ချမ်းသာတဲ့ကာရိုက်တာထက်ဆင်းရဲတဲ့ကာရိုက်တာလာငှားရင်ပိုဝမ်းသာတယ်လို့ပြောလာတဲ့ စိုးမိုးကြည်

တစ်ခတ်တစ်ခါတည်းကနာမည်ကြီးခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်စိုးမိုးကြည်ကတော့ အကယ်ဒမီဆုကိုလည်းရရှိပိုင်ဆိုင်ထားပြီး ရရာဇာတ်ရုပ်ကိုပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။အမေဇာတ်ရုပ်တွေမှာပါဝင်သရုပ်ဆောင်လာပြီး တက်သစ်စလူငယ်တွေကိုလက်တွဲခေါ်ပေးတတ်သူလည်းဖြစ်ပါတယ်။ ဇာတ်ကားတိုင်းနီးပါး ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ ပရိသတ်ကြိုက်အောင် သရုပ်ဆောင်နိုင်သော ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ” ကျောမှာဂဠုန်ရင်မှာနဂါး” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားတာပဲဖြစ်ပြီး တစ်ကားလုံးကပညာပေးဇာတ်ကားမို့ ပရိသတ်တွေကြည့်သင့်ကားလို့ ပြောပြခဲ့ပါတယ်။” ဇာတ်ကားတစ်ကား ရိုက်ဖို့လာငှားရင် ဆင်းရဲတဲ့အခန်းတွေဆိုရင် ဘာပဲပြောပြော တော်သေးတယ်လေ၊ဆင်းရဲတဲ့အခန်းဆိုတော့ ပျော်သွားတာပေါ့။ဆင်းရဲတယ်ဆိုတော့ အ၀တ်အစားကလည်းမ၀တ်ရဘူးမကုန်ဘူးလေ။မိတ်ကပ်ကလည်းမလိမ်းရဘူးလေ။

အရမ်းချမ်းသာတယ်ဆိုရင် ခေါင်းကနေ ခြေတော်ကအထိ အ၀တ်အစား၊လက်ဝတ်လတ်စား၊ဖိနပ်၊ပိုက်ဆံအိတ်၊အစအဆုံးဆိုတော့ တစ်ခါတစ်လေကျရင် ကိုယ့်အိတ်ထဲကတောင် ပိုက်ဆံစိုက်ရတယ်။ကားကြီးဆိုပိုဆိုးတာပေါ့၊ဗီဒီယိုဆို နည်းနည်းလေး သက်သာတာပေါ့လေ။ ငွေအမောက်ကိုတော့ ကိုယ်ကချိန်ရတာပေါ့ ဆင်းရဲသားအခန်း ပဲပြုတ်ရောင်းရမယ်၊ငါးစိမ်းသည်မတို့ ဟင်းသီးဟင်းရွတ်ရောင်းရမယ်လိုဆိုရင် အရမ်းပျော်တာပါပဲ” လို့ ဇာတ်ဝင်ခန်းတွေ နဲ့ ပတ်သက်ပြီး ငွေကြေးအခက်အခဲအကြောင်းတွေကို ပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးရော စိုးမိုးကြည်ကိုအားပေးရင်တစ်ခုခုပြောသွားပါဦးနော်။

Be the first to comment on "ချမ်းသာတဲ့ကာရိုက်တာထက်ဆင်းရဲတဲ့ကာရိုက်တာလာငှားရင်ပိုဝမ်းသာတယ်လို့ပြောလာတဲ့ စိုးမိုးကြည်"

Leave a comment

Your email address will not be published.


*