြစ်ပါတယ်။

* အမြင်အာရုံ ဝေးဝါးလာခြင်း (သို့) ပုံရိပ်များ distort ဖြစ်လာခြင်း
* မျက်စိ အာရုံ ကျိန်းစပ်လာခြင်း
* ခေါင်းကိုက်လာခြင်း
* မျက်စိစွေစောင်းလာခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။
သို့သော် ၎င်းလက္ခဏာများမှာ မျက်စိ ဆလင်ဒါပါဝါ ရှိလာခြင်းကြောင့် ဖြစ်နိူင်သကဲ့သို့ တခြားသော အကြောင်းများ ကြောင့်လည်း ဖြစ်နိူင်သည့်အတွက် ကြိုတင်ကာကွယ်နိူင်ဖို့အတွက် မျက်စိ
ကုသဆရာဝန်များထံ ကုသသင့်ပါသည်။မျက်စိဆလင်ဒါ ဒီကရီပေါ် မူတည်ပြီး ကုသရမည့် နည်းလမ်းအမျိုးမျိုး ရှိပါသည်။ဉပမာ – လက္ခဏာ အစပျိုးသည့် အခြေအနေမျိုးဆိုရင် အချိန်တိုင်းမျက်မှန်တပ်စရာ မလိုသည့် အခြေအနေ
မျိုး ဖြစ်ပါသည်။ ဆလင်ဒါပါဝါမြင့်သည့်သူဆိုရင်တော့ အမြင်အာရုံ အခြေအနေကောင်းမွန် စေဖို့ အတွက် မျက်မှန်ပေါ်တွင်မူတည်ပြီး တပ်ဆင်ပေးဖို့ လိုအပ်ပါသည်။
မျက်မှန်များ မျက်ကပ်မှန် များဖြင့် ကုသနိုင်သကဲ့သို့ Lasik surgery ,Refractive surgery စသည့် ခွဲစိတ်နည်းလမ်းများဖြင့်လည်း ကုသနိူင်သော်လည်း
ခွဲစိတ်စရာ မလိုသည့် သဘာဝနည်းလမ်းများဖြင့်လည်း ကုသနိူင်သည့် နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

* မျက်စိလေ့ကျင့်ခန်း
အချိန်ကြာမြင့်စွာ မျက်စိ အနားမပေးပဲ ကွန်ပျူတာဖြင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်သော သူများ ၊ တီဗီ မနားတမ်း ကြည့်သောသူများ မျက်စိဆလင်ဒါ ဖြစ်နိူင်ချေ များ ပါသည်။
ဒါ့ကြောင့် အမြင်အာရုံ ကောင်းမွန် စေဖို့အတွက် မျက်စိကြွက်သားများကို လေ့ကျင့်ခန်း လုပ်ပေးရန်လိုအပ်ပါသည်။မျက်စိလေ့ကျင့်ခန်းဟာ ခွဲစိတ်စရာ မလိုသည့်
အကောငိးဆုံးသော နည်းလမ်း ဖြစ်ပါသည်။မျက်လုံးကို လည်း Relax ဖြစ်စေပြီး ‌‌ရောဂါလက္ခဏာများကိုလည်း လျော့နည်းလာစေပါသည်။တခြားသော့ လေ့ကျင့်ခန်းများကဲ့သို့ စိတ်ရှည်ပြီး အချိန်ပေး လေ့ကျင့်ပေ’ရန်
လိုအပ်ပါသည်။ ပထမဦးဆုံးသင့်လက်ချောင်း (သို့) ဘောပင်တချောင်းကို အနည်းဆုံး ၁၀ ဆင်တီမီတာ ခန့်အကွာတွင် မျက်စိဖြင့် မြင်နိူငိသေည အတိုင်းအတာ အထိ အပေါ်ဖက်ကို ဖြည်းဖြည်းချင်း အနောက်သို့ ပြန်ဆုတ်ပေး
ရပါမည်။ပြီးလျှင် ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး ၂ စက္ကန့်မျှ ခေတ္တခဏ ငြိမ်သက်စွာ ထားပေးပါ၊ပြီးလျှင် ဖြည်းဖြည်းချင်း အရင်နေရာ‌‌ရောက်သည့်အထိ ပြန်ထားပြီး ဖြည်းဖြည်းချင်းအနောက်သို့ပြန်ဆုတ်ပေးရပါမည်၊ဒုတိယအကြိမ်
တွင် လက်ချောင်းများကို အ‌‌ရှေ့ကပြောထားသည့်အတိုင်း ထပ်မံလုပ်ဆောင်ပေးရပါမည်။တကြိမ်လုပ်ဆောင်တိုင်း ၂မိနစ်ကြာသည့်အထိ လုပ်ပေး၇မှာဖြစ်ပြီး တနေ့လျှင် အနည်းဆုံး နှစ်ကြိမ်မှ ၄ကြိမ်အထိ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုအပ်ပါသည်။

