သမီးကြီးစိုးမြတ်သူဇာကို အချစ်ရဆုံးချစ်သမီးကြီးလို့​ ထုတ်​​ပြောလာတဲ့ ညီမ​လေး​ဖော်​ရဲ့ အ​မေ ​ဒေါ်စိုးကြည်​​ဖြူ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာကို ရရှိထားခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချော စိုးမြတ်သူဇာ ဟာဆိုရင် ရိုးရိုးယဉ်ယဉ်ဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မြန်မာမှု မြန်မာဟန်တွေကို ထုတ်ဖော်ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုများစွာကို သိမ်းကြုံးရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ဝတ်ဆင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ မကြီးစိုးကတော့ ယခုဆိုရင် ရုပ်ရှင်ရိုက်ကူးရာနေရာမှ အိမ်ကိုပြန်လည်ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အချစ်ရဆုံးချစ်သမီးကြီး အိမ်ပြန်ရောက်တော့မယ့်အကြောင်းကိုတော့ မကြီးစိုးရဲ့ မိခင်ကြီး ဒေါ်စိုးကြည်ဖြူက သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

မကြီးစိုး ပြန်ရောက်တော့မှာမို့ အရမ်းကိုပျော်ရွှင်နေတဲ့ မိခင်ကြီး ဒေါ်စိုးကြည်ဖြူကတော့ ” မနက်ဖြန် သမီးကြီးလေးလဲ အိမ်ပြန်ရောက်တော့မယ် ဟဲဟဲ နာ့တမီးကြီးကို မေမေက ကမ္ဘာပေါ်မှာအချစ်ဆုံး😘😘 ကျန်သုံးယောက်က သမီးနောက်မှာပါ😂😂 ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ် စာမျက်နှာပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

အားကိုးအားထားကောင်းပြီး အရမ်းလိမ္မာတဲ့ သားသမီးလေးယောက်ကို မွေးထားတဲ့ မကြီးစိုးရဲ့မိခင်ကြီး ဒေါ်စိုးကြည်ဖြူကတော့ သားသမီးလေးတွေကို ကြည့်ပြီး အရမ်းကျေနပ်ခဲ့ရကြောင်းကို ” ဘယ်လိုမွေးလိုက်မိလဲ မသိလိုက်ဘူး…..💕💕💕💕 ချစ်စရာလေးတွေနော်😬😬😬 ” ဆိုတဲ့ စာသားလေးတွေကိုပါ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

သားသမီးတွေအပေါ်မှာ အရမ်းကို ချစ်တတ်လွန်းတဲ့ မကြီးစိုးရဲ့ မိခင်ကြီး ဒေါ်စိုးကြည်ဖြူကတော့ အရမ်းကို လေးစားထိုက်တဲ့ မိခင်တစ်ဦးပါပဲနော်။ သမီးကြီး စိုးမြတ်သူဇာ ပြန်ရောက်လာတော့မှာမို့ အရမ်းကို ပျော်ရွှင်နေတဲ့ မိခင်ကြီးကတော့ ကျန်သားသမီး သုံးယောက်ကို မထိတထိ စာသားလေးနဲ့ စနောက်လိုက်တဲ့အတွက် မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာလုပ်ရှားမှုအပိုင်းမှာလည်း အရမ်းကို ထူးထူးချွန်ချွန်ရှိလွန်းလှတဲ့ မကြီးစိုးကတော့ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်ကားကြီးတွေမှာပါ ဆက်လက်ရိုက်ကူး သရုပ်ဆောင်ပေးနေဆဲ ဖြစ်တာကြောင့် ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : Soe Kyi Phyu’s Facebook

Be the first to comment on "သမီးကြီးစိုးမြတ်သူဇာကို အချစ်ရဆုံးချစ်သမီးကြီးလို့​ ထုတ်​​ပြောလာတဲ့ ညီမ​လေး​ဖော်​ရဲ့ အ​မေ ​ဒေါ်စိုးကြည်​​ဖြူ"

Leave a comment

Your email address will not be published.


*