အမှန်တရားဆိုတော့ နဲနဲတော့ ခါးတာပေါ့……🧐🧐🧐

အခုခေတ်မှာ

🧐🧐🧐
တက်တူးထိုးထားတဲ့သူက
အိုက်တတ်လာတယ်.
iPhone သုံးတဲ့သူတွေက
အိတ်ကပ်မရှိတော့ဘူး.
ဈေးကြီးနာရီပတ်ထားရင်
ခြေထောက်ခဏခဏဖုန်ခါတယ်.
ရွှေသွတပ်ထားရင်
စကားပြောများလာကြတယ်.။

အခုခေတ်မှာ လက်မထပ်တဲ့သူတွေက
လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.
လက်ထပ်ထားတယ့် သူတွေက
လက်မထပ်ထားသလိုပဲ ခွဲနေကြတယ်.
တိရစ္ဆာန်တွေက လူတွေလို အကျီင်္င်္ဝတ်လာတယ်.
လူတွေက တိရစ္ဆာန်တွေလို
အသားတွေပေါ်လာကြတယ်.

ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)
လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်
(နွားအို မြက်နုကြိုက်)
မိန်းကလေးက ယောက်ျားလေးလို
မိုက်ရဲလာကြတယ်.
ယောက်ျားလေးက မိန်းကလေးလို
ခြောက်လာကြတယ်
ဆင်းရဲသားက ဂုဏ်အတွက်
သူဌေးလို ဟန်ဆောင်လာကြတယ်
သူဌေးသားက အသက်အတွက်
ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်

တိတ်တိတ်ပုန်းက မယားကြီးထက်
ပိုချစ်ပြလာကြတယ်
မယားကြီးက စွန့် ပစ်ခံရမှာကြောက်လို့ 
အချိန်ပြည့် စိုးထိတ်နေကြရတယ်
သူဌေးတွေက မမြတ်ဘူးလို့ ညဉ်းပြီး
တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်

လခစားတွေက လစာထုတ်ရင်ပျော်ပြီး
လုံးပါးပါးလာကြတယ်.
တဖြည်းဖြည်း နားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့ 
သိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့ 
အချိန်က အတူတူပါပဲ

ငါးရာတန်ဆေးလိပ်နဲ့ ငါးသိန်းတန်ဆေးလိပ်
ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ
ပေသုံးဆယ်ပတ်လည်အိမ်နဲ့ 
ပေသုံးရာပတ်လည်အိမ်
အထီးကျန်ရတာခြင်းက အတူတူပဲ

ရိုးရိုးတန်းမှစီးတာနဲ့ BUSSINESS Class မှာ
စီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ
တစ်နေ့ သင်လည်း နားလည်လာလိမ့်မယ်
ငါတို့ တကယ်လိုချင်နေတဲ့အရာတွေက
တကယ်လိုအပ်နေတာလား
ဒါမှမဟုတ်
ငါတို့  မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ
တကယ်လိုအပ်ခဲ့တာလား

လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့ 
စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ
ရောင့်ရဲတင်းတိမ်မှုဆိုတာ လိုအပ်လာပါလိမ့်မယ်

သင် ဘယ်သူနဲ့ နေရတာပျော်လဲ?
ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ဘဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ
လူ့ အဖြစ်ကရခဲလှပါတယ်
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို
ချစ်တတ် မြတ်နိုးတတ်ပါစေ……

Credit_Original

Be the first to comment on "အမှန်တရားဆိုတော့ နဲနဲတော့ ခါးတာပေါ့……🧐🧐🧐"

Leave a comment

Your email address will not be published.


*