နနွင်း
လူအများစုမှ, အထူးသဖြင့်ဂျပန်လူမျိုးများရဲ့ အစားအစာများတွင် အရသာပိုမိုကောင်းမွန်စေဖို့အတွက် နနွင်းကိုအသုံးပြူချက်ပြုတ် တတ်ကြပါတယ်။ နနွင်းမှုန့်မှာ ‌ရောဂါဘယများကိုတိုက်ဖျက်နိူင်စွမ်းရှိသော အစွမ်းထက်သောအပင်တမျိုးဖြစ်ပါတယ်။
ဒါ့အပြင် ဗီတာမင် အေ၊စီ၊ အီးများလည်း ပါဝင်သည့်အတွက် နနွင်းကိုအိမ်တွင်းကုထုံးများတွင် အသုံးများကြပါသည်။အင်တီအောက်စီးဒင့်ဓာတ်များမှာ မျက်လုံးရှိ သွေးကြောငယ်များကို ကာကွယ်ပေးပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ဒါ့ကြောင့် ဆလင်ဒါပါဝါ
လျော့နည်းစေဖို့အတွက် နေ့စဉ်စားသုံးသည့်အစားအစာများမှာ နနွင်းကို ထည့်သွင်းချက်ပြုတ် စားသောက်သုံးပေးသင့်ပါသည်။ဒါမှမဟုတ် နနွင်းလက်ဖက်ရည်တစ်ဇွန်းစာကို ‌ရေနွေးဖြင့် တနေ့လျျင် နှစ်ကြိမ် သောက်သုံးပေးနိူင်ပါသည်။

ဗီတာမင်စီ
ခန္ဓာကိုယ်အတွင်း လိုအပ်သော အာဟာရဓာတ်များပြည့်ဝနေလျှင် မည်သည့်ရောဂါမဆို တိုက်ဖျက်ပေးနိူင်စွမ်းရှိပါသည်။ဗီတာမင်စီကလည်း အမြင်အာရုံကောင်းမွန်စေပြီး မျက်စိဆလင်ဒါအတွက်
ကုသရာတွင် အင်တီအောက်စီးဒင့် ဓာတ်တမျိုးပဲဖြစ်ပါတယ်။ဗီတာမင် စီ ၇၅-၉၀ မိလီဂရမ်မှာ တနေ့တာအတွက် စားသုံးပေးသင့်သည့် လုံလောက်သည့်ပမာဏများဖြစ်သည်ဟု ကျွမ်းကျင် အထူးကုများနှင့် သိပ္ပံပညာရှင်များက
အကြံပြုထားပါသည်။


Green Tea
Green Tea တွင် ကျန်းမာရေးအတွက်အလွန်ကောင်းမွန်သည့်အစွမ်းများ ပါဝင်နေပါသည်။ဆလင်ဒါပါဝါ လျော့နည်းစေဖို့အတွက် Green Tea ကိုသောက်သုံးခြင်းဖြင့်ကုသနိူင်ပါသည်။၎င်းရဲ့ အကျိုးကျေးဇူးများမှာ
မျက်လုံး‌သွေးကြောနှင့် တစ်သျှူးများကျန်းမာလာစေပြီး ပုံမှန် လည်ပတ်စေပါသည်။ဒါ့ကြောင့် Green Tea ကို နေ့စဉ် လေးခွက်သောက်သုံးပေးပါက အမြင်အာရုံ ကောင်းမွန်စေပြီး ကျန်းမာရေးအတွက်လည်း များစွာ အကျိုးပြုပေးပါသည် ။


ဗီတာမင်အီး
ဗီတာမင်အီးတွင်လည်း မျက်စိအားကောင်းစေသည့် ဓာတ်သဘောများပါဝင်နေပါသည်။ထို့အတွက် အသက်အရွယ်၊ကိုယ့်အလေးချိန် နဲ့ အရပ်အမောင်းပေါ်မှာမူတည်ပြီး နေ့စဉ်စားသုံးသင့်သည့်
ဗီတာမင် အီးပမာဏကို သတ်မှတ်ထားပါသည်။ အသက် ၁၄နှစ် နှင့်အထက် ကလေးများမှာ နေ့စဉ် ၁၅ မီလီဂရမ်စားသုံးသင့်ပါသည်။နိူ့တိုက်မိခင်များမှာ ဗီတာမင်အီးကိုပိုမိုစားသုံးပေးသင့်ပါသည်။ဆေးလိပ်သောက်သူများမှာ ဗီတာမင်အီးကို
နေကြာစေ့နှင့် အခွံမာသီးများမှ အဓိကကရရှိတာဖြစ်ပါတယ်။ဒါ့အပြင် cereal ,ဟင်းနုနွယ် ၊ထောပတ်သီးများနှင့် မြေပဲများမှာလည်း ၎င်းဓာတ်ပါဝင်သည့် အစားအစာများဖြစ်ပါတယ်။ဒါ့ကြောင့် ဆလင်ဒါပါဝါကို သဘာဝနည်းလမ်းဖြင့် ကုသချင်ပါက စောင့်ဆိုင်း
မနေပဲ အခုချက်ချင်းပင် ဗီတာမင် အီးပါဝင်သည့် အစားအစာများကို စားသုံးပေးသင့်ပါတယ်။

#Interrnet

Written by 

Leave a Reply

Your email address will not be published. Required fields are marked *